spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေး ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ပတ်သက်၍ HCCG ကြေညာချက်ထုတ်ပြန်

    ငြိမ်းချမ်းရေး ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ပတ်သက်၍ HCCG ကြေညာချက်ထုတ်ပြန်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရနှင့် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တို့အကြား အမျှော်အမြင်ရှိသည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများကို ကျန်းမာရေးဆိုင်ရာ ဆုံချက် ရနိုင်ရေးဆောင်ရွက်မည့် အစုအဖွဲ့ (HCCG)မှ ကြိုဆိုကြောင်း မတ်လ ၁၁ ယနေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

    HCCG ၏ ကြေညာချက်
    HCCG ၏ ကြေညာချက်

    HCCG အဖွဲ့ဝင်ဖြစ်သည့် မယ်တော်ဆေးခန်းမှ ဒေါက်တာစင်တီယာမောင်က “အဓိက နယ်စပ်ဒေသမှာ ရှိနေတဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းနဲ့ မြန်မာနိုင်ငံက ဆေးပညာရှင်အသင်း တို့နဲ့ပူး ပေါင်း ပြီးတော့ နယ်စပ်ဒေသမှာရှိတဲ့ ကျန်းမာရေးအခြေအနေနဲ့ ကျန်းမာရေးစနစ်တွေ လုပ်ငန်း စဉ်မြှင့်တင်ဖို့၊ အထူးသဖြင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊မွန်ပြည်နယ် တွေဘက်က ကျန်းမာ ရေးအဖွဲ့အစည်းနဲ့ နယ်စပ်ဒေသက ကျန်းမာရေးအဖွဲ့အစည်းအချင်းချင်း အားလုံးပူးပေါင်းပြီတော့ ရေရှည် အကျိုးရှိတဲ့ ကျန်းမာရေးစနစ်တွေကို တည်ဆောက်နိုင်ဖို့ ကျမတို့ရဲ့ပုံမှန်ညှိနှိုင်းဆွေး နွေးပွဲ အပေါ်ကရလာတဲ့ရလဒ်အပေါ်မှာ ရည်ရွယ်ပြီးတော့ ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်လိုက်တာပါ” ဟု ပြောသည်။

    ဆယ်စုနှစ်ပေါင်းများစွာပဋိပက္ခဖြစ်စဉ်အတွင်း တိုင်းရင်းသားလူထုများနှင့် အဖွဲ့အစည်းများသည် ကျန်း မာရေးစောင့်ရှောက်မှုဆိုင်ရာဖွဲ့စည်းပုံစနစ်များကို ကိုယ်တိုင်တည်ဆောက်ခဲ့ကြပြီး ပဋိပက္ခများ ဖြစ်ပွါး နေသောဒေသနှင့် အစိုးရ၏ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမမှီသည့် ဝေးလံသီခေါင်သော ဒေသများအတွက် အဓိကကျန်းမာရေးစောင့်ရှောက်သူများအဖြစ် ဆက်လက်တည်ရှိနေသည်။

    ထိုကဲ့သို့ လွန်စွာအရေးပါသည့်အစုအဖွဲ့များသည် ပြည်နယ်နှင့်ပြည်ထောင်စု၏ ကျန်းမာရေးစနစ်ကို ဆုံချက်ရယူတည်ဆောက်ပြီးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ယင်းကြေညာ ချက်တွင် ဖော်ပြထားသည်။

    ထို့ကြောင့် HCCG သည် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ဦးတည်သည့် ငြိမ်းချမ်းသော အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို အထောက်အကူပြုစေမည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများနှင့် ဆက်နွယ်ပတ်သက်သော အခြေခံလမ်းညွှန်မှုများ ၉ ချက်ကိုလည်း ချမှတ်ရေးဆွဲပြဌာန်းခဲ့သည်။

    HCCG ၏ ကြေညာချက်
    HCCG ၏ ကြေညာချက်
    ယခုကာလတွင် ကောင်းမွန်သောအနာဂတ်ကိုမျှော်မှန်းသည့် တွေ့ဆုံဆွေးနွေးမှုများသည် လူသား ချင်းစာနာသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လွန်စွာအထောက်အကူပြုစေပြီး လူထုများနှင့်ပြည်နယ်အဆင့်များ ငြိမ်းချမ်းရေးတည်ဆောက်မှုကိုလည်း အထောက်အကူဖြစ် စေလိမ့်မည်ဟု အထက်ပါ ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

    ကျန်းမာရေးဆိုင်ရာဆုံချက်ရနိုင်ရေးဆောင်ရွက်မည့်အစုအဖွဲ့ HCCG ကို တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း(၄)ဖွဲ့နှင့် နယ်စပ်ဒေသအခြေစိုက် လူထုအခြေပြု ကျန်းမာရေးအဖွဲ့အစည်း (၄)ဖွဲ့ဖြင့် စုပေါင်းပြီး ၂၀၁၂ ခုနှစ် မေလတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    ၎င်းအဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း၊ နယ်လှည့်ကျောပိုးအိတ်ကျန်း မာရေးလုပ်သားအဖွဲ့၊ ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန၊ ကရင်နီနယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုကော်မတီ၊ မယ်တော်ဆေးခန်း၊ မွန်အမျိုးသားကျန်းမာရေးကော်မတီ၊ အမျိုး သားကျန်းမာရေးနှင့်ပညာရေးကော်မီတီနှင့် ရှမ်းကျန်းမာရေးကော်မတီတို့ ပါဝင်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks