spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူဖောက်ထွင်းဝိဇ္ဇာသူခိုးလက်ရဖမ်းဆီးသူများအား ဂုဏ်ပြုပွဲကျင်းပ

    ဘုရားသုံးဆူဖောက်ထွင်းဝိဇ္ဇာသူခိုးလက်ရဖမ်းဆီးသူများအား ဂုဏ်ပြုပွဲကျင်းပ

    -

    အေမီ – ထိုင်းမြန်မာနယ်စပ်-ဘုရားသုံးဆူမြို့နယ်ခွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ ဖောက်ထွင်းဝိဇ္ဖာသူခိုး လက်ရဖမ်းဆီးပေးသူများအားဂုဏ်ပြုပွဲ အခမ်းအနားတစ်ရပ် ယခုလ( ၂) ရက်နေ့ ညပိုင်းတွင် စင်တင်တေးဂီတဖြင့် ကျင်းပခဲ့သည်။

    ဘုရားသုံးဆူဖောက်ထွင်းဝိဇ္ဇာသူခိုးလက်ရဖမ်းဆီးသူများအား ဂုဏ်ပြုပွဲ(IMNA)
    ဘုရားသုံးဆူဖောက်ထွင်းဝိဇ္ဇာသူခိုးလက်ရဖမ်းဆီးသူများအား ဂုဏ်ပြုပွဲ(IMNA)
    ဘုရားသုံးဆူမြို့၊ (၃) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ှပြည်ခိုင်ဖြိုးပါတီရုံးရှေ့၌ ည ၈ နာရီခန့်တွင် အခမ်းအနားစတင်ကျင်းပခဲ့ရာ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၊ ခလရ ၃၂ စစ်ကြောင်း ၂ ဗိုလ်ကြီး တင်ထွေးမောင်၊ ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးခိုင်ဝင်း နှင့်ပါတီဝင်များ၊ NLD၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်များ၊ ငြိမ်းချမ်းရေးအဖွဲ့ဝင်များ၊ ကလိုထူးဘောတပ်ဖွဲ့ ဗိုလ်စိုင်းမင်းမင်း(အေဝမ်း အဖွဲ့)၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိ မြို့ဖများတက်ရောက်ကြသည်ကို တွေ့ရှိရသည်။

    မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအေးကို အမှာစကားပြောကြားခဲ့ရာတွင် “ဒီဖောက်ထွင်းဝိဇ္ဇာသူခိုးက ရွှေထည် ငွေထည် ပိုက်ဆံအဓိကထားပြီးခိုးတယ်၊ လက်နက်ကိုင်လုံခြုံရေးအင်အားများတဲ့ကျနော်တို့ မြို့မှာ ဒီသူခိုးကိုမဖမ်းဆီးနိုင်ခဲ့ဘူး၊ အခုလိုတာဝန်သိ ရပ်မိရပ်ဖတွေ ဒီသူခိုးကိုဖမ်းဆီးနိုင်တဲ့အတွက် အရမ်းဝမ်းသာကြပါတယ်၊လုပ်ငန်းရှင်တွေနဲ့ ဌာနအသီးသီးကပုဂ္ဂိုလ် ၂၈ ဦးအသီးသီးက ချီးမြှင့်ငွေထိုင်းဘတ် ၁၀ဝ ၊ ၂၀ဝ၊ ၅၀ဝ ချီးမြှင့်ခဲ့တာပါ ”ဟု ပြောသည်။

    သူခိုးဖမ်းပေးသူများဖြစ်ကြသည့် ရပ်ကွက်(၃)နေ မင်းမင်း၊ ကြည်ထွေး၊ ကျော်လွင်၊ သိန်းနိုင်မိုး(ခ)မုတ်ဆိတ်တို့ (၄)ဦးအား ဆုငွေများချီးမြှင့်၍ စင်တင်တေးဂီတဖျော်ဖြေတင်ဆက်ခဲ့ခြင်း ဖြစ်သည်။

    ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃)၊ နှင်းဆီလမ်းသွယ် ၅-၆ အကြားနေ ကိုသိန်းမိုးနိုင်(ခ) မုတ်ဆိတ်၏နေအိမ်အတွင်းသို့ ယခုလ ၂၆ ရက်နေ့၊ နံနက်(၁) နာရီအချိန်ခန့်တွင် ဝင်ရောက်ခဲ့စဉ် အိမ်ရှင်နိုးပြီးပတ်ဝန်းကျင်သို့ လိုက်လံအကူအညီတောင်း၍ ငခြောက် အသက်(၄၅)နှစ်အား ဝိုင်းဝန်းဖမ်းဆီးမိခဲ့သည်။

    သို့ရာတွင် ခိုးရာပါပစ္စည်းများမတွေ့ရှိသည့်အတွက် သူခိုးဟုယူဆရသူ ရီဝင်း(ခ)စိုးဝင်း(ခ)ငခြောက်အား အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၇ ဖြင့် အမှုဖွင့်ထားပြီး ကြာအင်းဆိပ်ကြီးမြို့ရဲစခန်းသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

    သူခိုးဟုယူဆသူရသူ ငခြောက်သည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာဇာတိဟုသိရပြီး လက်ရှိတွင် ဘုရားသုံးဆူမြို့၊ ငုဝါလမ်းသွယ်(၇) ၌ မိသားစုများနှင့်အတူ တန်းလျားငှားနေထိုင်ခဲ့သည်။

    ဘုရားသုံးဆူမြို့၌ ခိုးမှုများမကြာခဏပေါ်ပေါက်ခဲ့ရာတွင် လက်ရဖမ်းဆီးမှုများ မရှိခဲ့သေးသော်လည်း ယခုအခါ ရပ်ကွက်နေလူထုအကူညီဖြင့် ဖောက်ထွင်းဝိဇ္ဇာသူခိုးကိုဖမ်းဆီးမိသည့်ဖြစ်ရပ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts