spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်း၃၁ ကြိမ်မြောက် ရာမညနိကာယ ပရိယတ္တိမွန်စာဖြေပွဲကျင်းပမည်

    ၃၁ ကြိမ်မြောက် ရာမညနိကာယ ပရိယတ္တိမွန်စာဖြေပွဲကျင်းပမည်

    -

    မင်းတော်လဝီ – မွန်ဆရာတော်ကြီးများကြီးမှူးသည့်ရာမညနိကာယပရိယတ္တိမွန်စာပြန်ပွဲကိုအလှူရှင်များ၏စေတနာလှူဒါန်း ထောက်ပံ့ မှုဖြင့်နှစ်စဉ်ကျင်းပလာရာ ယခုနှစ်တွင်(၃၁)ကြိမ်မြောက်ရှိ လာပြီးဖြစ်သည်။ ယင်းစာဖြေပွဲကို၁၃၇၄ခုနှစ် တပို့တွဲလကွယ်၂၀၁၃ခုနှစ်မတ်လ(၁၁)ရက်နေ့မှ(၁၅)ရက်နေ့ အထိ မော်လမြိုင်မြို့သာသနာ့၂၅၀ဝကျောင်း၌ ကျင်း ပသွားမည်ဟုသိရသည်။

    ရာမညနိကာယပရိယတ္တိစာဖြေပွဲကိုပါဠိ၊အဌကထာ၊ဒီကာ များကို မွန်ဘာသာဖြင့် ဖြေဆိုရသည့် စာဖြေပွဲ ဖြစ်ပြီး ဒေသမရွေးသီတင်းသုံးနေသည့်ရဟန်း၊သာမဏေ၊သီလရှင်များသည် မွန်ဘာ သာဖြင့်သာဝင်ရောက်ဖြေဆိုရ သည့် စာဖြေပွဲတော်ဖြစ်သည်။

    “စေတနာရှင်ဒါယကာများရဲ့ ထောက်ပံ့မှုနဲ့ ရာမညနိကာယ မွန်ပရိယတ္တိစာဖြေပွဲကို နှစ်စဉ်ကျင်းပခဲ့တာ အခု နှစ်ဟာ (၃၁)ကြိမ်ရှိခဲ့ပြီ၊ ယခင်နှစ်ကစာဖြေမွန်သံဃာ၊သာမဏေနဲ့ သ႘လရှင်၅၆ ပါးအပါဝင်၊ အပါးရေ ၁၇၀ဝ ခန့်ရှိခဲ့တယ်”ဟု နိုင်ချစ်ငွေ ဥက္ကဌ မွန်ပရိယတ္တိစာဖြေပွဲ ကျင်းပရေးကော် မတီကပြောသည်။

    ယခုနှစ်စာဖြေသံဃာအပါးရေသည် ယခင်နှစ်ကထက် ပိုလာနိုင်သလိုသ႘လရှင် အပါးရေလည်း ပိုနိုင်လာနိုင်သည်၊ ဆွမ်းကွမ်းအတွက်လည်း ပြည့်စုံအောင် ဒါယကာများဘက်က စီစဉ်ထားသည်ဟု ပြောသည်။

    ယခုနှစ်မှာ စာဖြေသံဃာ၊သာမဏေနှင့် သီလရှင်များ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်မှ စာဖြေ သံဃာ၊သာမဏေအပါးရေအများဆုံးဖြစ်ပြီးရန်ကုန်၊ပဲခူး၊တနင်သာရီတိုင်းကော့သောင်မြို့အထိမွန်သံဃာများကြွရောက်ဖြေဆိုကြ မည်ဟုသိရသည်။

    “ယခုနှစ်မှာသီလရှင်များအပါအဝင်ရဟန်း၊သာမဏေအပါးရေ(၁၇၀ဝ)ထက်ပိုလာနိုင်တယ်”ဟု နိုင်ချစ်ငွေကပြောသည်။

    “နှစ်စဉ်ကျင်းပမြဲအတိုင်းမူလတန်း၊အငယ်တန်း၊အလတ်တန်း၊အကြီးတန်းနဲ့ဓမ္မာစာရိယတန်းအထိဖြေဆိုရမည် အပြင်ဂုဏ်ထူးတန်းလည်းဖြေဆိုနိုင်တယ်”ဟုဘဒ္ဒန္တ ကေသရ တွဲဘက်အတွင်းရေးမှူး မွန်ပရိယတ္တိစာသင်တိုက် ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့ ကမိန့်သည်။

    စာမေးပွဲတွင် သြဝါဒစရိယဆရာတော်များ၊ကြီးကြပ်ရေး၊စာစစ်၊စာထောက်၊ဆရာတော်များ အပါးရေ ၁၀ဝ ရှိတယ်ဟုလည်း မိန့်တော်မူသည်။

    စာဖြေရက်အတွင်းဆွမ်းကွမ်းအလှူရှင်များလှူဒါန်းနိုင်ရန်တရက်ကုန်ကျငွေမှာကျပ်၁၀သိန်းရှိပြီးတဦးချင်းအလှူရှင်၊စုပေါင်းအလှူရှင်အနေဖြင့်လည်းပါဝင်လှူဒါန်းနိုင်ကြောင်းကိုလည်းနှိုးဆော်ထားသည်ဟုစာမေးပွဲ ကျင်းပရေး ကော်မတီဥက္ကဌကပြောသည်။

    တပို့တွဲလကွယ်နေ့(မတ်လ၁၁ရက်)မှာသံဃာစုဖြစ်ပြီး မတ်လ ၁၂မှ ၁၅ ရက်နေ့ရက်နေ့အထိ စာဖြေပြီး၁၅ ရက်နေ့မှာပင် ရေစက်ချအလှူတော်မင်္ဂလာပြုလုပ်သွားမည်ဖြစ်သည်။
    ရာမညနိကာယပရိယတ္တိအဖွဲ့သည်ရှေးအစဉ်အဆက်ကတည်းကတည်ရှိလာသောသာသနာရေးအဖွဲ့အစည်းတရပ်ဖြစ်သည်။

    ၁၃၄၃ခုနှစ်မှစ၍ရာမညဓမ္မစာရိယအမည်ဖြင့်ပရိယတ္တိမွန်စာပေဖြေဆိုပွဲ၊ပရိယတ္တိဆိုင်ရာမွန်စာပေများပြုစုရေးသားထုတ်ဝေခြင်းများဆောင်ရွက်လာခဲ့သည်။

    ယခုအခါရာမညနိကာယပရိယတ္တိအဖွဲ့အမည်ဖြင့် တည် ရှိလာရာ ယခု ၃၁ နှစ်မြောက်ဖြစ်လာပြီးဖြစ်သည်။

    ရာမညနိကာယပရိယတ္တိအဖွဲ့တွင်ဘဒ္ဒန္တဥတ္တရ၊တရနာကျောင်း၊ကျိုက္မရောမြို့နယ်၊ဥက္ကဌဆရာတော်။

    ဘဒ္ဒန္တသီလစာရမော်လမြိုင်အောက်ပဲခူးပရိယတ္တိစာသင်တိုက်ဒုတိယဥက္ကဌဆရာတော်။ဘဒ္ဒန္တပါလရာမညပရိယတ္တိဝေဒီစာသင်တိုက်မော်လမြိုင်ဒုဥက္ကဌဆရာတော်။ဘဒ္ဒန္တစန္ဒောဘာသဘုရားကျောင်းပေါင်မြို့အတွင်းရေးမှူးဆရာ တော်။ ဘဒ္ဒန္တ နန္ဒသာရ မြို့လယ်ကျောင်းစာသင်တိုက် ကျိုက္ခမီမြို့ တွဲဘက် အတွင်းရေးမှူးနှင့်ဘဒ္ဒန္တ ကေသရ မွန်ပရိယတ္တိစာသင်တိုက် ဗိုလ်တထောင် ရန်ကုန်မြို့တို့နှင့် ဖွဲ့စည်းထားပြီး ပရိယတ္တိစာပေများစည်ပင်ပြန့်ပွားရန် တာဝန်ယူဆောင်ရွက်တော်မူသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks