spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်း(၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပခဲ့

    (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပခဲ့

    -

    အေမီ – နှစ်စဉ် တပို့တွဲလပြည့်ကျော်(၁) ရက်နေ့တွင် မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ကျရောက်သော ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားများကို ဒေသအသီးသီးတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြသည်။

    ပေါင်မြို့-မွန်အမျိုးသားကျင်းပရေးဗဟို စင်မြင့်(Internet)
    ပေါင်မြို့-မွန်အမျိုးသားကျင်းပရေးဗဟို စင်မြင့်(Internet)
    မွန်အမျိုးသားနေ့ ဗဟိုစင်မြင့်အခမ်းအနားအား နှစ်စဉ်မြို့နယ်အလိုက် အလှည့်ကျကျင်းပလျှက်ရှိရာ ယခုနှစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့၊ မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဖြစ်သည်။

    အလားတူ ရန်ကုန်မြို့ မွန်အမျိုးသားနေ့အခမ်းအနားအား ပြည်သူ့ရင်ပြင်၌ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ မြို့တော်ဝန် ဦးလှမြင့်နှင့် ကျင်းပရေးကော်မတီဥက္ကဌ နိုင်ဖေတင်တို့က အခမ်းအနားကို ညနေ ၆ နာရီတွင် စတင်ဖွင့်လှစ်ခဲ့သည်။

    ယင်းသဘာပတိအဖွဲ့ဝင်များတွင် မင်းကိုကိုကြီး၊ နိုင်ငွေသိမ်း(MDP)၊ နိုင်စိုက်ရော့၊ နိုင်မင်းတင်သောင်း၊ နိုင်အောင်သွင်၊ နိုင်ချစ်ဖေ၊ ဒေါက်တာမင်းတင်မွန်၊ နိုင်ရည်သောင်း၊ နိုင်ငွေသိန်း (AMDP)၊ နိုင်ပန်းစိန်နှင့် နိုင်ထွန်းညွန့်တို့ ပါဝင်ကြသည်။

    အခမ်းအနားသို့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာတွင် သူမ၏အဖွားတစ်ဦးသည် မွန်တိုင်းရင်းသူဖြစ်ခဲ့သဖြင့် သူမသည်မွန်လူမျိုးနှင့်အမျိုးတော်စပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြာရာတွင် “ ကျွန်မအမေဘက် အဘွားက သနွန်သငေါ့ ဆိုတဲ့ရွာကလာတဲ့အတွက် မွန်မျိုးဆက်ကနေဆင်းသက်တယ်လို့ ကျွန်မ ယုံကြည်တယ်၊ သမီး မိန်းကလေးတွေဆိုရင် မိ တပ်ပြီးတော့ခေါ်ပါတယ်၊ အိမ်မှာအမေက ကျွန်မကို မိစုလို့ ခေါ်တယ်၊ ဒီလို မခေါ်ရင် ကျွန်မစိတ်ဆိုးနေသလိုပဲ၊ ဒီအခမ်းအနားတက်ရောက်ရတာ ကျမရဲ့အမျိုးတွေရဲ့ပွဲကိုလာတာပဲ” ဟု ပြောကြားချက်များကို Sky Net ရုပ်မြင်သံကြားတွင်တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး YouTube အင်တာနက်များတွင်လည်း ကြည့်ရှုနိုင်သည်။

    ထို့အတူဧည့်သည်တော်များစွာ တက်ရောက်ခဲ့ကြရာတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်နှင့် သံရုံးအဖွဲ့ဝင်အချို့၊ မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်းများ တက်ရောက်ခဲ့ကြသည်။

    အလားတူအခမ်းအနားများတွင် မော်လမြိုင်မြို့ မွန်အမျိုးသားနေ့အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။

    နေပြည်တော်ရောက် မွန်လွှတ်တော်ကိုယ်စားလှယ်များကြီးမှူး၍ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သင်္ဂဟဟိုတယ်တွင် ညနေပိုင်းတွင် အလားတူအခမ်းအနားနှင့် ညစာစားပွဲကျင်းပခဲ့သည်ဟု သိရသည်။

    ယခုနှစ် မွန်အမျိုးသားနေ့အခမ်းအနားများအား မွန်ပြည်နယ်အတွင်းရှိ မြို့ရွာအသီးသီးများအပြင် ပြည်ပနိုင်ငံများတွင်လည်း အခမ်းအနားများကျင်းပခဲ့သည်။

    သာသနာသက္ကရာဇ် ၁၁၁၆ ခု၊ တပိုတွဲလပြည့်ကျော် ၁ ရက်နေ့တွင် ဟံသာဝတီ(ပဲခူး) မွန်နေပြည်တော်တည်ထောင်သည့်နေ့ရက်အား မွန်အမျိုးသားနေ့ဟု သတ်မှတ်ကျင်းပခဲ့ရာ ယခုနှစ်တွင် ၆၆ ကြိမ်ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks