spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းဒုတိယအကြိမ်မြောက် ပါဠိ ပိဋကတ်တော် ဘာသာပြန် ကျမ်း (၅) ကျမ်း ပြီးစီး၍ လှည့်လည်ပူဇော်ခံ

    ဒုတိယအကြိမ်မြောက် ပါဠိ ပိဋကတ်တော် ဘာသာပြန် ကျမ်း (၅) ကျမ်း ပြီးစီး၍ လှည့်လည်ပူဇော်ခံ

    -

    ခတ္တာနန်း – ယခုလ ၃ ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ဒုတိယအကြိမ်မြောက် ပါဠိ ပိဋကတ်တော် ကျမ်း (၅) ကျမ်းကို မွန်ဘာသာသို့ ဘာသာပြန် ပြီးစီး၍ လှည့်လည် ပူဇော်ခံခဲ့ကြောင်း ပါဠိ ပိဋကတ် တော် မွန်ဘာသာပြန်အဖွဲ့ချုပ် သန္တိသုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သုနန္ဒ က မိန့်သည်။

    ဆရာတော် ဘဒ္ဒန္တ သုနန္ဒ က “လွန်ခဲ့တဲ့တစ်ချိန်ကလည်း မွန်ဘာသာ ပိဋကတ်တော်က တွင်တွင် ကျယ်ကျယ် ကိုရှိခဲ့တယ် ဒါပေမဲ့ ဒီနောက်ပိုင်း ပျောက်ဆုံးကုန်တော့ ပြန်လည် ပေါ်ပေါက် လာစေဖို့ အတွက်ရယ်၊ မွန်လူမျိုးတွေ မွန်ပိဋကတ်သုံးပုံကို စိတ်ဝင်စားပြီး ဖတ်လိုသူတွေအတွက်လည်း ဖတ် နိုင်ဖို့အတွက်၊ မွန်သာသနာ၊ မွန်ဘာသာ၊ မွန်စာပေ တိုးတက်ဖြန့်ပွား လာစေဖို့အတွက်၊ မွန်ရဟန်း ပညာရှင်များရဲ့ စွမ်းရည် ဘယ်လိုရှိတယ် ဆိုတာကို ဖော်ထုတ်ပေးစေလိုတဲ့ ရည်ချက်နဲ့ ယခုလို ပါဠိ ပိဋကတ်တော်ကို ဘာသာပြန်တာဟု” ဆရာတော်က မိန့်သည်။

    ယခု လှည့်လည် အပူဇော်ခံသည့် ပါဠိ ပိဋကတ်တော် ကျမ်း (၅) ကျမ်းမှာ ဒီဃနိကာယ်မှ (၃) ကျမ်း၊ မဇ္ဈိမနိကာယ်မှ (၂) ကျမ်းဖြစ်ပြီး ၎င်းတို့မှာ သီလက္ခန္ဓဝဂ္ဂပါဠိ ကျမ်းတော်၊ မဟာဝဂ္ဂပါဠိ ကျမ်းတော်၊ ပါထိကဝဂ္ဂပါဠိ ကျမ်းတော်၊ ဥပရိပဏ္ဏာသပါဠိ ကျမ်းတော်၊ မဇ္ဇျိမပဏ္ဏာသပါဠိ ကျမ်းတော်  တို့ဖြစ်ကြသည်။

    “ပါဠိ ပိဋကတ်သုံးပုံ ဘာသာပြန်ခြင်းနဲ့ ပတ်သက်ပြီးတော့ ဒီဂိုဏ်သုံးဂိုဏ်လုံးကနေပြီး တစ်သံထဲ တစ်မျိုးထဲ ဖြစ်စေချင်တယ်၊ ၂ မျိုး ၃ မျိုးဖြစ်သွားရင်တော့ မကောင်းတော့ဘူး၊ သူမျိုး ကိုယ်တစ်မျိုး ဘာသာပြန် သွားမယ်ဆိုရင် မကောင်းဘူး ဒါကြောင်း သုံးဂိုဏ်လုံးက တစ်မျိုးထဲ တစ်သံထဲ ဖြစ်စေ ချင်တယ်” ဟု ဆရာတော် ဘဒ္ဒန္တ သုနန္ဒ က ဆက်မိန့်သည်။

    ထိုသို့ ပါဠိ ပိဋကတ်တော် ဘာသာပြန်ဆိုရာတွင် အခက်အခဲဟူရ၍ မရှိသလောက်ဖြစ်ကြောင်း ဘာ သာပြန်သည့် ဆရာတော်များလည်း တတ်သိသည့် ဆရာတော်များဖြစ် ဘာသာပြန်နေကြောင်း ရိုက်နှိပ်ထုတ်လုပ်သည့် နေရာတွင်လည်း အခက်အခဲမရှိကြောင်း၊ အလှူရှင်အနေနဲ့ကလည်း အပြည့် အဝ ရရှိထားကြောင်း ဆရာတော်က ဆက်မိန့်သည်။

    “မနှစ်က ကျမ်းတော် တစ်ကျမ်းပြီးတယ် ဒီနှစ် ၅ ကျမ်းဆိုတော့ အားလုံးပေါင် ၆ ကျမ်း ပြီးသွားပါပြီး” ဟု ဆရာတော် ဘဒ္ဒန္တ သုနန္ဒ မိန့်သည်။

    ယမန်နှစ်တွင် အင်္ဂုတ္ထိရနိကာယ် ကျမ်းအား ဘာသာပြန်ပြီးစီး၍ ဧပြီးလ ( ၁ – ၂ ) ရက်နေ့တွင် စည်း ကားစွာ လှည့်လည် အပူဇော်ခဲ့ခဲ့ပြီး ယခုနှစ်တွင် ဧပြီလ နည်းအကျဉ်းသာ လှည့်လည် အပူဇော်ခံ ခဲ့ကြောင်း သိရသည်။

    ပိဋကတ်သုံးပုံမှာ သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာတဟူရ၍ (၃) စုရှိပြီး ကျမ်းပေါင်း (၅၂) ကျမ်းရှိရာ

    ၁။ ဒီဃနိကာယ် (၃) ကျမ်း

    ၂။ မဇ္ဈိမနိကာယ် (၃) ကျမ်း

    ၃။ သံယုတ္တနိကာယ် (၅) ကျမ်း

    ၄။ အင်္ဂုတ္တရနိကာယ် (၁၁) ကျမ်း

    ၅။ ခုဒ္ဒကနိကာယ် (၃၉) ကျမ်း တို့ဖြစ်သည်။

    ပါဠိ ပိဋကတ်တော် မွန်ဘာသာပြန်ရန်အတွက် ဂိုဏ်သုံးဂိုဏ်မှ မွန်ဆရာတော်ကြီးများနှင့် မွန်ရဟန်း ပညာရှင်များဖြင့် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်တွင် သံဖြူဇရပ်မြို့ သန္တိသုခကျောင်းတိုက်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ကျမ်းများပြုစုလာခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks