spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမြန်မာအစိုးရနှင့် UNFC နှစ်ဖက်ကိုယ်စားလှယ်ဆွေးနွေးပွဲ စတင်ကျင်းပ

    မြန်မာအစိုးရနှင့် UNFC နှစ်ဖက်ကိုယ်စားလှယ်ဆွေးနွေးပွဲ စတင်ကျင်းပ

    -

    မင်းသုတ – မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားများ လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့တို့ ယနေ့နံနက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဆွေးနွေးပွဲ စတင်ကျင်း ပနေပြီ ဖြစ်သည်။

    မြန်မာအစိုးရနှင့် UNFC ကိုယ်စားလှယ်ဆွေးနွေးပွဲ(Facebook)
    မြန်မာအစိုးရနှင့် UNFC ကိုယ်စားလှယ်ဆွေးနွေးပွဲ(Facebook)
    ဆွေးနွေးပွဲသို့ UNFC ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွင် နိုင်ဟံသာ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် ဒေါက်တာလဂျာ(KIO)၊ အဖွဲ့ဝင်များအဖြစ် ဖဒိုဒေါ့လေးမူ (KNU)၊ ဦးအောင်ဆန်းမြင့်(KNPP) ၊ ခူဦးရယ်(KNPP)၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (PNLO)၊ ဒေါက်တာ ခင်မောင်(ANC-NUP)၊ တာအိုက်ဖုန်း(PSLF)၊ ဒုတိယ ဗိုလ်မှူးကြီး ဆင်ဝါ(KIA)၊ ဗိုလ်မှူးကြီး ဆော်လမွန် (LDU) အစရှိသဖြင့် စုစုပေါင်း (၁၂) ဦး ပါဝင်ခဲ့သည်။

    မြန်မာအစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဦးကျော်ရင်လှိုင်၊ ဦးမင်းဇော်ဦး၊ ဦးဖြိုးဝေကျော် စသည့် ၁၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

    ဆွေးနွေးပွဲပါဝင်တက်ရောက်သူ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ အခြေအနေ ၇၀% လောက်ကောင်းမွန်ပြီး နှစ်ဖက်ခေါင်းဆောင် တွေအကြားမှာ ယုံကြည်မှုပို၍တည်ဆောက်လာနိုင်တယ်” ဟု နေ့လည်စာစားချိန် အစည်းအဝေးခေတ္တရပ်နားစဉ် Holiday Inn ဟိုတယ်၌ သတင်းထောက်များကို ပြောခဲ့ခြင်းဖြစ်သည်။

    UNFC နှင့် မြန်မာအစိုးရကိုယ်စားလှယ် ဝန်ကြီးဦးအောင်မင်းတို့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ တွင် ချင်းမိုင်မြို့၌ အလွတ်သဘောတစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းအရ ဖြေရှင်းသွားရန်၊ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးဖေါ်ဆောင်သွားရန်နှင့် ကချင် KIO နယ်မြေ၏လက်နက်ကိုင်ပဋိပက္ခကိစ္စများကို UNFC ပါဝင်ညှိနှိုင်းဖြေရှင်းသွားရန် စသည့်အချက်များ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။

    နိုင်ဟံသာက “UNFC အနေနဲ့ အစိုးရနဲ့ဆွေးနွေးဖို့ မူ(၆) ချက်ရေးဆွဲထားပြီးဖြစ်တယ်၊ အဲဒီမူအတိုင်း UNFC က ရပ်တည်ပြီး ဆွေးနွေးသွားမယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီနှင့် ကြိုတင် အင်တာဗျူးတစ်ခုတွင် ယင်းကဲ့သို့ပြောကြားခဲ့သည်။

    တိုင်းရင်းသားလူမျိုးများညီလာခံတစ်ရပ်ကို ချင်းမိုင်မြို့၌ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ မှ ၁၆ ရက်အထိ ၃ ရက်ကြာကျင်းပခဲ့ရာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်စဉ်အဆင့်(၆) ဆင့်ချမှတ်ခဲ့ပြီး UNFC က သမ္မတဦးသိန်းစိန်ထံ ပေးပို့ခဲ့ပြီး ဖြစ်သည်။

    ၄င်းလုပ်ငန်းစဉ်အဆင့်များတွင် လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများနှင့် နယ်ပယ်အဖွဲ့ အစည်းအသီးသီး ကိုယ်စားလှယ်များပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်၊ နှစ်ဖက်လက် ခံနိုင်သောနေရာတွင်ဆွေးနွေးရာတွင် နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့များစောင့်ကြည့်ရေးနှင့် မီဒီယာ များမှလွတ်လပ်စွာသတင်းများထုတ်ပြန်ရေး၊ သက်ဆိုင်ရာပြည်နယ်ဒေသအလိုက် နယ်ပယ်အသီး သီးမှကိုယ်စားလှယ်များနှင့် အမြင်ဖလှယ်ကြရန်၊ ပြည်ထောင်စုညီလာခံကြီးတစ်ရပ်ပြုလုပ်ရန် စသည့်အချက်များပါဝင်သည်ကို သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။`

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts