Tuesday, March 17, 2026
More
    spot_img
    Homeသတင်းမိုင်းအန္တရာယ်တားဆီးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီး

    မိုင်းအန္တရာယ်တားဆီးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီး

    -

    အေမီ – မိုင်းအန္တရာယ် ပဋိပက္ခလျှော့ချရေးပညာပေး Geneva Call မှပို့ချသော အလုပ်ရုံဆွေး နွေးပွဲကို မတ်လ ၃၁ ရက် မှ ဧပြီလ ၂ ရက်နေ့ထိ သုံးရက်ကြာဆွေးနွေးခဲ့သည်ဟု သိရသည်။

    ဂျနီဗာကောစာချုပ်အား မွန်ပြည်သစ်ပါတီကိုယ်စားလှယ်လက်မှတ်ရေးထိုးခဲ့စဉ်(NMSP)
    ဂျနီဗာကောစာချုပ်အား မွန်ပြည်သစ်ပါတီကိုယ်စားလှယ်လက်မှတ်ရေးထိုးခဲ့စဉ်(NMSP)

    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး မွန်ပြည်သစ်ပါတီ လက်အောက် ခံနယ်မြေ ဗလဲ့ဒွန်ဖိုက်ကျေးရွာ အမှတ် (၅) တပ်ရင်းရုံးတွင်ကျင်းပခဲ့ရာ မွန်ပြည်သစ်ပါတီ ဗဟို ( NMSP) ၊ တိုးတက်သောမွန်လူငယ်အစည်းအရုံး (MYPO) ၊ မွန်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ စုစုပေါင်း ၂၀ ခန့်တက်ရောက်ခဲ့သည်ဟု အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးက ပြော သည်။

    ၎င်းက “ဆွေးနွေးပွဲမှာ မိုင်းပဋိပက္ခလျှော့ချရေးရယ် မိုင်းပညာပေး အချက် ၅ ချက်ရယ် ကျမတို့ဆွေး နွေးခဲ့တယ်” ဟု ပြောသည်။

    ထို့အပြင် ( ၁) မိုင်းအန္တရာယ်ကို သတိပြုခြင်း၊ (၂) မိုင်းအန္တရာယ်မှ ကင်းဝေးစေခြင်း၊ (၃) အကြောင်း မသိသည့် နေရာဒေသကို သွားရောက်ခဲ့သော် (သို့မဟုတ်)မိုင်း/ ခဲယမ်းကိုတွေ့ရှိခဲ့သော် မည်ကဲ့သို့လုပ်ဆောင်ရမည်၊ (၄)အကယ်၍ မြေမြုပ်မိုင်း/ခဲယမ်းများ တွေ့ရှိခြင်းနှင့်၊ (၅) တစုံတစ်ယောက် မိုင်းတက်နင်းမိခဲ့ပါက စသည့် မည်ကဲ့သို့လုပ်ဆောင်ရမည့် အချက်များကို ဆွေးခဲ့ကြသည်ဟု သူမက ဆက်ပြောသည်။

    ဂျီနီဗာလုပ်ဆောင်ချက်မှာ ကမ္ဘာအရပ်ရပ်တွင် ခလေးသူငယ်ကာကွယ်ရေး၊ အမျိုးသမီး ဘဝလုံ ခြုံရေး ၊မြေမြှုပ်မိုင်းအသုံးမပြုရေး စသည့်ကိစ္စရပ်များတွင် အစိုးရမဟုတ်သော လက်နက်ကိုင် အဖွဲ့အစည်း ၄၁ ဖွဲ့ နှင့် သက်တမ်းအနှစ် ၄၀ ကျော်ရှိ ဂျီနီဗာတောင်းဆိုမှုအဖွဲ့တို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင်အခြေစိုက်လျှက်ရှိသည်။

    Genevell Call အဖွဲ့နှင့်ချုပ်ဆိုသည့်နားလည်မှုစာချွန်လွှာ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) တို့က ၂၀၁၂ ခုနှစ် သြဂုတ်လ (၂) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့၌တရားဝင်သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

    ပူပေါင်းဆောင်ရွက်မှုဖြင့် ပြုစုစောင့်ရှောက်ပေးရန် အချက် အလက်များ အကောင်အထည် ဖေါ်ရန်နှင့် အာဏာတည်စေရန် အမိန့်များ ထုတ်ပြန်ပေးရန် အမိန့်များကိုချိုး ဖေါက်ကျူး လွန်သူများကို စည်းမျဉ်းချမှတ်အပြစ်ဒဏ်သတ်မှတ်ပေးရန်နှင့် ဂျီနီဗာတောင်းဆိုအဖွဲ့ (Geneva Call) ကို ယခုကဲ့သို့သံဓိဌာန်ကတိပြုမှုအပေါ် လိုက်နာမှုရှိမရှိ စောင့်ကြည့်ခွင့်ပြုရန် စသည်တို့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks