spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းထိုင်း လုပ်ငန်းရှင်များ လိုက်ပါသည့် လေယာဉ် စက်ချွတ်ယွင်းပြီး ထားဝယ်လေဆိပ်တွင် ရပ်နားခဲ့ရ

    ထိုင်း လုပ်ငန်းရှင်များ လိုက်ပါသည့် လေယာဉ် စက်ချွတ်ယွင်းပြီး ထားဝယ်လေဆိပ်တွင် ရပ်နားခဲ့ရ

    -

    ရဲမွန် – ထိုင်း ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ဆက်စပ်ပြီး ထိုင်း စီးပွားရေး လုပ်ငန်းရှင် ၄၀ ခန့် လိုက်ပါလာသည့် ထိုင်းဘုရင့် တပ်မတော်မှ C -130 လေယာဉ်တစင်း စစ်ချို့ယွင်းမှုကြောင့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထားဝယ်လေဆိပ်၌ တရက်တာ ရပ်နားခဲ့ရသည်။

    ထားဝယ်လေဆိပ်တွင် ညအိပ်ခဲ့ရသည့် ထိုင်းလေတပ်မှ C-130 လေယာဉ်
    ထားဝယ်လေဆိပ်တွင် ညအိပ်ခဲ့ရသည့် ထိုင်းလေတပ်မှ C-130 လေယာဉ်
    ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်း ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် တို့ ပထမဆုံး အကြိမ်အဖြစ် တနင်္သာရီတိုင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန်သို့ သွားရောက် လေ့လာရာတွင် ထိုထိုင်း စီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါလာခဲ့ကြပြီး အပြန်ခရီးတွင် ၎င်းတို့ စီးနင်းလာသည့် လေယာဉ် စက်ချွတ်ယွင်းခဲ့ခြင်း ဖြစ်သည်။

    ထိုင်း ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လေယာဉ် ၂ စင်းဖြင့် ရောက်ရှိလာခြင်း ဖြစ်ပြီး ညနေ ၄ နာရီခန့်တွင် ဝန်ကြီးချုပ် စီးနင်းသည့် ATR-42 အမျိုးအစား လေယာဉ်တစင်းသာ ဘန်ကောက်သို့ ပျံသန်းနိုင်ခဲ့သည်။

    “ဘန်ကောက်ကို ပြန်ဖို့ ပြင်ဆင်တဲ့အခါ လေယာဉ်အင်ဂျင် ၄ လုံးမှာ အင်ဂျင်တလုံး ချွတ်ယွင်းသွားလို့ သူတို့ခရီးစဉ် ဖျက်သိမ်းလိုက်ရတယ်။ သူတို့ကို ထားဝယ်က ဟိုတယ်မှာ နေရာချပေးခဲ့တယ်” ဟု ထားဝယ်လေဆိပ်နှင့် နီးစပ်သည့် ထားဝယ် တက္ကသိုလ် ကျောင်းဆရာ တဦး က ပြောသည်။

    ထားဝယ် အထူးစီးပွားရေးဇုန် လေ့လာရေး ခရီးတွင် ထိုင်း စီးပွားရေး လုပ်ငန်းရှင်များသည် ထားဝယ် ဒေသ၌ လုပ်ကိုင်နိုင်မည့် စီးပွားရေး အခွင့်အလမ်းများကို လေ့လာခဲ့ပြီး ထားဝယ်ရှိ ကုန်သည်ကြီးများ အသင်းနှင့် သီးခြား တွေ့ဆုံခဲ့ကြသည်။

    ထိုင်းလေတပ်မှ အင်ဂျင်နီယာများက ချွတ်ယွင်းသည့် လေယာဉ်အင်ဂျင်ကို ပြန်လည် ပြုပြင်တပ်ဆင်ပြီးနောက် ယမန်နေ့ ညနေပိုင်း ၅ နာရီ ၁၅ မိနစ်တွင် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်းလည်း အထက်ပါ ထားဝယ် တက္ကသိုလ် ကျောင်းဆရာက ပြောသည်။

    ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း မြိတ်မှ ရန်ကုန်သို့ ပျံသန်းသည့် မြန်မာ့ လေကြောင်းပိုင် F28 XY – AGA လေယာဉ်တစင်း ညာဘက်အင်ဂျင် ချွတ်ယွင်းမှုကြောင့် ထားဝယ် လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်။ ထိုမြန်မာ့ လေကြောင်းပိုင် လေယာဉ်မှာ ထားဝယ် လေဆိပ်တွင် ရပ်နားထားရဆဲ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks