spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကချင်ပြည်နယ်မြို့တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲစတင်ကျင်းပ

    ကချင်ပြည်နယ်မြို့တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲစတင်ကျင်းပ

    -

    မင်းသုတ – မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမ၌ ယနေ့တွင် စတင်ကျင်းပသည်။

    ကချင်ပြည်နယ်မြို့တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲစတင်ကျင်းပစဉ်(Internet)
    ကချင်ပြည်နယ်မြို့တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲစတင်ကျင်းပစဉ်(Internet)
    ၃ ရက်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းကြသော ယခုဆွေးနွေးတွင် နှစ်ဖက်ငြိမ်းချမ်းရေးကိုယ်စားလှယ်များအပြင် လေ့လာသူများအဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး မစ္စတာဗီဂျေးနမ်ဘီယား၊ ရန်ကုန်မြို့တရုတ်နိုင်ငံသံရုံးမှ သံမှုး မစ္စတာလုရှီ၊ ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂေါင်းမင်ဗိုနှင့် တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

    “၅၃ နှစ်လုံးလုံး စစ်တိုက်နေတာဟာ လက်နက်အင်အားတောင့်တင်းလို့ တိုက်နေတာမဟုတ်၊ စနစ်မှားနေလို့ တိုက်နေရတာဖြစ်တယ်” ဟု ဗိုလ်ချုပ်ဂွန်မော်က ဆွေးနွေးပွဲအဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    အစိုးရကိုယ်စားလှယ်အဖွဲ့ကို သမ္မတရုံးပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ဦးဆောင်၍ စစ်ရေးခေါင်းဆောင်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ပါဝင်ပြီး KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ စစ်ရေးခေါင်းဆောင်အဖြစ် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်ခဲ့ကြသည်။

    ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ဝင် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖြစ် တွဲဖက်အတွင်းရေးမှူး(၁) နိုင်အောင်မင်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီတို့လည်း တက်ရောက်ခဲ့ကြသည်။

    ယနေ့နံနက် ၉ နာရီအချိန်၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲစတင်ခဲ့ပြီး မနက်ဖြန် မေ ၂၉ ရက်နေ့တွင် KIO ကိုယ်စားလှယ်များက ကချင်ပြည်နယ်ဒေသခံများအား တွေ့ဆုံအကြံဉာဏ်များရယူကာ ၃၀ ရက်နေ့တွင် နှစ်ဖက်ပြန်လည်တွေ့ဆုံဆွေးနွေး၍ ဆုံးဖြတ်ချက်ချမှတ်သွားမည့်အစီအစဉ်ရှိကြောင်း အခမ်းအနားတက်ရောက်သူတစ်ဦးက ပြောသည်။

    ယင်းအခမ်းအနားတက်ရောက်သူတစ်ဦးက “UN ကိုယ်စားလှယ်တွေကလည်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ဝင် ခေါင်းဆောင်များနဲ့လည်း သီးသန့်တွေ့ဆုံဖို့အစီအစဉ်ရှိတယ်” ဟု ပြောသည်။

    ယခုဖြစ်ကြီးနားဆွေးနွေးပွဲသို့ အမေရိကန်နှင့် ဗြိတိန်ကိုယ်စားများတက်ရောက်လေ့လာရန် KIO ကတောင်းဆိုခဲ့သောလည်း တရုပ်၏ကန့်ကွက်မှုကြောင့် တက်ရောက်နိုင်ခြင်းမရှိဟု သတင်းဌာနများက ရေးသားဖေါ်ပြကြသည်။

    မြန်မာအစိုးရနှင့် KIO တို့ငြိမ်းချမ်းရေးဆွေးနွေးပွဲများအနက် ယခုမြစ်ကြီးနားမြို့သည် ၈ ကြိမ်မြောက်ဖြစ်ပြီး ယခင်က ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင်၂ ကြိမ်၊ တရုတ် – မြန်မာနယ်စပ် မိုင်ဂျာယန်တွင် ၂ ကြိမ်၊ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ၃ ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။

    KIO သည် ယခင်နဝတ စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ အပစ်ရပ် သဘောတူညီမှုရရှိပြီး ဖြစ်ခဲ့သော်လည်း ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲပြီးနောက်ပိုင်းတွင် အစိုးရတပ်မတော်ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် အပစ်ရပ်ပျက်ပြယ်ပြီး ကချင်ပြည်နယ်အနှံ့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks