spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်လူငယ်စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကျင်းပပြီးစီး

    မွန်လူငယ်စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကျင်းပပြီးစီး

    -

    မင်းလုံး – လူငယ်စွမ်းရည်မြှင့်သင်တန်း Capacity Building Training ဆင်းပွဲအခမ်းအနားကို ယနေ့ မေလ ၁၀ ရက်နေ့၌ ထိုင်း- မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့ရှိ မွန်ဆက်ဆံရေးရုံတွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

    ဗိုလ်ချုပ်ကျော်ယဲ့ မိန့်ခွန်းပြောကြားစဉ်(IMNA)
    ဗိုလ်ချုပ်ကျော်ယဲ့ မိန့်ခွန်းပြောကြားစဉ်(IMNA)
    ယင်းသင်တန်းဆင်းပွဲတွင် မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး(၂) စစ်ဦးစီးချူပ် ဗိုလ်ချုပ်ဇေယျ(ကျော်ယဲ့)က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဗဟိုစည်းရုံးရေဌာန ဒုတာဝန်ခံ-သင်တန်းကြီးကြပ်သူ နိုင်ယက္ခ၊ ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနတာဝန်ခံ ဒုဗိုလ်မှူးကြီးဉာဏ်ထွန်း၊ ဝင်းကရွာရပ်မိရပ်ဖကိုယ်စား နိုင်စိုးမွန် နှင့် မဟာဗျူဟာနှင့် သုတေသနဌာန ဗိုလ်မုူးသိရိမွန်ချမ်း တို့က အဖွဲ့ဝင်များအဖြစ်တက်ရောက်ခဲ့ကြသည်။

    ဗိုလ်ချုပ်ကျော်ယဲ့က“၁၉၉၅ခုနှစ်မှာအစိုးရနှင့်ကျနော်တို့ပါတီနဲ့ အပစ်အခတ်ရပ်စဲခဲ့တယ်၊ ကျနော်တို့ရဲ့ရည်ရွယ်ချက်က နိုင်ငံရေးဖြေရှင်းဖို့ပါပဲ၊ ဒါပေမယ့် ၂၀၁၀ ခုနှစ်မှာအပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ပါတယ်၊ နောက်ပိုင်းမှာကတော့ အခြေအနေပြောင်းပြီး အခုအပစ်အခတ်ရပ်စဲထားပါတယ်၊ အခြေအနေတွေက ပြောင်းလဲနေပါတယ်၊ အခု မွန်လူငယ်တွေအနေနဲ့ ခေတ်မီ IT နည်းပညာတွေကိုလည်း အထိုက်အလျှောက် တက်မြောက်ပြီးဆိုတော့ ကိုယ့်လူမျိုးအတွက်အကျိုးရှိရှိ အသုံးချဖို့လိုအပ်ပါတယ်” ဟု ပြောသည်။

    သင်တန်းသားများနှင့် ဆရာများ(IMNA)
    သင်တန်းသားများနှင့် ဆရာများ(IMNA)
    အဆိုပါသင်တန်းဆင်းပွဲတွင် သင်တန်းသားအများအပါအဝင် ဧည့်သည်များ ၈၀ ခန့်တက်ရောက်ခဲ့ကြပြီး သင်တန်းသားများကိုယ်စား မိဟေမာနွန်က ကျေးဇူတင်စကားပြောခဲ့သည်။

    မိဟေမာနွန်က “နောက်အချိန်တွေမှာလဲ ကျန်ရှိနေသေးတဲ့ ကျမတို့မွန်လူငယ်တွေများကို အခုလိုသင်တန်းတွေရစေဖို့ မျှော်လင့်ပါတယ်၊ ဆရာများအလုံးကိုလဲကျေးဇူတင်ပါတယ်” ဟုပြောသည်။

    ယင်းသင်တန်းတွင် ဆရာ ၁၂ ဦး၊ သင်တန်းသား ၃၁ ဦးတက်ပါဝင်ခဲ့သည်ဟု သိရသည်။

    သင်တန်းကြီးကြပ်သူ နိုင်ယက္ခက “ပထမတစ်ချက်က အချိန်နှင့် တပြေးညီ သိသင့်သိထိုက်တဲ့သတင်းတွေကို မီဒီယာကတစ်ဆင့် ပြည်သူတွေသိစေဖို့ရည်ရွယ်ထားပြီး နောက်တစ်ခုက ကျနော်တို့ပါတီရဲ့ဌာနကြီးတွေမှာခေတ်မှီတဲ့ ရုံးလုပ်ငန်းတွေလုပ် ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်” ဟုပြောသည်။

    Capacity Building Training လူငယ်စွမ်းရည်မြှင့်သင်တန်းသည် မတ်လ ၂၃ ရက်နေ့ မှ စတင်ဖွင့် လှစ်ထားပြီး မေလ ၁၀ ရက်နေ့အထိ တစ်လခွဲကြာသောသင်တန်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks