spot_img
Thursday, July 31, 2025
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင်နယ်ခြားစောင့်တပ်ဖွဲ့ လောင်းကစားဝိုင်းဖွင့်ပြီးစီးပွားရှာနေ

    ရေးမြို့နယ်တွင်နယ်ခြားစောင့်တပ်ဖွဲ့ လောင်းကစားဝိုင်းဖွင့်ပြီးစီးပွားရှာနေ

    -

    မင်းသုတ – မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံရွာအခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ နယ်ခြားစောင်တပ်ဖွဲ့(တပ်ခွဲရုံး)က လောင်းကစားဝိုင်းများဖွင့်လှစ်ကာ စီးပွားရှာနေကြသည်ဟု ဒေသခံများ ပြောကြားချက်အရ သိရသည်။

    ရေးမြို့နယ်မှ လောင်းကစားဝိုင်း(IMNA)
    ရေးမြို့နယ်မှ လောင်းကစားဝိုင်း(IMNA)
    နှင်းစုံရွာတွင် ကြက်ဝိုင်းမှအစ ဖဲဝိုင်း၊ အနီထောင်၊ အန်ဂလုံကစားနည်းမျိုးစုံမှ နယ်ခြားစောင့်တပ်ဖွဲ့က အကောက်ကြေးငွေကောက်ခံရယူပြီး လုံခြုံရေးစောင့်ရှောက်ပေးကာ လောင်းကစားဝိုင်းများ နေ့ညဖွင့်လှစ်ခွင့်ပြု ထားခြင်း ဖြစ်သည်။

    မော့ကနင်ရွာမှ အနီထောင်ဒိုင်တစ်ဦးက “အနီးအနားပတ်ဝန်းကျင်တဝိုက် လမိုင်း၊ မော့ကနင်၊ ကော့ဒွတ်၊ သောင်ပြင်၊ တောင်ဘုံ၊ အာရုတောင်ရွာတွေက ကစားသမားတွေစုံလို့ပါပဲ၊ ဘုရားပွဲလိုပဲ သိပ်ကိုစည်ကား နေတာ” ဟု ပြောသည်။

    ယခု-နတ္တော်လတွင် ဒေသတွင်းဘုရားပွဲတော်များမရှိသည့်ကာလဖြစ်သည့်အတွက် နှင်းစုံရွာသည် လောင်းကစားဒိုင်များ အလုပ်စခန်းဖြစ်ရာနေရာဟုလည်း သူကဆက်ပြောသည်။

    လောင်းကစားဝိုင်းအကောက်ငွေ တစ်နေ့လျှင် ပျမ်းမျှဝင်ငွေ ၁၅ သိန်းကျပ်ဝန်းကျင်ရရှိနေသည်ဟုလည်း နှင်းစုံရွာအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့အရာရှိတစ်ဦးနှင့် နီးစပ်သူတစ်ဦးပြောကြားချက်အရ သိရသည်။

    “နှင်းစုံရွာလောင်းကစားဝိုင်းတွေမှာ မြင်းဆေးတွေကိုလည်း ဝယ်လို့ရတယ်၊ သူ့အဆက်အသွယ်နဲ့သူပေါ့၊ တခြားမှာဝယ်ရင် ရဲတို့ကိုသတိထားနေရတယ်” ဟု လမိုင်းမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

    မွန်ပြည်နယ်တောင်ပိုင်း မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်းရှိ လူငယ်အတော်များများသည် မူးယစ်စိတ်ကြွဆေးဝါးဖြစ်သည့် ရာဘ(ခေါ်) မြင်းဆေးအပြင် ဘိန်းစာရွက်များကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည်ကိုလေ့လာတွေ့ရှိရသဖြင့် မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါးနှိမ်နင်းရေးအစီအစဉ်များ ချမှတ်အကောင်အထည်ဖေါ်နေသည်ကို တွေ့ရှိနေရသည်။

    မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ အရာရှိတစ်ဦးက “မူးယစ်ဆေးဖြန့်တဲ့နေရာတွေဟာ လောင်းကစားဝိုင်းတွေရှိတဲ့နေရာတိုင်းလိုလိုမှာ ဖြစ်နေတယ်၊ သံဖြူဇရပ်မြို့နယ်က လောင်းကစားဝိုင်း၊ ကော့ဘိန်း ကော့ပေါက်က လောင်းကစားဝိုင်းတွေမှာ အလားတူဖြစ်ပေါ်နေတယ်” ဟု ပြောသည်။

    လက်နက်ချအလင်းဝင်အဖွဲ့အစည်းများနှင့် နယ်ခြားစောင့်တပ်ဖွဲ့အချို့သည် ၄င်းတို့ရပ်တည်နိုင်ရေးအတွက် လောင်းကစားဝိုင်းဖွင့်လှစ်ကာ တဖက်တလမ်းမှရံပုံငွေရှာဖွေနေကြသည်ဟု ၎င်းက ဆိုသည်။

    ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်ပေါ်လာပြီး လက်နက်ချအလင်းဝင်များလည်း အဖွဲ့အစည်းကဲ့သို့ရပ်တည်ပြီး ဒေသတွင်းလက်နက်များကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိနေရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts