spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ မွန်ပရိသတ္တိစာဖြေပွဲကျင်းပ

    မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ မွန်ပရိသတ္တိစာဖြေပွဲကျင်းပ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ရာမညနိကာယဂိုဏ်းမှ မွန်ဆရာတော်ကြီးများကြီးမှူး၍ နှစ်စဉ် ကျင်းပမြဲဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ပရိယတ္တိစာဖြေပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် သာသနာ (၂၅၀ဝ)ကျောင်း၌ ယမန်နေ့က စတင်ကျင်းပနေပြီးဖြစ်ကြောင်း သိရသည်။

    သာသနာ(၂၅၀ဝ)ကျောင်းတွင် နွေရာသီစာမေးပွဲ ဖြေဆိုခဲ့စဉ် (Aot Jae) facebook
    သာသနာ(၂၅၀ဝ)ကျောင်းတွင် နွေရာသီစာမေးပွဲ ဖြေဆိုခဲ့စဉ် (Aot Jae) facebook
    အဆိုပါ စာဖြေပွဲကို မတ်လ ၁၂ ရက်မှ ၁၃ နှင့် ၁၄ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသွား မည်ဖြစ်သည်။

    သံဖြူဇရပ်မြို့နယ် ဟံသာထောကျောင်းထိုင်းဆရာတော်က “စာဖြေပွဲကို မနေ့ကစဖြေတာ ဒီနေ့ဆို တော့ ဒုတိယနေ့ပေါ့နော် မနက်ဖြန်တစ်ရက်ဆိုပြီးပြီ” ဟု မိန့်သည်။

    ပရိယတ္တိစာမေးပွဲကို ပဠိပါရဂူမှ ၁ ပါး၊ သီရိပူရ ၁၀ ပါး၊ ဓမ္မာစရိယ ၃၀၉ ပါး၊ အကြီးတန်း ၁၇၄ ပါး၊ အလယ်တန်း ၁၉၈ ပါး၊ အငယ်တန်း ၃၆၀ ပါးနှင့် မူလတန်းတွင် ၅၆၉ ပါး စသည့် စာဖြေမည့် ရှင်သာမဏေများနှင့် ရဟန်းတော်များ စုစုပေါင်း အပါး ၁၆၂၁ ခန့် ဝင်ရောက် ဖြေဆိုခဲ့ကြသည်။

    စာမေးပွဲတွင် သြဝါဒ စရိယ ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာစစ်၊ စာ ထောက် ဆရာတော်များ အပါး ၁၀ဝ ခန့်က ကြီးကြပ်ဆောင်ရွက် ပေးကြမည်ဖြစ်သည်။

    ယခုနှစ်ကျင်းပသော ရာမညနိကာယ မွန်ပရိယတ္တိစာဖြေပွဲ ဝင်ရောက်ဖြေဆိုမည့် ရဟန်းသံဃာတော် များသည့် ယခင်နှစ်ထက် ပိုများကြောင်း သိရသည်။

    ထို့နောက် စာဖြေပွဲမှ အောင်မြင်သွားသည့် ရဟန်းတော်များအတွက် ဆုချီးမြှင့်သည့်အခမ်းအနားကို ယခင်နှစ်က ကျိုက်မရောမြို့တွင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် သံဖြူဇရပ်မြို့၌ ကျင်းပသွားမည်ဟု ဆရာတော်က မိန့်သည်။

    နှစ်စဉ်ကျင်းပလေ့ရှိသည့် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ပရိယတ္တိစာဖြေပွဲကို ယခုအခါ (၃၁) ကြိမ်မြောက် ရရှိခဲ့ပြီးဖြစ်သည်။

    ယင်းစာဖြေမည့် သံဃာတော်များအတွက် ဆွမ်းတစ်ရက်ကို ငွေကျပ် ၁၀ သိန်း၊ ဆွမ်းတစ်နပ်ကို ငွေကျပ် ငါးသိန်း၊ ဆွမ်းတစ်ဝိုင်းလျှင် ငွေကျပ် ငါးထောင်၊ အချိုပွဲ တစ်နပ်လျှင် ငွေကျပ် တစ်သိန်း ကုန်ကျမည်ဖြစ်ရာ အလှူရှင်များ ပါဝင်လှူဒန်းလိုပါက သာသနာ(၂၅၀ဝ)ကျောင်းထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. အကြံပြုချင်သော အချက်များ၊ ဘာကြောင့်စာမေစပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ရယ်၊ မည်သည့် သက်ဆိုင်ရာဒေသမှ စာဖြေသူများ ဝင်ပျိုင်နေသလဲ၊ ပါဝင်ပျိုင်ခွင့်ရှိသလဲ၊ ယမန်နှစ် နှင့် ယခုနှစ်ကွာဟချက်၊ မည်သည့်ဒေသမှ စာဖြေသူ အများဆုံးဝင်ပြိုင်သလဲ ဆိုသော အချက်အလက်များ ဖြည်စွက်ပေးပါက ပိုပြီး ကောင်းမွန်ပါကြောင်း အကြံပြုအပ်ပါသည်။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks