spot_img
Monday, February 2, 2026
More
    spot_img
    Homeမေးမြန်းချက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ခေတ္တတွေ့ဆုံမေးမြန်းချက်-

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ခေတ္တတွေ့ဆုံမေးမြန်းချက်-

    -

    တွေ့ဆုံမေးမြန်းသူ – မင်းမွေ – MM – အန်တီကို တိုင်းရင်းသားအရေးကိစ္စမေးချင်လို့ပါ။ ဒီလွှတ်တော်မှာ တိုင်းရင်းသားအရေးကိစ္စနှင့် ပတ်သက် ပြီး ဘယ်လိုများလုပ်ဖို့ အစီအစဉ်များရှိပါသလဲ။

    ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့တက်ရောက်လာစဉ်(IMNA)
    ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့တက်ရောက်လာစဉ်(IMNA)
    DASSK – ဒီဟာ ဟိုတစ်နေ့တုန်းကလဲ ဦးသိန်းဇော်တင်သွားတယ်လေ၊ တိုင်းရင်းသားကိစ္စနဲ့ ပတ်သက်ပြီး ကချင်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့လေ ၊တစ်ကယ်တော့ အန်တီက တိုင်းရင်းသားရေးရာကော်မတီကမဟုတ်ဘူး၊ ဒီလိုပြောခြင်းအားဖြင့် အန်တီက တာဝန်ရှောင်တာလဲ မဟုတ်ဘူး၊ ခေါင်ရှောင်တာလဲ မဟုတ်ဘူး၊ ဒါပေမဲ့ စည်းဆိုတာရှိတယ်။ ကိုယ့် ကော်မတီ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ကော်မတီ ကိုယ့်လုပ်ငန်းနဲ့ရှိနေကြတယ်။ တခြားကော်မတီရဲ့ လုပ်ငန်းတွေထဲမှာ အထူးသဖြင့် အန်တီ အနေနဲ့ပေါ့နော၊် ဘယ်လိုပြောရမလဲ အများရဲ့အသိမှတ်ပြုခံထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လို့ ဝင်ပြီးတော့ မလိုအပ်ဘဲနဲ့၊ လိုအပ်လို့ရှိရင်တောင်မှ ချင့်ချင့်ချိန်ချိန်၊ မလိုအပ်ဘူးဆိုရင် လုံးလုံးမစွက်ဖက် ရဘူး၊ လိုအပ်ရင်တောင်မှ ချင့်ချင့်ချိန်ချိန် ကိုယ့်စည်းကိုယ်ထိန်းရတယ်။ ဘာလဲဆိုတော့ အန်တီမှာလည်း ကိုယ့်ကော်မတီရဲ့တာဝန်တွေ ရှိသေးတယ်လေ။ ဒါပေနဲ့ တိုင်းရင်းသားအရေးဟာ လူတိုင်း အရေးပါ၊ လွှတ်တော်ထဲကလူတွေချည်း အရေးမဟုတ်ဘူး။ သားတို့မီဒီယာကပါတဲ့လူတွေရဲ့ အရေးလည်း ဖြစ်တယ်။ ကျန်တဲ့ပြည်သူတွေရဲ့ အရေးလဲဖြစ်တယ်။ အဲဒါကြောင့် တိုင်းရင်းသားအရေးကို ခေါင်းရှောင် ဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူး၊ ဒါပေမဲ့လည်း လုပ်တဲ့ကိုင်တဲ့နေရာမှာ ကိုယ့်စည်းကိုယ်ထိန်းပြီးတော့ လုပ်သွားရမှာပါ။

    MM – တိုင်းရင်းသားအရေးကို ဘယ်လိုကိုင်တွယ်ရင် ပြေလည်နိုင်မလဲ အန်တီ။
    DASSK – နောက်ဆုံးကျတော့ တိုင်းရင်းသားအရေးဆိုတာဟာ ခဏခဏအန်တီတို့ ပြောနေတာပေါ့နော်၊ အပြန်အလှန်လေးစားမှု အပြန်အလှန်ယုံကြည်မှု အဲဒါကိုတည်ဆောက်ရမယ်။ ယုံကြည်မှုရဖို့ဆိုတာ လေးစားမှုကနေ စရတယ်။ တစ်ယောက်နဲ့တစ်ယောက်လေးစားမှ ယုံကြည်တဲ့အဆင့်ကို ရှေ့သွားရ မယ်။ အဲဒီတော့ အန်တီတို့အနေနဲ့တော့ တိုင်းရင်းသားတွေရဲ့ရည်မှန်းချက်တွေကို တစ်ကယ်ပဲနားလည်ရဲ့ လား၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအပိုင်းက ပုဂ္ဂိုလ်တွေနားလည်ရဲ့လား၊ ဒီမျှော်မှန်းချက်တွေကို ဖြည့်ဆည်း ပေးချင်တဲ့ ဆန္ဒရှိရဲ့လား၊ ဖြည့်ဆည်းပေးနိုင်တဲ့အရည်အချင်းရှိရဲ့လားဆိုတာ အဲဒါတွေက အများကြီး စကားပြောတယ်လေ။
    MM – ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အန်တီ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks