spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ရေးမြို့၏ ပထမဆုံးအကြိမ် စာပေဟောပြောပွဲ ကျင်းပ ပြီးစီး

    မွန်ပြည်နယ် ရေးမြို့၏ ပထမဆုံးအကြိမ် စာပေဟောပြောပွဲ ကျင်းပ ပြီးစီး

    -

    ခတ္တာနန်း – မွန်ပြည်နယ် ရေးမြို့နယ်တွင် အလင်းအိမ်လူငယ်စာဖတ်အသင်း၊ နှလုံးလှလူငယ်အဖွဲ့ နှင့် ရေးမြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများ စုပေါင်းကျင်းပသော ပထမဆုံးအကြိမ် စာပေဟောပြောပွဲကို အောင်မြင်စွာ ပြုလုပ်ပြီးစီး နိုင်ခဲ့ကြောင်း စာပေဟောပြောပွဲ စီစဉ်သူ ကိုကျော်စိုးတင့်က ပြောသည်။

    ရေးမြို့တွင် ပထမဆုံးအကြိမ် စာပေဟောပြောပွဲ (အလင်းအိမ်လူငယ် စာဖတ်အသင်း) facebook
    ရေးမြို့တွင် ပထမဆုံးအကြိမ် စာပေဟောပြောပွဲ (အလင်းအိမ်လူငယ် စာဖတ်အသင်း) facebook
    “ကျနော်တို့ ရေးမြို့နယ်မှာက စာဖတ်တဲ့လူတွေ တအားနည်းနေတယ် စာပေဟောပြောပွဲ ပြုလုပ်ခြင်းဖြစ် စာဖတ်တဲ့လူတွေများလာမယ်၊ စာပေဟောပြောပွဲကနေ ရလာတဲ့ အသိတရာကနေပြီးတော့ အမှားအမှန်တွေကို သူတို့ခွဲခြားတတ်လာမယ် အဲဒီရည်ရွယ်ချက်နဲ့ အခုလို စာပေဟောပြောပွဲကို လုပ်ရတာပါ” ဟု စာပေဟောပြောပွဲ စီစဉ်သူ ကိုကျော်စိုးတင့်က ပြောသည်။

    ရေးမြို့ ပထမဆုံးအကြိမ် စာပေဟောပြောပွဲကို မတ်လ ၂ – ၃ ရက်နေ့တွင် ရေးမြို့ ရွှေဆံတော်စေတီ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ပြီး ပထမရက်တွင် တက်ရောက်သူပေါင် ၆၀ဝ ဦး ဝန်းကျင်ခန့် ရှိကြောင်းနှင့် ဒုတိယရက်တွင် တက်ရောက်သူပေါင်း ၈၀ဝ ဦး ဝန်းကျင်ခန့် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

    စာပေဟောပြောပွဲ၏ ပထမရက်တွင် ဆရာဟိန်းလတ်မှ (ဆင်းရဲခြင်းလွတ်ကင်အောင်)၊ နှင့် နုနုရည် (အင်းဝ)က (ကဗျာဆရာတစ်ယောက်မွေးဖွားခြင်း) စသော ခေါင်စဉ်ဖြစ် ဟောပြောသွားပြီး ဒုတိယနေ့ အဖြစ် ဆရာကျော်ဝင်းမှ (မြန်မာ့လူမှုနိုင်ငံရေးတန်ဖို့နှင့် ဒီမိုကစီအပြောင်အလဲ) နှင့် ဆရာမ ဂျူး မှ (ရသစာပေ၌ မွေ့လျော်ခြင်း) စသော ခေါင်စဉ်များဖြစ် ဟောပြောသွားကြောင်း သိရသည်။

    စာပေဟောပြေပွဲ စီစဉ်သူ ကိုကျော်စိုးတင့်က “ အဓိက ကတော့ စာပေဟောပြောပွဲကို အဓိက ထားတာပေါ့ ဒါပေမဲ့ ကျနော်တို့ ဒီမှာလာဟောပြောတဲ့ ဆရာတွေရဲ့ စာအုပ်တွေကိုလည် ဟောပြောပွဲ လာတဲ့လူတွေကို ကံစမ်းမဲဖောက်ပေးပါတယ်၊ ၂ ညလုံး ကံစမ်းမဲ ဖောက်ပေးပါတယ်” ဟု ပြောသည်။

    စာပေဟောပြောပွဲ ဖြစ်မြောက်ရန်အတွက် အလင်းအိမ်လူငယ်စာဖတ်အသင်း၊ နှလုံးလှလူငယ်အဖွဲ့ နှင့် ရေးမြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများမှ ဦးဆောင်ပြီး ရေးမြို့နယ် စာရေးဆရာအသင်းနှင့် မြို့မိ မြို့ဖများမှလည်း ဝိုင်းဝန်းကူညီခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင်လည်း ဥတ္တရအလင်း စာကြည့်တိုက်မှ ဦးစီးပြီး ဒုတိယအကြိမ်စာပေဟောပြောပွဲအား ၃ ရက်ကျင်းပခဲ့ပြီး ယခုလတွင် ရေးမြို့၌ ပထဆုံးအကြိမ်း စာပေဟောပြောပွဲ ပြုလုပ်ကျင်ပခဲ့ကြောင်း သိရသည်။

    သံဖြူဇရပ်မြို့ စာပေဟောပြောပွဲတွင် ဒါရိုက်တာ ကြည်စိုးထွန်း၊ နုနုရည်(အင်းဝ)၊ ဒေါ်သန်းမြင့်အောင်၊ ကာတွန်းဝင်အောင်၊ ကျော်ဝင်း၊ အော်ပီကျယ် တို့မှ ဟောပြောသွားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks