Homeသတင်းမော်တော်ဆိုင်ကယ်ကြောင့် ဒေသခံများ စိတ်အနှောက်ယှက်ဖြစ်

မော်တော်ဆိုင်ကယ်ကြောင့် ဒေသခံများ စိတ်အနှောက်ယှက်ဖြစ်

-

အေမီ – မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် မော်တော်ဆိုင်ကယ်များ အိပ်ဇ်ဇော့ပြောင်းဖြုတ်၍ ပတ်ဝန်း ကျင်ဆူညံစွာ မောင်းနှင်ခြင်းကြောင့် ဒေသခံများ စိတ်အနှောက်ယှက်ဖြစ်နေကြသည်ဟု သံဖြူဇရပ်မြို့ခံ ကိုမင်းလတ်က ပြောသည်။

သံဖြူဇရပ်မြို့ ဆွမ်းဆန်လောင်းလှူပွဲ ကျင်းပခဲ့စဉ်(ဗညားထောလေး)facebook
သံဖြူဇရပ်မြို့ ဆွမ်းဆန်လောင်းလှူပွဲ ကျင်းပခဲ့စဉ်(ဗညားထောလေး)facebook
မော်တော်ဆိုင်ကယ်များ အိပ်ဇ်ဇော့ပြောင်းဖြုတ်၍ ပတ်ဝန်းကျင်ဆူညံစွာမောင်နှင်နေသည်ကို သက်ဆိုင်ရာကတွေ့သော်လည်း ခေါ်ယူဆုံးမခြင်း တားဆီး ထိန်းသိမ်းခြင်းမရှိဟု သိရသည်။

ကိုမင်းလတ်က “ပတ်ဝန်းကျင်ကလဲ ဆူညံနေတယ် ရပ်ကွက်ထဲမှာ ညသန်းခေါင်ယံဆိုရင် ဆိုင်ကယ်အသံပြဲနဲ့ လူကြီး သူမတွေ အိပ်နေတာ နှောက်ယှက်ဖြစ်တာ သိသိနဲ့ လွှတ်ထားတယ်”ဟု ပြောသည်။

ယခုဆိုရင် အထက်တန်းစာမေးပွဲလည်းပြီပြီး သင်္ကြန်လည်းနီးလာသဖြင့် သံဖြူဇရပ်တစ်မြို့လုံးပတ်ပီး နေ့ညမောင်းနေခြင်းကို အလွန်ပင်စိတ်ဒုက္ခဖြစ်နေကြသည်။

“ဟုတ်တယ် ဆိုင်ကယ်တွေကအုပ်စုလိုက် ဟိုသွားလိုက် ဒီသွားလိုက်နဲ့တစ်ဖွဲ့တည်းမဟုတ် အဖွဲ့တွေကအများကြီး တစ်ဖွဲ့မှာဆိုရင် လူငယ် လူလတ်ပိုင်းက တော်တော်များတယ် အသက်ပိုင်းခြားအရဟြေမယ်ဆိုရင် ၂၅နဲ့ ၃၅ နှစ် ဝန်းကျင်လောက်ရှိမယ်” ဟု ၎င်းက ပြောသည်။

သံဖြူဇရပ်မြို့ခံ ကိုဗညားထောလေးက “ညသန်းခေါင်ကျော်ဆိုရင် ဆိုင်ကယ်ကြီး super 4 တွေနဲ့ ပြိုင်မောင်းတာတွေ၊ ခေါင်းထောင်တာတွေ ၊ လမ်းပြောင်ပြန်မောင်းတာတွေ အသံသေး အသံကြောင် အော်ဟစ်သွားတာတွေ စုံနေတာပဲ လမ်းမတန်းမှာ လမ်းကျယ်တော့ ပိုလုပ်တာပေါ့” ဟု ပြောသည်။

အဆိုပါ မော်တော်ဆိုင်ကယ်များအသံကျယ်စွာမောင်းနှင်မှုကြောင့် သံဖြူဇရပ်မြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်ခေါင်များက ခေါ်ယူအပစ်ပေး တားမြစ်ခြင်းမရှိဟု သိရသည်။

ထို့နောက် အုပ်ထိန်းသူမိဘများ၊ သက်ဆိုင်ရာ ယာဉ်ထိန်းရဲများနှင့် အစိုးရဖွဲ့ ဝင်များကိုယ် တိုင်ကလည်း ဤသို့လွတ်ထားရန်မသင့် ယာဉ်စည်းကမ်းနှင့်အညီ တားမြစ်ဟြေဆိုအသိပေး သင့်သည်ဟု သူက ဆက်ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts