spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့တွင် စာပေဟောပြောပွဲ ကျင်းပပြီးစီး

    သံဖြူဇရပ်မြို့တွင် စာပေဟောပြောပွဲ ကျင်းပပြီးစီး

    -

    ခတ္တာနန်း – မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကြာကန်ဘော်လုံးကွင်း (ဓနသဟာယ စစ်သင်္ချိုင်းနယ်မြေ) တွင် ပြည်တောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဥတ္တရအလင်း စာကြည့်တိုက် ဒုတိယအကြိမ် စာပေဟော ပြောပွဲကို ၃ ညတိတိ ကျင်းပခဲ့သည်။

    သံဖြူဇရပ်မြို့ စာပေဟောပြောပွဲ အခမ်းအနား မြင်ကွင်း
    သံဖြူဇရပ်မြို့ စာပေဟောပြောပွဲ အခမ်းအနား မြင်ကွင်း
    မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့ပြီး မတူကွဲပြား သည့် လူမှုအသိုင်းအဝိုင်းအားလုံး အတူတကွနေနိုင်ရန် ပြည်သူများအသိအမြင် အယူအဆ မြင့်တက် လာရေးအတွက်ရည်ရွယ်၍ ယခုကဲ့သို့စာပေဟောပြောပွဲပြုလုပ်ရခြင်းဖြစ်သည်ဟု စာပေဟောပြောပွဲ ဖြစ်မြောက်ရေးတာဝန်ခံ ကိုမင်းလတ်က ပြောသည်။

    ကိုမင်းလတ်က “ဒီလိုစာပေဟောပြောပွဲတွေကို ရှေ့မှာဆက်လုပ်ဖို့အတွက်ကို ရည်မှန်းထားပါတယ်၊ ဒါပေမဲ့ အခုအနေနဲ့ ကြည့်မယ်ဆိုရင် ၉၀ ရာခိုင်နှုန်းလောက်တော့ ကျနော်တို့ အောင်မြင်ပါတယ် ဘာလို့လည်း ဆိုတော့ တစ်ညဆိုရင် ပုံမှန် လူဦးရေ ၁၂၀ဝ ပတ်ဝန်းကျင်လောက် ကို ရှိခဲ့တယ်” ဟု ပြောသည်။

    ယခုဒုတိယအကြိမ် ကျင်းပသည့်စာပေဟောပြောပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ သုံးညတိုင်တိုင်ကျင်းပခဲ့ပြီး ပထမနေ့တွင် ဒါရိုက်တာ ကြည်စိုးထွန်းက “စာပေအကြောင်း၊ ရုပ်ရှင်အကြောင်း’’ နှင့် နုနုရည် (အင်းဝ) တို့က “ကျမရေးတဲ့စာ ကျမဖတ်တဲ့စာ” ဟူသော ခေါင်းစဉ်ဖြစ် ဟောပြောခဲ့သည်။

    ထို့အပြင် စာပေဟောပြောပွဲသို့ တက်ရောက်ရန် ဒေါ်သန်းမြင့်အောင် နှင့် မောင်သာချိုတို့အား ဖိတ်ကြားထားသော်လည်း မောင်သာချို မလာနိုင်သဖြင့် ကာတွန်းဝင်းအောင်အား အစားထိုး ခဲ့ရကြောင်း သိရသည်။

    ဟောပြောပွဲ နောက်ဆုံးည၌ ဆရာကျော်ဝင်းက “မြန်မာ့ဒီမိုကရေစီအရေးနှင့် ဖွံ့ဖြိုးရေးမျက်နှာစာများ” ဟူသော ခေါင်းစဉ်နှင့် ဟောပြောပြီး ဆရာအော်ပီကျယ်က “ဤခရီးနီးသလား” ဆိုသော် ခေါင်းစဉ်ဖြစ် ဟောပြောခဲ့ကြောင်း သိရသည်။

    စာပေဟောပြောပွဲနှင့်အတူ ပန်းချီ ကာတွန်းပြပွဲလည်း ခင်းကျင်းပြထား၍ စိတ်ဝင်စားသူ ဧည့်ပရိသတ်များစွာ လာရောက်ကြည့်ရှူ့ခဲ့ကြသည်။

    “ ကာတွန်းက သူတို့လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း တိုတိုတုတ်တုတ်နဲ့ သူတို့ နားလည်နိုင်တဲ့ အရာလည်း ဖြစ်တယ် ဆိုတော့ အတော်များများက ကြိုက်ကြတယ်၊ နောက်ပြီး ဒီကာတွန်းပြပွဲက ပထမဆုံးအကြိမ် လုပ်တာလည်း ဖြစ်တယ်” ဟု ကိုမင်းလတ်က ဆက်ပြောသည်။

    ဒုတိယအကြိမ် စာပေဟောပြောပွဲ ဖြစ်မြောက်ရန်အတွက် ဥတ္တရအလင်းမှ ဦးဆောင်ပြီး၊ လုပ်အာပေး အနှင့် မွန်သွေးလှူရှင်အဖွဲ့၊ မွန်လူငယ်အဖွဲ့ (သံဖြူဇရပ်)၊ ဗုဒ္ဓဂုဏ်ရည် စာကြည့်တိုက်အဖွဲ့တို့မှ ဝိုင်းဝန်းလုပ်ဆောင်ကြကြောင်း ငွေကြေးရံပုံငွေများကို ဥတ္တရအလင်းမှအလှူငွေများ ရရှိထားသည်။

    မွန်ပြည်နယ် သံဖြူဇရပ်မြို့ ပထမအကြိမ်စာပေ ဟောပြောပွဲကို လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ပြည်ထောင် စုနေ့တွင် စတင်အကောင်အထည်ဖော် ပြုလုပ်ခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်သည် ဒုတိယအကြိမ် ဖြစ် ကြောင်း သိရသည်။

    အလားတူ ရေးမြို့စာပေဟောပြောပွဲကို လာမည့် မတ်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ရေးမြို့ ရွှေဆံတော်စေတီဓမ္မာရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks