spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း ဒေါက်တာဗညာအောင်မိုးပြော

    ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း ဒေါက်တာဗညာအောင်မိုးပြော

    -

    အေမီ – မြန်မာနိုင်ငံတဝန်းရှိ မြို့ကြီးများတွင်သာမက ကျေးလက်ဒေသများတွင်လည်း မိုဘိုင်းဖုန်း ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဒေါက်တာဗညာအောင်မိုးက ပြောသည်။

    မိုဘိုင်းဖုန်းဆက်သွယ်ရေး ဆင်းကဒ်တွေ့ရပုံ(facebook)
    မိုဘိုင်းဖုန်းဆက်သွယ်ရေး ဆင်းကဒ်တွေ့ရပုံ(facebook)
    ဖော်ဖေဝါရီလ ၁၉ ရက်နေ့ နေပြည်တော် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပစဉ်တွင် ဒေါက်တာဗညာအောင်မိုးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    သူက “လမ်းပန်းဆက်သွယ်ရေး အလှမ်းဝေတဲ့ ကျေးလက်တောရွာတွေမှာ ဆက်သွယ်ရေးကောင်း မွန်လာမယ်ဆိုရင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အထိုက်အလျှောက် ဖြည်းဆည်းရာရောက်ပါတယ်” ဟု ဟြေသည်။

    မြန်မာ့ဆက်သွယ်ရေး အင်တာနက်သတင်း စာမျက်နှာဖေါ်ပြချက်အရ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ယနေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် အိတ်ချိန်းဌာနပေါင်း (၈၈၇)ခု ရှိခဲ့ပြီး အော်တိုတယ်လီဖုန်းနှင့် လက်သုံးတယ်လီဖုန်း လိုင်းအင်အား (မိုဘိုင်းဖုန်းအပါအဝင်) (၇၃၄,၂၁၉)ရှိပြီဟု သိရသည်။

    ထို့အပြင် မိုကကရိုဝေ့စခန်းပေါင်း(၂၂၉)ခု၊ မိုကကရိုဝေ့ဆက်ကြောင်း (၁ဝ၆)ခုနှင့် မိုကကရိုဝေ့ခယ်နယ်ပေါင်း(၅ဝ,၂၂ဝ)ရှိခဲ့ပြီး ပြည်ပဂြိုလ်တု ဆက်သွယ်ရေးမြေပြင်စခန်း(၂)ခု ၊ ဂြိုလ်တုဆက်သွယ်ရေး ချယ်နယ်(၆ဝ၃)ခုနှင့် အပြည်ပြည်ဆိုင်ရာတယ်လီဖုန်း ချယ်နယ် (၁,၇၆၄)ကိုလည်း တပ်ဆင်နိုင်ခဲ့ပြီးဖြစ်သည်။

    ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း က၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိ်ုးသားစီမံကိန်းတွင် ဆက်သွယ်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ မိုဘိုင်းဖုန်းများအား နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ 3G နှင့် အထက် သုံးစွဲနိုင်ရန် သတ်မှတ်ဆောင်ရွက်သွားမည်ဟု ယမန်နေ့က နေပြည်တော် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။

    ဒုတိယ ဝန်ကြီး ဦးဝင်းသန်းက “3G မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးပြုနိုင်တဲ့ ကိစ္စရပ်များအပြင် ဆက်သွယ်ရေးဝန်ဆောင်မှုများဖြစ်တဲ့ ICT Eco System ဖြစ်တဲ့ဥပမာ Government,e –Visa,e-Procurement ,e –License,e-Payment, Online Billing System တို့ကိုလည်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမယ်”ဟု ပြောသည်။

    ၄င်းအပြင် မြို့ပြနှင့်ကျေးလက် တယ်လီဖုန်း သိပ်သည်းဆ(Density) တစ်ပြိုင်နက်အချိုးညီ တိုးတက်ရန်မျော်မှန်းချက်အနေဖြင့် အသစ်ဖြစ်ပေါ်လာမည့် Operator များမှ လုပ်ငန်းဆောင် ရွက်ရာတွင် ရရှိမည့်ဝင်ငွေ၏ အချိုးတစ်ခုကို Universal Service Obligation (USO) ရန်ပုံငွေ အဖြစ် ထူထောင်မည်ဟုလည်း ဆိုသည်။

    ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပြည်တွင်း ပြည်ပမှ စိတ်ဝင်စားသည့် အော်ပရေတာကုမ္ပဏီများအား လုပ်ငန်းလိုင်စင် တင်ဒါလျှောက်လွှာများ ပေးပို့ရန် ၂၀၁၃ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှတဆင့် ဖိတ်ခေါ်ခဲ့ရာ ယခုအခါ ကုမ္ပဏီပေါင်း ၉၁ ခု လျှောက်ထားခဲ့ကြသည်ဟု သိရသည်။

    ယင်းကဲ့သို့ တင်ဒါလျှောက်ထားရာကြရာတွင် ကမ္ဘာ့ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီကြီးများလည်း ပါဝင်ကြပြီး အာရှ၊ အမေရိကမြောက်ပိုင်းနှင့် လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပ၊ ကျွန်းနိုင်ငံများနှင့် အာဖရိက ဒေသများမှ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများ ပါဝင်ကြသည်။

    ယခင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းဆင်းကဒ်တစ်ခု ငှားရမ်းအသုံးပြုခမှာ ကျပ် ၃၀ သိန်းမှ ၂၀ သိန်း၊ ထို့နောက် ၁၅ သိန်းမှ ၅ သိန်းအထိရှိခဲ့ရာမှ ယခုအခါ အမျိုးအစားအလိုက် ကျပ်တစ်သိန်းမှ နှစ်သိန်းအထိ ဈေးနှုန်းများတည်ရှိနေသေးသည်။

    ထို့အပြင် လာမည့်ဧပြီလ(၁)ရက်နေ့စ၍ မြန်မာ့မိုဘိုင်းဖုန်းဆင်းကဒ်ဈေးနှုန်းထပ်မံလျှော့ချမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဈေးနှုန်းအတိအကျကိုမသိရှိရသေးပေ။

    အလားတူ အိမ်နီးချင်းထိုင်းနိုင်ငံတွင် မိုဘိုင်းဖုန်းဆင်းကဒ်တစ်ခုဈေးနှုန်းမှာ ၅၀ ဘတ်၊ မြန်မာကျပ်ငွေအားဖြင့် ၁၃၀ဝ ကျပ်ဝန်းကျင်သာဈေးနှုန်းရှိနေပြီး မြို့ပြကျေးရွာတိုင်းရှိ စတိုးဆိုင်များတွင် လွပ်လပ်စွာဝယ်ယူ ရရှိနိုင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks