spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းလမ်းသစ်ဖောက်လုပ်မှုကြောင့် လယ်မြေများရေနစ်မြုပ်မည်ကို စိုးရိမ်

    လမ်းသစ်ဖောက်လုပ်မှုကြောင့် လယ်မြေများရေနစ်မြုပ်မည်ကို စိုးရိမ်

    -

    မင်းတော်လဝီ – မွန်ပြည်နယ် ကျိုက္မရောမြို့နယ် နိတုံရွာတွင်တည်ဆောက်မည့် ဇေကမ္ဘာကုမ္ပဏီပိုင် ဘိလပ်မြေ စက်ရုံအတွက် လမ်းသစ်ဖေါက်လုပ်ထားမှုကြောင့် လယ်မြေများရေနစ်မြုပ်ဒဏ်ခံရမည်ကို စိုးရိမ် နေကြကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

    ကျိုက်မရောမြို့နယ် နိတုံရွာအနီးရှိ ဒေဘယ်ကျောက်တောင်(photo-hv-986)
    ကျိုက်မရောမြို့နယ် နိတုံရွာအနီးရှိ ဒေဘယ်ကျောက်တောင်(photo-hv-986)
    အဆိုပါလမ်းတွင် ယခင်နှစ်က စတင်၍ ပြီးခဲ့သော မတ်လက ဖောက်လုပ်ပြီးစီးခဲ့၍ ကျိုက္မရောမြို့ ကလိုင်းကနိုင်ရွာ နိတုံရွာသွားလမ်းဆုံမှ အတ္ထရန်မြစ်ကမ်းပေါ်ရှိ နိတုံရွာ ပိုင်ထောင်ဆိပ်ကမ်းအထိ ဖေါက်လုပ်ထားခဲ့သည်။

    “ဒီလမ်းက စက်ရုံအတွက်ပဲ ကျိုက္မရောနဲ့နိတုံကို ဆက်သွယ်ထားတဲ့ ၃ မိုင်နီးပါးရှည်တယ်၊ အနိမ့်ဆုံး နေရာက ၅ ပေနဲ့ အမြင့်ဆုံးနေရာက ၁၀ ပေထိမြင့်တယ်၊ ကျောက်သယ် ပစ္စည်းသယ် စက်ရုံနဲ့ ကျိုက္မရောကိုဆက်သွယ်ပြီး လယ်မြေကိုဖြတ်ဖေါက်ထားတယ်” ဟု နိတုံရွာမှ လယ်သမား တဦးက ပြောသည်။

    ကျိုက္မရောမြို့နှင့် နိတုံရွာကြားရှိ လယ်မြေများတွင်းမှဖြတ်ဖေါက်ထားသည့်အတွက် လယ်မြေဧရိ ယာအားလုံး၏ သုံးပုံကို နှစ်ပုံကျော်က နိတုံရွာလယ်သမားများပိုင် လယ်မြေများဖြစ်၍ ရေလွှမ်း ခံရ သည့်အခါ နိတုံလယ်သမားများပိုင်လယ်မြေက ပိုခံရမည်ဟု ဆိုသည်။

    လယ်မြေများရေနစ်မြုပ်ဒဏ်မှကာကွယ်ရန် ပေသုံးဆယ်ကျော်ရေထွက်ပေါက်ကြီး ၄ ပေါက် ဖေါက် ထားပြီး မိုးတွင်းချိန် အတ္ထရန်မြစ်ရေလျှံသည့်အခါ ကျိုက္မရောမြို့ဘက်နှင့် အတ္ထရန်မြစ် ဘက်သို့ စီး ဆင်းနိုင်ရန်ပြုလုပ်ထားသည်ဟု သူကပြောသည်။

    နိတုံရွာ လယ်သမားများက ရေစီးရေလာကောင်းရန်နှင့် ရေကြီးသည့်အခါ ရေလျင်မြန်ထွက်ရန် ရေပေါက်ကြီး ၁၀ ပေါက်အထိဖေါက်ပေးရန် တောင်းဆိုခဲ့သည်ဟု ဒေသခံလယ်သမားများက ပြောသည်။

    ထို့အပြင် ကျိုက္မရောမြို့ ထုံးဖိုရပ်မှ စပ္ပါယ်ဂူဘုရားသွားလမ်းကို ယခင်အခါက လမ်းဖေါက်လုပ်ထားပြီး သော်လည်း မိုးတွင်းအခါရေကျော်၍ ယမန်နှစ်ကလမ်းကို မြေထပ်ဖို့ထားသည့် အတွက် ယခုနှစ်တွင် စပ္ပါယ်ဂူဘုရားမှ အတ္ထရန်မြစ်ဆိပ်နေရာအထိ တစ်မိုနီးပါးလမ်းကို ပြန်လည်တိုးချဲ့ဖေါက် လုပ်သဖြင့် နိတုံရွာနှင့် စပ္ပါယ်ဂူဘုရားကြားရှိ နိတုံရွာလယ်သမားပိုင် လယ်မြေများရေနစ်မြုပ်ဒဏ်ကို ထပ်မံကြုံ ရမည်ကိုလည်း စိုးရိမ်နေရသည်ဟု နိတုံရွာ ဘီလိုကွင်းမှ လယ်သမားတဦးက ပြောသည်။

    ဤကဲ့သို့ ကျိုက္မရော-နိတုံလမ်းနှင့် ကျိုက္မရော-စပ္ပါယ်ဂူ လမ်းနှစ်လမ်းတည်ရှိနေခြင်းကြောင့် မိုးအခါ လယ်မြေများ ရေစီးရေလာအတွက် တာတမံများသဖွယ်တားဆီးထားသလိုဖြစ်နေ၍ နိတုံရွာ လယ်မြေများ သာမက အတ္ထရန်မြစ်ကမ်းပေါ်ရှိ ကွမ်ငန်းရွာ၊ မယ်ကသမ်ရွာ၊ ငပြေမရွာ၊ ဦးလေးရွာ၊ ချောင်းနှစ်ခွနှင့် ဝင်းယော်ဆိပ်ကြီးရွာများ၏ လယ်မြေများလည်း ရေနစ်မြုပ်ဒဏ်ခံရမည်ဟု ဒေသခံ လယ်သမားများက ခန့်မှန်းပြောဆိုနေကြသည်။

    နိတုံရွာနှင့် မျက်နှာချင်းဆိုင် အတ္ထရန်မြစ်တဖက်ကမ်းတွင်တည်ရှိသည့် ပျားတောင်ကိုလည်း ထိုင်း နိုင်ငံမှ PACIFIC LINK CEMENT INDUSTRIES LIMITED ဘိလပ်မြေကုမ္ပဏီ အဖွဲ့ဝင်များက မေလ ၃၁ ရက်နေ့က မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအုန်းမြင့်နှင့် အစိုးရအဖွဲ့ရုံးတို့ ဧည့်ခမ်းမတွင် လာရောက် တွေ့ဆုံ၍ ပျားတောင် တောင်ပိုင်းတွင်တည်ဆောက်မည့် ဘိလပ်မြေစက်ရုံနှင့် ပတ်သက်သည့် လုပ် ငန်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    ကျိုက္မရောမြို့နယ် နိတုံရွာသည် ကျိုက္မရောမြို့နှင့်အတ္ထရန်မြစ်၏ ကမ်းတဘက်တည်းတွင်တည်ရှိပြီး ကျိုက္မရောမြို့မှ မော်တော်ကားလမ်း ၃ မိုင်ခွဲဝေးပြီး အတ္ထရန်မြစ်ကြောင်းအတိုင်း ရေလမ်း ၃မိုင် ၄ ဖါ လုံခန့်ကွာတွင် တည်ရှိသည်။ ၄င်းပြင် ကျိုက္မရောမြို့နှင့် နိတုံရွာကြားမှာ သက်ရင့်ကျောက်တောင် ကြီးနှစ်တောင်ရှိနေပြီ နိတုံရွာမှဒေသအခေါ် ဒေဘယ်ကျောက်တောင်ကို ဇေကမ္ဘာကုမ္ပဏီမှ ကျောက် ထုတ်ပြီး ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ကြိုးပမ်းနေသည့်ရွာလည်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks