Homeသတင်း၂၀၁၃-၂၀၁၄ ပညာသင်နှစ် ၁၀ တန်းအောင်ချက်မြင့်မားရေးအတွက် ကျောင်းစတင်လက်ခံနေ

၂၀၁၃-၂၀၁၄ ပညာသင်နှစ် ၁၀ တန်းအောင်ချက်မြင့်မားရေးအတွက် ကျောင်းစတင်လက်ခံနေ

-

မင်းတော်လဝီ – ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ ၁၀ တန်းအောင်ချက်မြင့်မားရေးအတွက် တက်ရောက်ပညာသင်ကြား ရမည့် ကျောင်းသား/သူသစ်များကို မွန်ပြည်နယ် သံဖြူဇရပ်မြို့ အခြေခံအထက်တန်းကျောင်၌ မေလ ၁၄ ရက်နေ့တွင် ကျောင်းအပ်နှံမှုကိုစတင်လက်ခံနေပြီဟု သိရသည်။

အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သံဖြူဇရပ်မြို့
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သံဖြူဇရပ်မြို့
သံဖြူဇရပ်မြို့ အထက(၁)မှ ကျောင်းအုပ်ကြီးက “ရည်ရွယ်ချက်က ကျောင်းသားတွေ တစ်နှစ်ထက် တစ်နှစ် ၁၀ တန်းအောင်ချက် ပိုပြီကောင်းဖို့ ကျောင်းသားတွေကိုအချိန်စောပြီး လက်ခံလိုက်တာ မိဘ၊ ဆရာတွေရဲ့ ကြိုးစားမှုပဲ”ဟု ပြောသည်။

အထူးသဖြင့် ၁၀ တန်းကျောင်းများကိုသာ စတင်လက်ခံနေသော်လည်း ကျောင်းသားသစ်များ အောင်စာရင်းထွက်ပြီးနောက် ကျောင်းသားဟောင်းများကိုပါ လက်ခံရက်ကုန်ဆုံးချိန်ထိ ဆက် လက်လက်ခံသွားမည်ဟု ကျောင်းအုပ်ကြီးက ပြောသည်။

“လောလောဆယ်မှာ ၁၀ တန်းတက်ရောက်သင်မည့် ကျောင်းသားတွေကို ကြိုတင်ကျောင်း လက်ခံရက်စောလိုက်ရင်ကြိုတင်ပြင်ဆင်ချိန်ပိုရလိုက်တယ်၊ နောက်ပြီးတော့ ကျောင်းတက်လိုတဲ့ ကျောင်းသားတွေအတွက် စာကိုစောစောသင်ခွင့်ရလို့၊ လက်ဦးမှုရလိုက်လို့ ပိုအကျိုးများတယ်”ဟု ၎င်းက ပြောသည်။

ကျောင်းသားများ ၁၀ တန်းအောင်ချက်မြင့်မားရေးသည် ကြိုတင်ပြင်ဆင်မှုက အရေးကြီးပြီး ကျောင်း အပ်နှံသည်မှစ၍ နှစ်ဆုံးတိုင်စနစ်တကျသင်ကြားရေး၊ စနစ်တကျသင်ယူရေးနှင့် စည်းစနစ်ကျနမှုက အရေးကြီး လိုက်နာရမည့်အချက်ဖြစ်သည်။

၁၀ တန်းကျောင်းသားများကို မေလ ၁၄ ရက်နေ့မှာ ကျောင်းတက်နိုင်ရန် ကျောင်းအပ်နှံနေကြသလို ကျန်အတန်းများကို မေလ ၂၇ ရက်မှစ၍ သံဖြ။ူဇရပ်မြို့နယ်ရှိ ကျောင်းများတွင် ကျောင်းအပ်နှံရေးကို ဆက်လက် လက်ခံသွားမည်ဟု သိရသည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်ကာ အခြေခံပညာ မူလတန်းမှ အထက်တန်းအထိ သင်ရိုး ညွှန်း တမ်းများ၌ စိုက်ပျိုးရေးဘာသာရပ်အား တွဲဖက်သင်ရိုးအနေဖြင့် ထည့်သွင်းသင်ကြားရန် ညွှန်ကြား ချက်နှင့်အညီ သံဖြူဇရပ်အခြေခံအထက်တန်းကျောင်းအနေဖြင့်လည်း သင်ကြား လာခဲ့သည်။

တွဲဖက်သင်ရိုးဘာသာရပ်သည် စိုက်ပျိုးရေးဘာသာရပ်အပြင် ရသ ဘာသာရပ်များဖြစ်သည့် ဂီတ စသည်များလည်း ပါဝင်နေပြီး စိုက်ပျိုးဘာသာရပ်သည်လည်း မိမိဒေသနှင့် သဟဇာတဖြစ်ပြီး အသင်ပြကောင်း လျှင်ကောင်းသလို ကျောင်းသားများစိတ်ဝင်စားသည့် ဘာသာရပ်ဖြစ်သည်ဟု ကျောင်းအုပ်ကြီးက ဆက်ပြောသည်။

အဆိုပါစိုက်ပျိုးရေးဘာသာရပ်ကို ကျောင်းသား/သူများအနေဖြင့် စိုက်ပျိုးရေး အသိပညာ ရရှိစေရန် အဓိကရည်ရွယ်၍ သင်ကြားပေးတာဖြစ်ပြီး သင်ကြားပေးမည့်ဆရာ ဆရာမများအား သီးသန့် ခန့်ထား ရန် အစီအစဉ်ရှိသည်ဟု သိရသည်။

သံဖြူဇရပ်မြို့တွင် အခြေခံအထက်တန်းကျောင်း နှစ်ကျောင်းရှိပြီး မြို့နယ်တမြို့နယ်လုံးတွင် အခြေခံ အထက်တန်းကျောင်းပေါင်း(၇)ကျောင်းရှိသည်။၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ၁၀ တန်းအောင် ချက်ကောင်းခဲ့၍ မွန်ပြည်နယ်(၁၀)မြို့နယ်တွင် ၁၀ တန်းအောင်ချက် ဒုတိယ အောင်ချက်အများဆုံး ရခဲ့သည ့်မြို့နယ်တမြို့ နယ်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts