spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနွေစပါးစိုက်ပျိုးရေးမှာ စေပါးဈေးနှုန်းကျဆင်းမှုကြောင့် လယ်သမားများ အစိုက်နည်း

    နွေစပါးစိုက်ပျိုးရေးမှာ စေပါးဈေးနှုန်းကျဆင်းမှုကြောင့် လယ်သမားများ အစိုက်နည်း

    -

    မင်းတော်လဝီ – မွန်ပြည်နယ်မုဒုံမြို့နယ်၏၂၀၁၃ခုနှစ်နွေစပါးစိုက်ပျိုးရေးမှာ ကုန်ကျစရိတြ်ကီးပြီး စပါးဈေးကျဆင်း မှုကြောင့် အရှုံး ပေါ်နေ၍ လယ်သမားများမစိုက်ပျိုးနိုင်တော့ပဲ နွေစပါးစိုက်ပျိုးဧက လျှော့နည်းနေရ သည်ဟု ဒေသခံလယ် သမား များထံမှ သိရသည်။

    နွေစပါးစိုက်ထားတဲ့လယ်ကွင်းတစ်နေရာ ဓာတ်ပုံ http://thefarmermedia.com/
    နွေစပါးစိုက်ထားတဲ့လယ်ကွင်းတစ်နေရာ ဓာတ်ပုံ http://thefarmermedia.com/

    မိုးစပါးဈေးကတင်း၁၀ဝမှာ ကျပ်(၄၀ဝ၀ဝ၀)ရှိနေသော်လည်းယခုနွေစပါး၏ဈေးနှုန်းမှာ ကျပ် (၃၅၀ဝ၀ဝ)ကျော် အနိမ့်ဈေးရရှိနေပြီး အရှုံးပေါ်၍နွေစပါးမစိုက်ပျိုးဖြစ်ဟုမုဒုံမြို့နယ်ဘဲရမ်းရွာမှလယ်သ မား ဦးခင်ကပြောသည်။

    “ဒီနှစ်တစ်ဧကကုန်စရိတ်ပိုကြီးတယ် အလုပ်သမားဈေးပိုကြီးလာတယ်၊တစ်ဧက နွေစပါးကုန်ကျ စရိတ်က တစ်သိန်း ရှစ် သောင်းကျာ်ကုန်တယ်၊ စပါးပိုကောင်းအောင် ဓါတ်မြေသြဇာထပ်ကျွေးရင် ဒီထက်ပိုကုန်မယ်” ဟုပြောသည်။

    မုဒုံမြို့နယ်ဘဲရမ်း၊ကွမ်တာကွင်းတွင်နွေစပါးစိုက်ပျိုးရေးအတွက်အဇင်းဆည်ရေဖြင့်လုံလုံလောက်လောက်ရရှိ သော်လည်း ရေမြောင်းမှ လယ်ကွက်သို့ရေစုတ်စက်ဖြင့်ရေတင်စိုက်ပျိုးနေရ၍ နွေစပါး တစ်ရာသီအတွက် ရေ တင်ဆီ အနည်းဆုံး ၁၀ ဂါလံခန့်ကုန်ပြန်သည်ဟုလည်းပြောသည်။

    ယခုနှစ်နွေစပါးပေါက်ဈေးမှာတင်းတစ်ရာကိုကျပ်သုံးသိန်းရှစ်သောင်းဈေးပေါက်နေသော်လည်းမိုးစပါးကိုသာ ဝယ်သူရှိပြီးနွေစပါးကိုဝယ်သူမရှိဖြစ်နေသည်။ဒါ့်ပြင်နွေစပါးကိုမိုးမိစပါးဖြစ်လျှင် ယခုပေါက် ဈေးကိုမရနိုင်တော့ဟု ပြောသည်။

    ၂၀၁၃ ခုနှစ်မုဒုံမြို့နယ်နွေစပါးစိုက်ပျိုးရန် လျာထားဧက ၁၄၀ဝ သတ်မှတ်ထားသော်လည်း ဧပြီလ၁၀ ရက်နေ့ အထိ စိုက်ပျိုးပြီးစီးမှုမှာ(၃၉၅)ဧကစိုက်ပျိုးနိုင်သည်ဟု မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာ ဝန်ရှိ ဝန်ထမ်း တစ် ဦးကပြောသည်။

    ၂၀၁၂ ခုနှုစ်က မုဒုံမြို့နယ်၏နွေစပါးလျာထားချက်မှာ ၇၀ဝ၀ ဧကကျော် ဖြစ်ပြီး ဧက ၄၀ဝ၀ ခန့်စိုက်ပျိုး နိုင်ပြီး ယခုနှစ် ထက်ပိုစိုက်ပျိုးနိုင်သည်ဟု ၄င်းဝန်ထမ်းကပြောသည်။

    “အဓိကအချက်ကလယ်သမားတွေအရှုံးပေါ်နေလို့ မစိုက်ကြတာ၊မွန်ပြည်နယ်ဝန်ကြီးချုပ်ကလည်း နွေစပါးအရှုံး ပေါ်နေရင်အခြားဝင်ငွေရတဲ့သီးနှံကိုစိုက်ကြပါ ဒါပေမယ့်မိုးစပါးကိုပြည့်ပြည့်ဝဝ စိုက်ဖို့ လိုတယ်” ဟုဝန်ကြီးချုပ် မိန့်ကြားချက်အပေါ်၄င်းဝန်ထမ်းက ပြန်ပြောပြသည်။

    နွေစပါးစိုက်ပျို့မှုလျှော့နည်းရခြင်းမှာစပါးဈေးကျဆင်းနေခြင်း၊လယ်လုပ်သားရှားပါးမှုနှင့်ကုန်ကျစရိတ်ကြီးမားမှုအပြင်ယခင်ကလိုတွန်းအားပေးမှုနှင့်ပံ့ပိုးမှုမရှိတော့၍လည်းနွေစပါးစိုက်ပျိုးမှု ပိုမိုကျဆင်း ရသည်ဟု ၄င်းဝန်ထမ်း က ပြောသည်။

    ထိုနည်းတူ သထုံခရိုင်ပေါင်မြိုတွင်လည်း နွေစပါးစိုက်ပျိုးမှု ကျဆင်းနေသည်။နွေစပါး စိုက်ပျိုးမှု ကျဆင်းရခြင်း မှာ စပါးဈေးကျဆင်းမှုနှင့် စိုက်ပျိုးမည့်လယ်သမားမရှိဟုသိရသည်။

    အထူးသဖြင့်ပေါင်မြို့နယ်သည် ကတိုက်ဆည်မှ နွေစပါး စိုက်ပျိုးရန်အဓိကရည်မှန်းထားပြီး ဧကတစ်သောင်းလျာ ထားသည်။ဆည်ရေလုံလောက်မှု ရှိသော်လည်း ဧက ၃၉၄၁ စိုက်ပျိုးနိုင်ပြီး လျာထားချက်ကို ပြည့်မီအောင် မစိုက်ပျို့နိုင်ခြင်းမှာ အလုပ်သမားရှားပါးမှုနှင့် အရှုံပေါ်နေ ကြောင့်ဟုပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းတ ဦးကပြေသည်။

    ၂၀၁၂ခုနှစ်ပေါင်မြို့နယ်၏နွေစပါးလျာထားဧက(၁၈၀၆၀)ဖြစ်ပြီးရာသီကုန်အထိစိုက်ပျိုးနိုင်မှုမှာ(၇၇၀ဝ)ဧကဖြစ်၍ ယခုနှစ်စိုက်ဧကထက် ပိုသည်။

    မွန်ပြည်နယ်ပေါင်မြို့နယ်၏၂၀၁၃ခုနှစ်နွေစပါးစိုက်ပျိုးရန် လျာထားချက်မှာ (၁၅၈၀ဝ) ဧကဖြစ်ပြီး မတ်လ ၃၁ ရက်နေ့ထိစိုက်ပျိုးပြီးစီး မှုမှာ၇၃၅၀ဧကဖြစ်သည်။၄င်း လျာထားချက်ဧကထဲမှာက တိုက်ဆည်ရေသောက်လျာထား ဧက(၁၀ဝ၀ဝ)ပါဝင်ပြီး ဆည်ရေဖြင့်စိုက်ပြီးဧက(၃၉၀ဝ) ကျော်သည်လည်းတမြို့နယ်လုံးစိုက်ပြီးဧကထဲ၌ပါဝင်ပြီးဖြစ်သည်ဟု အထက်ပါ ဝန်ထမ်းက ပြောသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks