spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီတွင် အရပ်သားများပါဝင်ပြီ

    သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီတွင် အရပ်သားများပါဝင်ပြီ

    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များတွင် မြို့ခံအရပ်သားများ ပါဝင်ရွေးချယ်ခံရကြောင်း ဥက္ကဌအဖြစ်ရွေးချယ်တင်မြှောက်ခံရသူ ဦးထွန်မြင့်ကျော်က ပြောသည်။

    သံဖြူဇရပ်မြို့အဝင်(Internet)
    သံဖြူဇရပ်မြို့အဝင်(Internet)
    “မြို့နယ်အထောက်အကူပြုကော်မတီက ရွေးကောက်တင်မြှောက်တဲ့သူကို ဥက္ကဌ ရာထူးပေးရမယ်၊ အခုရွေးတာ အရပ်ဘက်က ၄ ယောက်၊ ဌာနဆိုင်ရာက ၅ ယောက် စုစုပေါင်း ၉ ယောက်ရွေးချယ်ခဲ့တယ်” ဟု ဦးထွန်းမြင့်ကျော်က ပြောသည်။

    ရွေးချယ်ခံရသူများတွင် အရပ်သားများဖြစ်ကြသည့် ဥက္ကဌအဖြစ် ဦးထွန်းမြင့်ကျော် (ခ) ဦးမင်းလတ်၊ အမှုဆောင်အဖြစ် ဦးမင်းထွန်းဝင်း (အငြိမ်းစားမြို့နယ်ရဲမှူး)၊ ဦးအောင်ရွှေ (ရွှေမိသားစုကုန်မာဆိုင်)၊ ဦးအောင်သန်း (ကျိုက္ခမီမြို့)တို့ ပါဝင်ပြီး၊ အတွင်းရေးမှူးအဖြစ် စည်ပင်သာယာဦးစီးမှူး၊ အဖွဲ့ဝင်အဖြစ် ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်မာရေးမှူး၊ တိကုမွေးဦးစီးမှူးနှင့် မြေစာရင်ဌာနဦးစီးမှုတို့ ပါဝင်ကြောင်း သိရသည်။

    မြို့နယ်အထောက်အကူပြုကော်မတီ၊ နိုင်ငံရေးပါတီ၊ ကျေးရွာအုပ်စု ၄၁ အုပ်စုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မျက်နှာဖုံးများအား ဖိတ်ကြားခဲ့ရာတွင် မိမိအမည်စာရင်း တင်သွင်းလိုသူအား တစ်ပါတည်း ခေါ်ဆောင်လာရန် ဖိတ်စာတွင် ဖော်ပြထားသည်။

    ဦးထွန်းမြင့်ကျော်က “ အခုရွေးချယ်ခံရတဲ့ လူတွေကိုတော့ ပြည်နယ်ကနေအတည်ပြုပြီးမှ တရားဝင်ဖြစ်မယ်၊ လက်ရှိအချိန်မှာတော့ အတည်မပြုရသေးဘူး” ဟု ဆက်ပြောသည်။

    ရွေးချယ်မှုတွင် ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များမှ လှို့ဝှက်မဲစနစ်ဖြစ် ပဏာမ ၁၆ ဦး ရွေးချယ်ခဲ့ကြောင်း၊ ထို့နောက် သတ်မှတ်အရည်အချင်းများ ပြန်လည်စစ်ဆေးကြောင်း၊ တစ်ချို့မှာ နိုင်ငံရေးပါတီဝင်မျာဖြစ်နေကြပြီး၊ တစ်ချို့မှာ မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိကြကြောင်း၊ နောက်ဆုံး ဇကာတင် ရွေးချယ်မှုတွင် ၄ ဦးသာ ကျန်ရှိတော့ကြောင်း ဦးထွန်းမြင့်ကျော်က ဆက်ပြောသည်။

    မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦမျိုးက “အရင် မဆလ ခေတ်ကတည်းက အခုလို မဲပေးရွေးချယ်တာ မရှိခဲ့ပါဘူး၊ လျှောက်လွှာတင်ပြီး ခေါ်ယူတာမျိုးတွေပဲ ရှိခဲ့တယ်” ဟု ပြောသည်။

    ယခုကဲ့သို့ မဲပေးရွေးချယ်မှုဖြစ် ရွေးချယ်ခန့်အပ်ခြင်းသည် ကောင်းသည့် လက္ခဏာတစ်ရပ် ဖြစ်ကြောင်း ဦးမျိုးက ဆက်ပြောသည်။

    စည်ပင်သာယာရေးကော်မတီဝင်များ ရွေးချယ်ခြင်းအခမ်းအနားများကို ယခုလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အလားတူ မုဒုံမြို့တွင်လည်း စည်ပင်သာယာရောကော်မတီများ ရွေချယ်ပြီးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks