spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် သစ်သီးများ အထွက်နှုန်းလျှော့ကျ

    မွန်ပြည်နယ်တွင် သစ်သီးများ အထွက်နှုန်းလျှော့ကျ

    -

    မင်းတော်လဝီ – ယခုနှစ် ဆောင်းတွင်းကာလ၌ သစ်သီးပင်များ နှင်းခါးရိုက်ပြီး နွေရာသီမှာ အပူဒဏ်လွန်ကဲမှုကြောင့် သစ်သီးများ ပျက်စီးမှုများရှိ၍ အသီးထွက်နှုန်းလည်းလျှော့ကျနေကြောင်း မွန်ပြည်နယ် မုဒုံမြို့ (၄)ဧကခြံမှ ခြံရှင်များက ငြီးညူးနေကြသည်။

    ကြက်မောက်သီး(Internet)
    ကြက်မောက်သီး(Internet)
    “ခါတိုင်းနှစ်မှာလည်း နှင်းခါးရိုက်ဒဏ် ခံရပါတယ်၊ ဒီနှစ်ဆောင်းမှာနှင်း ခါးရိုက် ဒဏ်ပိုခံရတယ်၊ နောက် ပြီး သီးကင်းဝင်ချိန်မှာ အပူဒဏ်လွန်ကဲနေတဲ့အတွက် အသီးများမကြီးထွားနိုင်ဘူး တချို့ ခြောက်ပြီး ကြွေကျကုန်တယ်၊ ပျက်စီးဆုံးရှုံးမှုများတယ်” ဟု ခြံရှင်တစ်ဦးက ပြောသည်။

    မုဒုံမြို့ (၄)ဧကခြံမှာ အများဆုံးစိုက်ပျိုးသည့် သစ်သီးပင်များမှာ ကြက်မောက်ပင်၊ ဒူးရင်း၊ ကျွဲကော၊ နှင့်သံပုရာပင်များ အများဆုံးဖြစ်ပြီး အထိခိုက်ဆုံးအပင်များမှာ ကြက်မောက်ပင်များနှင့် ဒူးရင်း အပင် များဖြစ်သည်။

    ကြက်မောက်ပန်းပွင့်စတွင် နှင်းခါးရိုက်၍ အပွင့်ကြွေပြီး အသီးကင်းမဝင်ပဲ မဲသွားခြင်း၊ ဒူးရင်း အပင် တွင်လည်း အပူဒဏ်ကြောင့် သီးကင်းများကြွေကျခြင်းနှင့် ရှည့်ကောင်များလင်းနို့ကောင် များဖျက် ဆီးဒဏ်ကြောင့်အသီးကြီးရင့်မည့်အခြေအနေသို့ မရောက်နိုင်တော့ပဲ ယခုလို အထွက် နည်း နေရသည်ဟု ၎င်းက ပြောသည်။

    ယခုနှစ်တွင် ကြက်မောက်သီးကင်းနှင့် ဒူးရင်းသီးကင်းများ မကြွေပဲ ကျန်ရှိနေသောအသီးများက အပူ ဒဏ်ကြောင့် အသီးလှီပြီး အရည်အသွေးမပြည့် အသီးများဖြစ်နေသည်။

    သီးပင်များပြုစုရန်အတွက် သဘာဝဓါတ်မြေသြဇာများ၊ နွားချေး၊ ကြက်ချေးများကို ဝယ်ယူစုဆောင်းပြီး အပင်ပြုစုခဲ့ပေမယ့် ယခုလိုသဘာဝဘေးဒဏ်နှင့် အဖျက်ကောင်များကြောင့် စီးပွားရေးအနေနှင့် တွက်ချေမကိုက် ဖြစ်နေရသည်။

    (၄)ဧကခြံရှိအပင်များကိုပြုစုရန် နွားချေးနှင့်ကြက်ချေးကို မော်တော်ကား အစီးပေါင်း ၃၀မှ ၄၀ အစီးထိ အသုံးပြုရသည်။ ကြက်ချေးကားတစ်စီးကို ကျပ်ငွေ ၁၈၀ဝ၀ နှင့် နွားချေးကားတစ်စီးကို ကျပ်ငွေ ၁၅၀ဝ၀ ပေးရသည်ဟု ခြံရှင်တဦးကပြောသည်။

    သစ်သီးခြံများ အခြေအနေမကောင်းသဖြင့် အသီးများကိုခြံဖြတ်စနစ်ဖြင့် ဝယ်ယူသူနည်းပါးနေပြီး မိမိခြံထွက်အသီးများကို မိမိဘာသာရောင်းချနေရသည်။

    ခြံဖြတ်စနစ်မှာ ယခင်နှစ်က (၄)ဧကရှိခြံတခြံမှ ထွက်ရှိသော အသီးအားလုံးကို သိန်း(၂၀)မှ (၃၀)အထိ ခြံဖြတ်ပေါက်ဈေးရခဲ့သော်လည်း ယခုနှစ်တွင် ခြံဖြတ်ဝယ်သူ အလွန်နည်း ပြီး ဝယ်လျှင်လည်း သိန်း (၂၀)ခန့်သာ ရရှိနိုင်တော့သည်ဟု သိရသည်။

    မွန်ပြည်နယ် မုဒုံမြို့ရှိ (၄)ဧက ခြံများသည် မုဒုံမြို့မှမော်လမြိုင်မြို့ဘက်သို့ အထွက်မှစ၍ မုဒုံမြို့နယ် ကွမ်တာရွာအထိ သစ်သီးခြံပေါင်း(၂၂၀)ခန့်ရှိနေပြီး မော်လမြိုင်သစ်သီးဈေးကွက်အတွက် အရေး ပါသောသစ်သီးခြံများဖြစ်သည့်အပြင် မွန်ပြည်နယ်တွင် သစ်သီးအမျိုးအမည် အစုံလင်ဆုံးနှင့် လေ့လာ စရာနေရာဖြစ်သည်ဟု မုဒုံမြိုခံ ခြံရှင်များက ပြောဆိုနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks