spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ဆယ်မြို့နယ်ရှိ ရပ်/ကျေးအချို့တွင် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရမည်

    မွန်ပြည်နယ် ဆယ်မြို့နယ်ရှိ ရပ်/ကျေးအချို့တွင် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရမည်

    -

    ရဲမွန် – မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေနှင့် ညီညွတ်မှု မရှိဟု ဆိုပြီး တိုင်ကြားမှုများ ရှိခဲ့ခြင်းကြောင့် ပြန်လည်စိစစ်ကာ ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဦး က ပြောသည်။

    သံဖြူဇရပ်မြို့နယ် ကျုံကရုတ်ရွာ ကျေးရွာအုပ်ချုပ်ရေးမှူးအစမ်းလေ့ကျင့်စဉ်
    သံဖြူဇရပ်မြို့နယ် ကျုံကရုတ်ရွာ ကျေးရွာအုပ်ချုပ်ရေးမှူးအစမ်းလေ့ကျင့်စဉ်
    “ပြည်နယ် အစိုးရအဖွဲ့ကတော့ သူတို့ဆီ တိုင်ထားတာတွေကို ပြန်ပြီး စိစစ်နေတယ်။ တကယ်လို့ ဥပဒေနဲ့ မညီဘူးဆိုရင်တော့ အသစ်ပြန်ရွေးဖို့ ဆုံးဖြတ်သွားလိမ့်မယ်” ဟု သံဖြူဇရပ်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဦးနိုင်ဦး က ပြောသည်။
    ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခဲ့ပြီးနောက် မသမာမှုများ ရှိသည်ဟု ဆိုကာ တိုင်ကြားမှုများ ဆက်တိုက်ရှိနေသည်ဟုလည်း သူက ပြောသည်။

    အဓိကအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ရပ်မိရပ်ဖများ အနေနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဥပဒေကို ကောင်းမွန်စွာ နားမလည်ခြင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက ရပ်/ကျေး အုပ်ချုပ်ရေးမှူးဟောင်းများကို ပြန်လည် အရွေးခံစေလိုခြင်း စသည်တို့သည် ပြဿနာ၏ အဓိကအကြောင်းရင်း ဖြစ်သည်ဟု ဆိုသည်။

    ၎င်းပြင် ၂၀၁၅ ရွေးကောက်ပွဲတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် အရေးပါသည့်အတွက် နိုင်ငံရေးပါတီများကလည်း မိမိတို့ ပါတီဝင်များ ရပ်/ကျေး အုပ်ရေးမှူး ဖြစ်ရန် အပြိုင်အဆိုင် ကြိုပမ်းရာမှ အဆင်မပြေမှုများ ဖြစ်ပေါ်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

    မုဒုံမြို့နယ်ရှိ ကျေးရွာ အများစုတွင် ပြည်ခိုင်ဖြိုး ပါတီဝင်များ အရွေးမခံရသည့်အတွက် မြို့နယ်သို့ ကန့်ကွက်စာ တင်ထားရာမှ အပြန်အလှန် ကန့်ကွက်မှုများ ဖြစ်ပေါ်နေသည်ဟုလည်း မုဒုံမြို့နယ်မှ ဒေသခံများက ပြောသည်။

    “ရွေးပြီးသား အုပ်ချုပ်ရေးမှူးအသစ်ကို အုပ်ချုပ်ရေးမှူးဟောင်းက ကန့်ကွက်တယ်။ ဒါကို မြို့နယ်က ပြန်ရွေးမယ်ပြောတော့ အရွေးခံထားရတဲ့ဘက်က ကန့်ကွက်ပြန်တယ်။ ခုထိ ပြန်ပြီး မရွေးဖြစ်သေးသလို ရွေးထားပြီးသားကိုလည်း မခန့်အပ်သေးဘူး” ဟု ကွမ်လှာရွာသားတဦးက ပြောသည်။

    ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ရန်အတွက် ရပ်/ကျေး ဥပဒေသစ်တရပ်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းခဲ့သည်။

    ထိုဥပဒေသစ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် သင့်တင့်သော ပညာအရည်အချင်းရှိသူ ဖြစ်ခြင်း၊ စားဝတ်နေရေး ဖူလုံမှုရှိသူ ဖြစ်ခြင်း၊ ရပ်ရွာက ကြည်ညိုလေးစားခြင်း ခံရပြီး သိက္ခာသမာဓိရှိသူ ဖြစ်ခြင်း စသည့် အရည်အချင်း ၁၁ ခုနှင့် ပြည့်စုံသူ ဖြစ်ရမည်ဟု ဖော်ပြထားသည်။

    အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖ ငါးဦးတို့က ဦးဆောင်ပြီး ရွေးကောက်ပွဲပုံစံ မဲပေးစနစ်ဖြင့် လျှို့ဝှက်ရွေးချယ်ကြရမည် ဖြစ်သည်။

    ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးကို ရွေးချယ်ပြီးစီးသော်လည်း သက်ဆိုင်ရာ ကျေးရွာ၏ ပြည်သူများ နှစ်သက်မှူ မရှိပါက ထိုဒေသ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထက် ကန့်ကွက်လျှင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအနေနှင်
    ့ ထိုကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဖယ်ရှားပေးရမည် ဖြစ်သည်ဟု ရပ်/ကျေး ဥပဒေသစ်တွင် ပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks