Homeသတင်းထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ် နေ့ချင်းပြီးထုတ်ပေးမည်

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ် နေ့ချင်းပြီးထုတ်ပေးမည်

-

အေမီ – မြန်မာနိုင်ငံသားအလုပ်သမားများအား ယာယီနိုင်ငံကူးလက်မှတ် လျှင်မြန်လွယ်ကူစွာ ထုတ်ပေးနိုင်ရန် ထိုင်းနိုင်ငံ မြို့ကြီး ၁၀ နေရာတို့တွင် နေ့ချင်းပြီး One-Stop-Service အဖြစ် လာမည့်ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှ စတင်ထုတ်ပေးမည်ဟု သိရသည်။

ယမန်နေ့ ဘန်ကောက်မြို့၊ မြန်မာသံရုံးသတင်းထုတ်ပြန်ချက်
ယမန်နေ့ ဘန်ကောက်မြို့၊ မြန်မာသံရုံးသတင်းထုတ်ပြန်ချက်
ယမန်နေ့(ဇန်နဝါရီလ-၁၈-ရက်) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်အရ စမုစာခွန် Samut Sakhon, စမုပရာကန် Samut Prakan, ချင်းမိုင် Chaing Mai, စူရတ်ဌာနီ Surat Thani, ပထုံဌာနီ Pathon Thani, ကန်ချနပူရီ Kanchaniburi, ရယောင်း Rayong, ခွန်ခန်း Khon Kaen, ဆွန်ခလာ Songkhla, နခွန်ရတ်ချာစီမာ Nakhon Ratchasima စသည့်မြို့ ၁၀ မြို့များရှိ မြန်မာယာယီနိုင်ငံကူးပတ်စပို့ရုံးများမှ လက်မှတ်ထုတ်ပေးမည် ဖြစ်သည်။

မြန်မာသံရုံးအရာရှိတစ်ဦးက “ရုပ်အဂါင်္နဲ့မြန်မာစကားပြောဆိုနိုင်တဲ့အပေါ်ကြည့်ပြီးဆုံးဖြတ်မယ်၊ မြန်မာစကားမတတ်တဲ့တိုင်းရင်းသားတွေအဖို့တော့ ပူပန်စရာမရှိပါဘူး၊ ဒါပေမယ့် ကုလား၊ တရုတ်တွေလို နိုင်ငံခြားသားရုပ်ပေါက်နေရင် ပိုပြီးစစ်ဆေးမေးမြန်းရတာပေါ့” ဟု ပြောသည်။

ထို့အပြင် မှီခိုသူ ၁၅ နှစ်အောက် သားသမီးများအား သက်သေခံအထောက်အထား Certificate of Identity ကိုလည်း ထုတ်ပေးမည်ဟု မြန်မာသံရုံးထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

ထိုင်းအာဏာပိုင်များအနေဖြင့်လည်း နေထိုင်ခွင့်ဗီဇာနှင့် အလုပ်လုပ်ကိုုင်ခွင့်လက်မှတ် Work Permit ထုတ်ပေးခြင်းတို့ကို အထက်ပါယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးစခန်း (၁၀) ခုတို့တွင် နေ့ချင်းပြီး One –Stop –Service အဖြစ် လာမည့်ဖေဖေါ်ဝါရီလ ၁၅ ရက်မှ မေလ ၁၅ ရက်အထိ ရက်ပေါင်း ၁၂၀ သတ်မှတ်ကာလအတွင်း လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။

ထိုသို့ဆောင်ရွက်နိုင်ရန် ပထမအဆင့်အနေဖြင့် ယခုလဇန်နဝါရီ ၁၅ ရက်နေ့မှ ဖေဖေါ်ဝါရီ ၁၅ ရက်အတွင်း မိမိတို့အလုပ်ရှင်များမှတဆင့် နီးစပ်ရာထိုင်းအလုပ်သမားဌာနများတွင် အမြန်ဆုံးမှတ်ပုံတင်ကြရမည် ဖြစ်သည်။

ယင်းကဲ့သို့ ထိုင်းနိုင်ငံအတွင်း မြန်မာအစိုးရအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေး နိုင်ရေးအတွက် ထိုင်းနိုင်ငံအစိုးရအဖွဲ့အစည်းဝေးက ပြီးခဲ့သည့်ဇန်နဝါရီလ ၁၅ ရက်နေ့ အတည်ပြုခဲ့သည်ဟု သိရသည်။

ယာယီနိုင်ငံကူးလက်မှတ်အတွက် ဘတ်ငွေ ၆ ထောင်ကျော်ကုန်ကျမည်ဖြစ်ပြီး မတရားငွေယူသော ပွဲစားနှင့် အေးဂျင့်များအား နှစ်နိုင်ငံအာဏာပိုင်များက အရေးယူသွားမည်ဟု ဘန်ကောက်မြို့ရှိ မြန်မာသံအမတ်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

လက်ရှိ ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံအလုပ်သမား နှစ်သန်းခန့်ရှိသည့်အနက် မြန်မာအလုပ်သမားဝန်ကြီးဌာနစာရင်းအရ လူဦးရေတစ်သန်းခွဲခန့်သာ ယာယီနိုင်ငံကူးလက်မှတ် တရားဝင်ထုတ်ပေးနိုင်ခဲ့ပြီး လက်မှတ်မရှိသောအလုပ်သမားငါးသိန်းဝန်းကျင် ကျန်ရှိနေသည်ဟု ခန့်မှန်းရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts