spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမလေးရှားရောက် မွန်လူမျိုးများအတွက် ပထမအကြိမ် နှီးနှောဖလှယ်ပွဲ

    မလေးရှားရောက် မွန်လူမျိုးများအတွက် ပထမအကြိမ် နှီးနှောဖလှယ်ပွဲ

    -

    ခတ္တာနန်း – ယမန်နေ့က မလေးရှားနိုင်ငံရောက် မွန်လူမျိုးများ အားလုံး ကိုယ်စားပြုနိုင်သော စုပေါင်းမွန်အဖွဲ့အစည်း တစ်ရပ် ဖွဲ့စည်းနိုင်ရန်အတွက် ပထမအကြိမ် နှီးနှောဖလှယ်ပွဲတရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ၊ ပူတူရပ်ကွက် ဟံသာဝတီဆိုင်တွင် ကျင်ပခဲ့ကြောင်း အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ကိုဥက္ကာက ပြေသည်။

    ထိုနှီးနှေားဖလှယ်ပွဲကို မလေးရှားနိုင်ငံရောက် မွန်ရံပုံငွေ ကော်မတီ၊ မွန်ကယ်ဆယ်ရေး အဖွဲ့၊ မွန်လူငယ်များအစည်းအရုံး၊ မွန်အမျိုးသမီးများအဖွဲ့ တို့မှ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

    မလေးရှားရောက် မွန်လူမျိုးများအတွက် ပထမအကြိမ် နှီးနှောဖလှယ်ပွဲအခမ်းအနား
    မလေးရှားရောက် မွန်လူမျိုးများအတွက် ပထမအကြိမ် နှီးနှောဖလှယ်ပွဲအခမ်းအနား

    “ကျနော်တို့ ဒီမှာရှိတဲ့ မွန်တွေက တစ်ခုခု လုပ်မယ်ဆိုရင် အားလုံးမပါဝင်ကြဘူး၊ ဒါကြောင့် ကျနော်တို့ ဒီမလေးရှားမှာ ရှိတဲ့ မွန်တွေအားလုံး ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းနိုင်ဖို့ အတွက် ကျနော်တို့ ရှိရင်အဖွဲ့တွေကနေ ဆုံးဖြတ်ချက်ချပြီး လုပ်ငန်တွေ အကောင်အထည် ဖော်နေတာပါ” ဟု အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ကိုဥက္ကာက ပြောသည်။

    ထိုနှီးနှေားဖလှယ်ပွဲကို မလေးရှာရှိ မွန်လူမျိုးများဖြစ် ဖွဲ့စည်းထားသော အဖွဲ့အစည်းပေါင်း (၁၀) ဖွဲ့ခန့် တက်ရောက်ကြပြီး လူဦးရေပေါင်း (၄၀) ကျော်ကျော်ခန့် တက်ရောက်ကြောင်း သိရသည်။

    ဆက်ပြီး ကိုဥက္ကာ က “ ဒီအလုပ်က မလေးရှားမှာ ရောက်ရှိနေတဲ့ မွန်တွေအားလုံးနဲ့ ဆိုင်ပါတယ်၊ ဘာလို့လည်း ဆိုတော့ မလေးရှားရောက် မွန်တွေအားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်ဆိုတော့ အားလုံးနဲ့ သက်ဆိုင်နေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

    မလေးရှားရောက် မွန်များအနေနှင့် ၎င်းတို့ကျေးရွာကို ကိုယ်စားပြုသည့်အဖွဲ့များ၊ လူမျိုးကို ကိုယ်စားပြုသည့် အဖွဲ့များ၊ ဒေသကို ကိုယ်စားပြုသည့် အဖွဲ့များဖြစ် ကိုယ့်နည်း ကိုယ်ဟန်ဖြစ် လှုပ်ရှာနေကြသည့် အဖွဲ့အစည်း ပေါင်း (၄၀) ဖွဲ့ခန့် ရှိကြောင်း သိရသည်။

    ကိုဥက္ကာက “ ရည်မှန်းထားတာက ကျနောတို့ နှီးနှေားဖလှယ်ပွဲတွေ ဆက်လုပ်သွားမယ် ဒီမှာရှိတဲ့ မွန်တွေရဲ့ အမြင်တွေကို ယူသွားမယ် ပြီးရင် ကျနောတို့ ညီလာခံတစ်ခု ပြုလုပ်သွားမယ်၊ အဲဒီမှာ ကျနော်တို့ မဲစနစ်နဲ့ ရွေးချယ်ပြီး မလေးရှားရောက် မွန်အားလုံးကိုယ်စားပြုတဲ့ စုပေါင်းမွန်အဖွဲ့အစည်းကို ဖွဲ့စည်းသွားမယ်” ဟု ဆက်ပြောသည်။

    မလေးရှားရောက် မွန်အားလုံးကိုယ်စားပြုသည့် အဖွဲ့အစည်း ဖြစ်မြောက်ရန်အတွက် အဖွဲ့အစည်းဖြစ်မြောက်ရေး ယာယီ ကော်မတီ တစ်ရပ်ကို လွန်ခဲ့သည် မတ်လ ၃၀ ရက်နေ့တွင် စတင် ဖွဲ့စည်း ထားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks