spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမြန်မာအစိုးရနှင့်ကချင်ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီတက်ရောက်မည်

    မြန်မာအစိုးရနှင့်ကချင်ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီတက်ရောက်မည်

    -

    မင်းသုတ – တရုပ်ပြည်နယ်စပ် ရွှေလီမြို့၌ မကြာမီရက်ပိုင်းတွင်ကျင်းပမည့် မြန်မာအစိုးရနှင့် ကချင်လွတ်လပ် ရေးအဖွဲ့ KIO ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီကိုယ်စားလှယ် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

    ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်နိုင်ငံ) ၌ နိုင်ထောမွန် မိန့်ခွန်းပြောကြားခဲ့စဉ်(Kaowao)
    ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်နိုင်ငံ) ၌ နိုင်ထောမွန် မိန့်ခွန်းပြောကြားခဲ့စဉ်(Kaowao)
    ယင်းဆွေးနွေးအခမ်းအနားသို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ကိုယ်စားလှယ်အဖြစ် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် တက်ရောက်မည် ဖြစ်သည်။

    မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက “ ကချင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ကျနော်တို့ဘဝတူတိုင်းရင်းသားတွေ ဝိုင်းဝန်းကြိုးပမ်းအဖြေပေးရမှာ ဖြစ်တယ်” ဟု ပြောသည်။

    အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီပြည်တိုးတက်ရေးပါတီ KNPP ထပ်ပိုင်းခေါင်း ဆောင်အချို့လည်း UNFC အဖွဲ့ဝင်ကိုယ်စားလှယ်အဖြစ် ယင်းဆွေးနွေးပွဲသို့ တက်ရောက်ကြမည် ဖြစ်သည်။

    ထို့အပြင် မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တပ်မတော်အရာရှိကြီးအချို့ တက်ရောက်မည်ဟုလည်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များထံမှ သိရသည်။

    ထို့အတူ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်း နောင်နှင့် ကချင်ပြည်နယ် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးသန်းအောင်တို့လည်း တက်ရောက်ကြမည်ဟု သတင်းဌာနများက ရေးသားဖော်ပြထားသည်။

    KIO ဘက်မှ ထိပ်ပိုင်းအရာရှိ ၁၀ ဦးခန့် ယခုဆွေးနွေးပွဲသို့ တက်ရောက်ကြမည် ဖြစ်သည့်အတွက် အပစ်ရပ်စဲရေးအတွက် တိုးတက်မှုများရရှိနိုင်မည်ဟု အကဲခတ် ပြောဆိုနေကြသည်။
    ၂၀၁၃ ခုနှစ်အတွင်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၄ ရက်နေ့၌ ရွှေလီမြို့၌ မြန်မာအစိုးရကိုယ်စားလှယ်နှင့် KIO ကချင်လွတ်လပ်ရေးကိုယ်စားလှယ်အဖွဲ့ ပထမတစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။

    ထိုဆွေးနွေးပွဲသို့ တရုပ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာနမှ သံအမတ်ကြီး မစ္စတာလျိုကျောင်ဝေ့၊ KNU ဥက္ကဌ စောမူတူးစေးဖိုး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။

    ဦးအောင်မင်း ဦးဆောင်သောပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC တို့သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံခဲ့စဉ် UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၁) ဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန် ခြေလှမ်း စတင်ခဲ့သည်။

    ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ကို ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသော တိုင်းရင်းသား လူမျိုးများ ညီလာခံတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks