spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့မှ ၁၀ တန်း ဖြေမည့်ကျောင်းသားကျောင်းသူများ ကြာအင်းဆိပ်ကြီးမြို့သို့ ယခုနှစ်လည်း သွားဖြေဆိုနေရဆဲ

    ဘုရားသုံးဆူမြို့မှ ၁၀ တန်း ဖြေမည့်ကျောင်းသားကျောင်းသူများ ကြာအင်းဆိပ်ကြီးမြို့သို့ ယခုနှစ်လည်း သွားဖြေဆိုနေရဆဲ

    -

    မင်းတော်လဝီ – ၂၀၁၃ခုနှစ်မတ်လ ၁၃ ရက်မှစ၍၁၀တန်းစာမေးပွဲကို စတင်ဖြေဆိုရမည်ဖြစ်ရာ စာစစ်ဌာနမရှိသည့် ထိုင်းမြန်မာနယ်စပ်မြို့ ဘုရားသုံးဆူမြို့နယ်မှ ကျောင်းသားကျောင်းသူများသည် ကြာအင်းဆိပ်ကြီးမြို့သို့ သွားစာဖြေနေရဆဲဖြစ်သည်ဟုသိရသည်။

    စာစစ်ဌာနဖွင့်ခွင့်ရရှိရေးအတွက် ယမန်နှစ်ကတည်သက်ဆိုင်ရာသို့ တင်ပြတောင်းခံထားသော်လည်း ခွင့်ပြုချက် မချမှတ်ပေးသေးသဖြင့်ဘုရားသုံးဆူမြို့မှမိုင်(၅၀) ခန့်ဝေးသည့်ကြာအင်းဆိပ်ကြီးမြို့ သို့ ယခုလိုသွားရောက်ဖြေဆို နေရဆဲဟု ၁၀ တန်းကျောင်းသား မိဘတဦးကပြောသည်။

    ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူ တဦး၏ ပြောပြချက်အရ ဘုရားသုံးဆူမြို့ မှာ စာစစ်ဌာန ရရှိနိုင်ရန် အဓိက လမ်းပန်းလုံခြုံ ချောမွေ့မှုနှင့် လုံခြုံမှုက အဓိက ဖြစ်သည်ဟု ပြောသည်။

    “ကျောင်းသားကျောင်းသူတွေ စာသွားဖြေဖို့မတ်လ(၅)ရက်နေ့ကသွားရတယ်၊ အခက်အခဲ အမျိုးမျိုး တွေ့ရတဲ့ကလေးတွေကိုအားပေးပြီးစာသွားဖြေခိုင်းနေရတယ်၊အထူးသဖြင့်ကလေးတွေကိုလိုက်လံ ပြုစုဖို့မိဘတွေလည်း လိုက်ပါသွားရတယ်”ဟု ဘုရားသုံးဆူမြို့ ကကျောင်းသားမိဘတဦးကပြောသည်။

    ယ္ခုနှစ်မှာ ဘုရားသုံးဆူအထက်တန်းကျောင်းမှ ၁၀တန်း ဖြေဆိုမည့် ကျောင်းသားကျောင်းသူ ဦးရေ မှာ ၅၉ ဦး ရှိပြီး ကြီးကြပ်ကွပ်ကဲသည့်သူမှာကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးဌေးနှင့်ဆရာဆရာဆရာမများ လိုက်ပါပြီး ကြာ အင်းဆိပ်ကြီးမြို့ အလယ်တန်းကျောင်းခွဲတွင် နေထိုင်ကြရသည်ဟု ဘုရားသုံးဆူမြို့မှ ဆရာတဦးကပြောသည်။

    “ကျောင်းသားကျောင်းသူတွေက ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတဘက်မှာ မြို့ကြီးတွေ လောက် မပြည့်စုံတော့ဆရာတွေရဲ့သင်ကြားပြသမှု ပိုပြီးဂရုစိုက်ပြီး သင်ပြခဲ့လို့ ကျောင်းသား တွေအားတက်နေကြတယ်” ဟု ဆရာကပြောသည်။

    ယခင်နှစ် ၂၀၁၂ ကဘုရားသုံးဆူမြို့အထက်တန်းကျောင်းမှ ၁၀ တန်းကျောင်းသားကျောင်းသူ ပေါင်း ၇၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ၂၃ဦးအောင်မြင်ခဲ့ပြီး ၃၁ရာနှုန်းအောင်မြင်မှုရရှိခဲ့သည်။ယခုနှစ်မှာ ဝင်ရောက် ဖြေဆိုသည့် ကျောင်းသား ကျောင်းသူပေါင်းမှာ၅၉ ဦးဝင်ရောက်ဖြေဆိုကြမည်ဟု ဆရာကပြောသည်။

    “ကြာအင်းဆိပ်ကြီးကိုစာသွားဖြေတဲ့ ကျောင်းသား တဦးရဲ့ စားစရိတ်ကစာဖြေရက်ပြီးဆုံးသည်အထိ ကျပ် တစ်သိန်း ထည့်ဝင်ရတယ်၊ ဒါတောင် ခရီး စရိတ်မပါ” ဟုကျောင်းသားမိဘ တဦးကပြောသည်။

    ဘုရားသုံးဆူမှ ကြာအင်းဆိပ်ကြီးမြို့ သို့သွားရန် ဘုရားသုံးဆူမြို့ပေါ်ရှိ မော်တော်ယာဉ် အသင်းမှမော် တော်ယာဉ် များကိုအသွားအပြန်အခမဲ့စီစဉ်ဆောင်ရွက်ပေးထားသလိုဓါတ်ဆီ ဒီဇယ် အရောင်း ဆိုင်များ မှလည်း ဆီအတွက် ပါဝင်ကူညီပေး သည်ဟုသိရသည်။

    ဒါ့အပြင် ကျောင်းသားကျောင်းသူများ လိုအပ်သည့်အထွေထွေ ကုန်ကျစရိတ်များကိုလည်း ဘုရားသုံး ဆူမြို့ ပညာတန်ဆောင်အဖွဲ့နှင့်မိခင်နှင့်ကလေးအသင်းကလည်းတတ်အားသ၍ ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေး သည်ဟု ဘုရားသုံးဆူ လူမှုရေးအသင်းမှ မြို့ခံ တဦးကပြောသည်။

    ဘုရားသုံးဆူမြို့တွင်ကျောင်းသားကျောင်းသူများပညာသင်ကြားနိုင်ရန်အထက်တန်းကျောင်းတစ်ကျောင်းအလယ်တန်းကျောင်းတစ်ကျောင်းနှင့်မူလတန်းကျောင်း(၅)ကျောင်းရှိသည်ဟုဘုရားသုံးဆူမြို့မှပညာရေးဝန် ထမ်းတဦး က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks