spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းရေး-ဘုရားသုံးဆူ ကားလိုင်းကြေးကောက်ခံသည့်ကိစ္စအား သက်ဆိုင်ရာသို့တိုင်ကြား

    ရေး-ဘုရားသုံးဆူ ကားလိုင်းကြေးကောက်ခံသည့်ကိစ္စအား သက်ဆိုင်ရာသို့တိုင်ကြား

    -

    အေမီ – မွန်ပြည်နယ်၊ရေးမြို့မှ ဘုရားသုံးဆူနယ်စပ်မြို့သို့ ပြေးဆွဲလျှက်ရှိသော ခရီးသည်တင် မော်တော်ယာဉ်တစ်စီးလျှင် ရေးမြို့မရဲစခန်းကြေးအတွက် ငွေကျပ်တစ်သိန်းခွဲ (၁၅၀ဝ၀ဝိ) ပေးဆောင်ရန် ကြားခံလူများမှတဆင့် ကောက်ခံခိုင်းနေသည့်ကိစ္စအား သက်ဆိုင်ရာသို့စာရေးတိုင်ကြားထားကြောင်း ကားသမားများက ဟြေသည်။

    တိုင်ကြားသူ ၁၄ ဦးလက်မှတ်ရေးထိုးထားပုံ(IMNA)
    တိုင်ကြားသူ ၁၄ ဦးလက်မှတ်ရေးထိုးထားပုံ(IMNA)
    ထိုသို့လိုင်းကြေးကောက်ခံနိုင်ရန် ရေးမြို့မရဲစခန်းနယ်ထိန်းတာဝန်ခံ ဒုရဲအုပ်နိုင်ဝင်းသိန်းက ရေးမြို့၊ တံတားဖြူအနီးရှိ အိုင်ဘုတ်ရွာနေ ဦးဆယ်ပြား ဆိုသူအား ရေး-ဘုရားသုံးဆူကားသမားများထံမှ ၄င်းလိုင်းကြေးငွေများစည်းရုံးကောက်ခံပေးရန် စေခိုင်းထားသည်ဟု သိရသည်။

    ကားသမားတစ်ဦးက “ကျနော်တို့ကားသမားတွေ သူတို့တောင်းတဲ့ငွေကို အပြည့်မပေးနိုင်ကြသေးဘူး၊ တကယ်လို့ တစ်သိန်းခွဲအပြည့်ပေးပြီးရင်တောင်မှ တရားဝင်မဟုတ်တဲ့အတွက် ကျနော်တို့ကား ကိုမဖမ်းနိုင်ဘူးလို့လဲ အာမခံနိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။

    လက်ရှိတွင် ရေး-ဘုရားသုံးဆူမြို့သို့ အပြန်အလှန်ပြေးဆွဲနေသည့် လေးဘီးယက်ယာဉ်ငယ်(4-WD) ၂၀ စီးရှိရာတွင် အားလုံးလိုလိုမှာ တရားဝင်လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်သည်ဟု သူက ပြောသည်။

    ယခင်နှစ်ပွင့်လင်းရာသီတွင် မော်တော်ယာဉ်တစ်စီးလျှင် လိုင်းကြေးငွေကျပ်နှစ်သိန်းသုံးသောင်း (၂၃၀ဝ၀ဝိ) နှုန်းဖြင့် ကားသမားဦးအောင်မျိုးဆွေ ဦးဆောင်၍ ရေးမြို့မရဲစခန်းအတွက် ကောက်ခံပေးခဲ့သည်ဟု ၄င်းကားသမားအများစုပေါင်းလက်မှတ်ရေးထိုးထားသော တိုင်ကြားစာအရ သိရသည်။

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ရေးမြို့သို့ အပြန်အလှန်ပြေးဆွဲနေသည့် မော်တော်ယာဉ် (၂၀)စီးရှိသည့်အနက် ကားသမား (၁၄) ဦးလက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မရုံး၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရဲချုပ်ရုံး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီထံသို့ လိပ်မူပြီး မိတ္တူကို ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်ထွေအုပ်ရုံး၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ထွေအုပ်ရုံးအသီးသီးသို့ တိုင်ကြားစာပေးပို့ခဲ့သည်။

    ၄င်းတိုင်ကြားစာရေးသားဖေါ်ပြချက်အရ ရေးမြို့ပေါ်နှင့်အနီးတဝိုက်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ပြေးဆွဲလျှက်ရှိကြရာ ဖမ်းဆီးလိုသည့်အချို့မော်တော်ယာဉ်ကိုသာ ဖမ်းဆီးခြင်းရှိခဲ့သည်ဟု သိရသည်။

    မွန်ပြည်နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ပြီးခဲ့သော ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စတင်ဖမ်းဆီးတော့မည်ဖြစ်ကြောင်း အာဏာပိုင်များက အသိပေးကြေညာ ထားပြီးဖြစ်သည်။

    သို့သော် လွန်ခဲ့သည့် ဇန်နဝါရီလ(၂၀) ရက်နေ့တွင် ရေးမြို့ပေါ် တပလ္လင်နှစ်ဆူဘုရားရှေ့၌ ဘုရားသုံးဆူမှ ကုန်တင်လာသော ယာဉ်မောင်းဦးတင်လှ၏ လိုင်စင်မဲ့တိုယို တာနှစ်ခန်းတွဲ ကားတစ်စီးအား ဒုရဲအုပ်နိုင်ဝင်းသိန်းနှင့်အဖွဲ့ဖမ်းဆီးနေစဉ် အခြားလိုင်စင်မဲ့ ကားတစ်စီးဖြတ် သန်းလာသော်လည်း လုံးဝရပ်တန့်စစ်ဆေးမှုမပြုခဲ့ဟု ၄င်းတိုင်ကြားစာတွင် ရေးသားဖေါ်ပြထားသည်။

    ရေးမြို့မရဲစခန်းနှင့်နီစပ်သူတစ်ဦးက “နိုင်ဝင်းသိန်းက အဲဒီတိုင်ကြားစာမှာ လက်မှတ်ထိုးခဲ့တဲ့ ကားသမား ၁၄ ယောက်ကို တရားစွဲမယ်လို့သတင်းထွက်နေတယ်” ဟု ပြောသည်။

    ဘုရားသုံးဆူနယ်စပ်မှ ပြည်တွင်းသို့ မော်တော်ယာဉ်ပြေးဆွဲနေသည့် ရေးလမ်း၊ သံဖြူဇရပ်လမ်းနှင့် ကြာအင်းဆိပ်ကြီးလမ်း ၃ လမ်းရှိအနက် ရေးလမ်းသည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်မှုအောက်တွင် ရှိပြီး ကျန်လမ်း ၂ လမ်းမှာ ကေအင်ယူ ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks