spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းကြက်ဆူသီးစားမိသော ကျောင်းသား ၁၅ ဦး ဆေးရုံရောက်

    ကြက်ဆူသီးစားမိသော ကျောင်းသား ၁၅ ဦး ဆေးရုံရောက်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ ၃ ရပ်ကွက်ရှိ မူလတန်းလွန် ကျောင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျောင်းသား/သူး ၁၅ ဦးကျော် ကြက်ဆူသီးများစားမိ၍ မူးဝေအော့အန်သဖြင့် ဆေးရုံတင်ခဲ့ရကြောင်း ကျောင်းသားမိဘများက ပြောသည်။

    အဆိပ်ဓါတ်ပါသောကြက်ဆူစေ့(Internet)
    အဆိပ်ဓါတ်ပါသောကြက်ဆူစေ့(Internet)
    ဖေဖော်ဝါရီလ မွန်းလွဲပိုင်း ၃ နာရီအချိန်ခန့်၌ ကျောင်းဝင်းအတွင်း စိုက်ပျိုးထားသော ကြက်ဆူပင်မှ ကြက်ဆူသီးများအား ခူးယူစားသုံးမိရာမှ မူးဝေအော့အန်ဝေဒနာခံစားခဲ့ကြရသဖြင့် ဆေးရုံသို့ အချိန်မီပို့ဆောင်ခဲ့ရသည်ဟု ကျောင်းသားမိဘတဦးက ပြောသည်။

    ၎င်းက “ညနေကျောင်းမဆင်းခင်အချိန်လောက်ပေါ့ ကျောင်းက ဆရာမတွေ အကြောင်းကြား လာတယ်၊ ကလေးတွေ ကြက်ဆူသီးစားပြီးတော့ ဆေးရုံတင်ရမယ်တဲ့ အဲတော့ ဆေးရုံတင်လိုက်တယ် အခု ကျမသားလေး အိမ်ပြန်ရောက်နေပြီး တချို့ကလေးတွေ ဆေးရုံကနေမဆင်းရသေးဘူး ဓါတ်ဆားရည်တွေသွင်းနေတုန်းပဲရှိတယ်” ဟု ပြောသည်။

    ဆေးရုံတင်ထားသည့် ကျောင်းသား ၁၆ ဦးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေကြသကဲ့သို့ တချို့မှာ ပြင်ပလူနာအဖြစ် ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

    ကြက်ဆူသီး စားမိသော ကလေးများသည် ခေါင်းမူးမိုက်ပြီး တံတွေအရည်များထွက်ကာ မူးဝေးအော့ အန်နေကြကြောင်း တချိုးမှာ ဝမ်းလျှော်သည်အထိဖြစ်နေကြသည်ဟု ကျောင်းသားမိဘများက ပြောသည်။

    “ဆေးရုံတင်ထားတဲ့ကလေးတွေပြောတော့ ကြက်ဆူသီးက အရသာချိုဆိမ့်တယ်လို့ပြောကြတယ်၊ တချို့ကလေးတွေဆို ၁၀ လုံးထက်မနည်းစားထားတာရှိတယ် ” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

    ရပ်ကွက် ၃ ရှိကြက်ဆူပင်များစိုက်ပျိုးထားရှိသည့် အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမ ၂၄ ဦးခန့်နှင့် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၉၀ဝ ကျော် ပညာသင်ကြားလျှက်ရှိသော မူလလွန်ကျောင်းဖြစ်သည်။

    ယခင် အစိုးရလက်ထက်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ပျိုးခဲ့သော ကြက်ဆူပင်အများစုမှာ လက်ရှိတွင် ဒေသအချို့၌ ဖြစ်ထွန်းအောင်မြင်မှုနည်းပါးနေသေးသည်။

    နအဖစစ်အစိုးရခေတ်တွင် မဖြစ်မနေစိုက်ပျိုးခဲ့ကြရာတွင် အစိုးရဌာန၊ စာသင်ကျောင်း၊ ဆေးရုံများတွင် စီမံကိန်းဝင် ကြက်ဆူသီးမှာ ဇီဝလောင်စာအဖြစ် ထုတ်လုပ်နိုင်မည်ဟု ရည်ရွယ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အနည်းဆုံးကြက်ဆူပင် ဧကငါးသိန်းကျော်စီ စိုက်ပျိုးစေခဲ့ကြောင်း ယခင်အစိုးရ လက်ထက်ထုတ် နိုင်ငံပိုင်သတင်းများတွင် ဖော်ပြပါရှိခဲ့သည်။

    အလားတူ လွန်ခဲ့သည့် ဒီဇင်ဘာလတွင် ကချင်ပြည်နယ်၊ မိုးကောင်း မြို့နယ်၊ နမ္မတီးကျေးရွာ အုပ်စု မရမ်းကျေးရွာရှိ အထက်တန်း ကျောင်း တစ်ကျောင်း၌ ကျောင်းသူ၊ ကျောင်းသား ၃၀ကျော် ကြက်ဆူသီးများ စားမိ၍ မူးဝေအော့အန် ဝမ်းလျှောသဖြင့် ဆေးရုံသို့ အချိန်မီပို့ခဲ့ရကြောင်း နမ္မတီးကျေးရွာ အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်က ပြောကြားချက်ကို သတင်းဌာနများက ရေးသားဖော်ပြခဲ့သည်။

    ကြက်ဆူအဆိပ်သင့်ပါက အစောပိုင်းလက္ခဏာများသည် အသက်ရှုစနစ်ကို ထိခိုက်စေလေ့ရှိပြီး အသက်ရှုခက်ခဲခြင်း၊ အသက်ရှုရပ်ခြင်း၊ ဝမ်းခေါင်းပိုင်း ပြည့်အင့်ခြင်း နှင့် ချောင်းဆိုးခြင်းတို့ ဖြစ်တတ်သည်ဟု ကျန်းမာရေးစာစောင်များတွင်ရေးသား ဖော်ပြထားသည်။

    ၄င်းနောက်ကြက်ဆူဆိပ်သင့်သည့် ရောဂါလက္ခဏာများသည် လျင်လျင် မြန်မြန် တိုးပွားလာပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ၊ အဆုတ်ရည် (အဆုတ်တွင်းအရည်)ဆိုင်ရာ ပြဿနာများမှာ ပိုဆိုး လာပြီး နောက်ဆုံးတွင် အသက်ရှုပိတ်ခြင်းတို့ ဖြစ်လာတတ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks