spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်တိုင်းရင်းသားဘာသာဖြင့် သတင်းဂျာနယ်ထုတ်ဝေခွင့်ရရှိပြီ

    မွန်တိုင်းရင်းသားဘာသာဖြင့် သတင်းဂျာနယ်ထုတ်ဝေခွင့်ရရှိပြီ

    -

    မင်းသုတ – ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မွန်တိုင်းရင်းသားဘာသာဖြင့် လစဉ်ထုတ်ဝေလျှက်ရှိသော စနောင်း တိုင်း Guiding Star(ဓူဝံကြယ်) သတင်းစုံဂျာနယ်အား ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှစ၍ ပြည်တွင်း၌ တရားဝင်ထုတ်ဝေခွင့်(ယာယီ)ရရှိပြီဟု သိရသည်။

    ၁၉၆၂ ခုနှစ်မတိုင်မီ ထုတ်ဝေခဲ့သော မွန်သတင်းစဉ်(internet)
    ၁၉၆၂ ခုနှစ်မတိုင်မီ ထုတ်ဝေခဲ့သော မွန်သတင်းစဉ်(internet)
    စနောင်းတိုင်း အယ်ဒီတာချုပ် မင်းစိန်တီ(ခေါ်) နိုင်စိုင်းက “လာမယ့် မတ်လကစပြီး တရားဝင် ထုတ် သွားမှာဖြစ်တယ်၊ တရားဝင်ဖြန့်ချိခွင့်မရှိခဲ့တဲ့
    အရင်ကာလတွေမှာတော့ ပြည်တွင်း စာဖတ်ပုရိသတ် တွေကို အခမဲ့ဝေပေးခဲ့ပါတယ်၊ ပြည်တွင်းမှာက မွန်ကျောင်းသားတွေနဲ့ ကျေးရွာအလိုက် မွန်စာ ပေယဉ်ကျေးမှုအဖွဲ့တွေရှိနေတော့ ဖြန့်ချိရေးအတွက် သိပ်ပြီး အခက်အခဲရှိမှာ မဟုတ်ဘူးလို့ ယူဆပါတယ်” ဟု ပြောသည်။

    ယခုအခါ စနောင်းတိုင်း Guiding Star ရုံးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းတွင် ရုံးဖွင့်လှစ်ထားရှိခဲ့ပြီး ဖြစ်သည်။
    စနောင်းတိုင်း အယ်ဒီတာအဖွဲ့ဝင် ဗညားအောင်က “တစ်လတစ်ကြိမ်ကနေ တစ်ပတ်တစ်ကြိမ်ထုတ် ဝေနိုင်အောင် ကြိုးစားမယ်၊ မွန်ဘာသာနဲ့သတင်းရေးသားနိုင်တဲ့ သတင်းထောက်တွေကို မွေးထုတ် ဖို့အစီအစဉ်ချထားပါတယ်၊ သတင်းထောက်တွေလိုနေတယ်” ဟု ပြောသည်။

    အလားတူ မွန်တိုင်းရင်းသားဘာသာဖြင့် ၃ လတစ်ကြိမ်ထုတ်ဝေလျှက်ရှိသော အမာတ်ဒိန် စာစောင် လည်း တရားဝင်ထုတ်ဝေခွင့် ရရှိပြီဟု သိရသည်။
    ထို့အပြင် မော်လမြိုင်အခြေစိုက် မြန်မာဘာသာဖြင့်ထုတ်ဝေလျှက်ရှိသော သံလွင်တိုင်မ်းဂျာနယ် သည်လည်း ယခုလမှစ၍ မွန်ဘာသာဖြင့် အချပ်ပိုထုတ်ဝေခဲ့သည်ကို တွေ့ရှိရသည်။

    ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုမည် ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ တိုင်းရင်းသားဘာသာများအပါအဝင် သတင်းစာထုတ်ဝေခွင့်များ တင်ပြလျှောက် ထားနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

    ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက်ပိုင်း ပုံနှိပ်အက်ဥပဒေထွက်ပေါ်လာပြီး တိုင်းရင်းသားဘာသာဖြင့် သတင်းစာထုတ်ဝေခွင့်များ ကန့်သတ်ပိတ်ပင်ခဲ့သည်။

    မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာလတွင် ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်က မွန်တိုင်းရင်း သားဘာသာဖြင့် မွန်သတင်းစဉ်(လိက်ပရိုင်မန်) MON Bulletin ၁၉၄၀ ခုနှစ်မှစတင်ထုတ်ဝေခဲ့ပြီး ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက်ပိုင်း၌ ထုတ်ဝေခွင့်မရရှိတော့ပေ။
    စနောင်းတိုင်း Guiding Star(ဓူဝံကြယ်) မွန်သတင်းစာသည် ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်(၉–၉၉) ရက်နေ့မှစတင်၍ လစဉ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks