spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းGeneva Call စာချွန်လွှာလေ့လာစောင့်ကြည့်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

    Geneva Call စာချွန်လွှာလေ့လာစောင့်ကြည့်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

    -

    မင်းတော်လဝီ – လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအသုံးမပြုရေးနှင့်ပတ်သက်၍ Geneva Callနှင့် ချုပ်ဆိုသောနားလည်မှုစာချွန်လွှာအရ လိုက်နာရမည့်တာဝန်များဆိုင်ရာ နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၂-၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ စံခလပူရီမြို့၌ ပြုလုပ်ခဲ့သည်။

    Geneva Call အလုပ်ရုံဆွေးနွေးပွဲ(IMNA)
    Geneva Call အလုပ်ရုံဆွေးနွေးပွဲ(IMNA)

    အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဂျီနီဗာတောင်းဆိုမှုအဖွဲ့ (Geneva Call) အာရှအကြီးတန်းအရာရှိ Mr.Chris Rush ကဦးဆောင်ပြီး ထိုင်းမြန်မာနယ်စပ်ဒေသအခြေစိုက် မွန်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃၀ ဦးခန့် တက်ရောက်ခဲ့သည်။

    “လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်တွေကိုကာကွယ်ပေးနိုင်ဖို့ နဲ့ပတ်သက်ပြီး မွန်ပြည်သစ် ပါတီနဲ့ ဂျီနီဗာ တောင်းဆိုမှုတို့ ချုပ်ဆိုထားတဲ့နားလည်မှုစာချွန်လွှာအရ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို အပြန်အလှန်ဆွေးနွေးကြတယ်” ဟု အလုပ်ရုံဆွေးနွေးပွဲကိုတက်ရောက်သူ စံခလပူရီမြို့ အခြေစိုက် မွန်လူမှုအဖွဲ့အစည်းမှ နိုင်ထွန်းက ပြောသည်။

    ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာတန်ဖိုးများ၊ ကတိကဝတ်နှင့် အကောင်အထည်ဖော်လေ့လာစောင့်ကြည့်ရေးယန္တရားများ၊ လေ့လာစောင့်ကြည့်ရေး လမ်းညွှန်ချက်များကို ရှင်းလင်းခဲ့သည်ဟု သိရသည်။

    “GenevaCallအဖွဲ့နဲ့ချုပ်ဆိုတဲ့ နားလည်မှုစာချွန်လွှာကို လိုက်နာပါ့မယ် ချုပ်ဆိုထားတဲ့အတိုင်း ဆက်လက် ထိန်းသိမ်းလိုက်နာသွားရမှာပါ၊ ဥပမာ ခလေးစစ်သားကိစ္စဆိုရင် ကျနော်တို့ပါတီက ဥပဒေအရ ၁၉၇၁ ခုနှစ်ကတည်းက တားမြစ်ခဲ့တာပဲ ” ဟု မွန်ပြည်သစ်ပါတီ၊ နိုင်ငံခြားဆက်ဆံရေးရာဌာန တာဝန်ခံ နိုင်ဟံသာဗိန်ခိုင်က ပြောသည်။

    Geneva Call အလုပ်ရုံဆွေးနွေးပွဲ(IMNA)
    Geneva Call အလုပ်ရုံဆွေးနွေးပွဲ(IMNA)

    သဘောတူညီချက်များအား မွန်ပြည်သစ်ပါတီ(NMSP)နှင့် ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ(KNPP) တို့သည် ၂၀၁၂ ခုနှစ် သြဂုတ်လ(၂)ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗါမြို့၌ တရားဝင်သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

    လက်နက်ကိုင်ပဋိပက္ခများ၏ သက်ရောက်မှုများခံစားရသော ကလေးသူငယ်များအားကာကွယ်ရေးနှင့် ပတ်သက်၍ Geneva Call ဥက္ကဌ E. Decrey Warner နှင့် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ(KNPP) တို့က နားလည်မှုစာချွန်လွှာ Deep of Commitment – DoC ချုပ်ဆိုခဲ့ရာတွင် အချက် ၁၆ ချက်ပါရှိသည်။

    ၎င်းအချက်များတွင် ကလေးသူငယ်များကိုစစ်ပွဲများနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများတွင် အသုံးမပြုရေး၊ လက်နက်ကိုင်စစ်တပ်များအတွင်းသို့ မစုဆောင်းမသိမ်းသွင်းပါနှင့်၊ တနည်းအားဖြင့်လက်နက် ကိုင်တပ်ဖွဲ့နှင့် အတူတည်ရှိနေစေရေး အတင်းအကျပ်မပြုပါနှင့်၊ ကလေးသူငယ်များကိုစစ်ဆင်ရေးနယ်မြေသို့ ခေါ် ဆောင်သွားခြင်း မပြုရန်၊ ရန်သူဆန့်ကျင်ဖက်အင်အားစုများမှ တိုက်ခိုက်လာမှုအပေါ်တွင် က လေးသူငယ်များကိုကာကွယ်မှုပေးရေးအတွက် တတ်သမျှဆောင်ရွက်ရန်တို့ပါဝင်သည်။

    ထို့အပြင် အပြစ်ရှိသောကလေးများအားဖမ်းဆီး ထိန်းသိမ်းရပါက လူသားဆန်စွာဆက်ဆံရန်နှင့် မည်သည့်အခါမျှ သေဒဏ်မချမှတ်ပါနှင့်၊ ကလေးများကိုပြန်လွှတ်(သို့မဟုတ်) လွှဲပြောင်းပေးရာတွင်လုံခြုံမှုရှိပြီး အန္တရာယ်ကင်းရှင်းရေး၊ သင်လှုပ်ရှားနေသည့်နယ်မြေ များတွင် ကလေးများ ကာကွယ်မှုပေးရေး အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပြုစုစောင့်ရှောက်ပေးရန်၊ စာချုပ်ပါအချက်များအကောင်အထည်ဖေါ်ရန်နှင့် အာဏာတည်စေရန်အမိန့် များထုတ်ပြန်ပေးရန်၊ ယခုအမိန့်များကိုချိုးဖေါက်ကျူးလွန်သူများကို စည်းမျဉ်းချပြစ်ဒဏ်သတ်မှတ်ပေးရန်နှင့် ဂျီနီဗာတောင်းဆိုအဖွဲ့(GenevaCall)ကိုယခုသံဓိဌာန်ကတိပြုမှုအပေါ် လိုက်နာမှုရှိမရှိ စောင့်ကြည့်ခွင့်ပြုရန် စသည့်တို့ ပါဝင်သည်။

    ကမ္ဘာအရပ်ရပ်တွင် ခလေးသူငယ်ကာကွယ်ရေး၊ အမျိုးသမီးဘဝလုံခြုံရေး၊ မြေမြှုပ်မိုင်းအသုံးမပြုရေး ကိစ္စများရပ်များတွင် အစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့အစည်း ၄၁ ဖွဲ့နှင့် သက်တမ်း အနှစ် ၄၀ ကျော်ရှိ ဂျီနီဗာတောင်းဆိုမှုအဖွဲ့တို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် အခြေစိုက်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks