Sunday, March 8, 2026
More
    spot_img
    Homeသတင်းပြည်သူ့စစ်ထောက်ပံ့ကြေးများ ကျေးရွာလူထုထံမှကောက်ခံနေ

    ပြည်သူ့စစ်ထောက်ပံ့ကြေးများ ကျေးရွာလူထုထံမှကောက်ခံနေ

    -

    မင်းတော်လဝီ – မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ၊ မြို့နယ်ရပ်ကွက်၊ ကျေးရွာလုံခြုံရေးအတွက် ခန့်အပ်ထားသည့် ပြည်သူ့စစ်များ၏ ထောက်ပံ့ငွေများကို ဒေသခံများထံမှ ကောက်ခံလျက်ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

    ပြည်သူ့စစ်သင်တန်း ပို့ချပေးနေသည့် မြင်ကွင်း(facebook)
    ပြည်သူ့စစ်သင်တန်း ပို့ချပေးနေသည့် မြင်ကွင်း(facebook)
    အဆိုပါပြည်သူ့စစ်ထောက်ပံ့ကြေးများကို ငွေကြေးဖြင့်ထောက်ပံ့မှု၊ ဆန်စပါးသီးနှံထောက်ပံ့မှုနှင့် ငွေကြေးနှင့်ဆန်စပါး နှစ်မျိုးပေါင်းထောက်ပံ့မှု ဟူ၍သုံးမျိုးရှိကြောင်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထုံးအိုင်ရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် တဦးက ပြောသည်။

    “လုပ်ငန်းရှင်တွေ၊ ချဲဒိုုင်နဲ့ချဲရောင်းတဲ့သူ၊ အရက်ပုန်းဆိုင်တွေကနေ လစဉ်ကောက်ပြီး ပြည်သူ့စစ် တွေကို ထောက်ပံကြေးပေးနေတယ်” ဟု ထုံးအိုင်ရွာနေ ခရီးသည်တင်စက်လှေပိုင်ရှင်တဦးက ပြောသည်။

    ထိုသို့ ပြည်သူ့စစ်လစဉ်ထောက်ပံ့ကြေးကောက်ခံရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့တို့က တိုက်ရိုက်မကောက်ခံဘဲ ပြည်သူ့စစ်အဖွဲ့များကသာကောက်ခံပြီး တစ်အိမ်ကို ၁၀ဝ၀ ကျပ်၊ ချဲဒိုင်အငယ်က ၅၀ဝ ကျပ်နှင့် ချဲဒိုင်အကြီးက ၅၀ဝ၀ ကျပ်အထိ ကောက်ခံလျှက်ရှိသည်။

    ထိုင်အိုင်ရွာသား ပြည်သူ့စစ်တစ်ဦးက “ရွာမှာရဲတွေနဲ့အတူ လုံခြုံရေးအတွက် ကင်းလှည့်ရတယ်၊ အထူးသဖြင့်တော့သံလွင်မြစ်မှာ လှေ၊ သစ်ဖေါင်တွေကို ရဲနဲ့သစ်တော အဖွဲ့တွေနဲ့ပူးပေါင်း စောင့်ကြပ်ပြီး စစ်ဆေးရပါတယ်” ဟု ပြောသည်။

    ပြည်သူ့စစ်ထောက်ပံ့ကြေးကို ရွာကြီးအသေးအိမ်ခြေအနည်းအများအပေါ်မူတည်ပြီး ကွာခြားမှုရှိသည်ဟုလည်း မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းက ပြောသည်။

    သူက “အုပ်ချုပ်ရေးမှူးအနေနဲ့ ရွာမှာငွေကောက်ခံခွင့်မရှိဘူး၊ ဒါပေမယ့် တပ်နယ်မှူးရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပြည်သူ့စစ်တွေကျတော့ သူတို့လစာထောက်ပံ့ကြေး သူတို့ဖာသာ ရွာမှာကောက်ခံခွင့်ပေးထားတယ်” ဟု ပြောသည်။

    အိမ်ခြေနှစ်ထောင်ဝန်းကျင်ရှိသော နှစ်ကရင်ကျေးရွာတွင် နေအိမ်တစ်အိမ်လျှင် ငွေ ၅၀ဝ ကျပ် ပြည်သူ့စစ်များအတွက် လစဉ်ကြေးပေးဆောင်နေကြရသည်။

    မွန်ပြည်နယ်၊ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်များတွင် ကျေးရွာအများစု၌ ပြည်သူ့စစ် ၅ ဦးမှ ၁၀ ဦးခန့် လုံခြုံရေးအတွက် ခန့်အပ်ထားရှိကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks