spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းသုတေသနမပြည့်စုံသည့် ပျူစာတမ်းဖတ်ပွဲကိစ္စ လွှတ်တော်သို့မေးမြန်း

    သုတေသနမပြည့်စုံသည့် ပျူစာတမ်းဖတ်ပွဲကိစ္စ လွှတ်တော်သို့မေးမြန်း

    -

    မင်းသုတ – သမိုင်းသုတေသနအထောက်အထားပြည့်စုံမှုမရှိသော ပျူလူမျိုးနှင့် ပျူနိုင်ငံတော်စာတမ်းဖတ်ပွဲသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲရေးအချက်ကို ထိပါးစေနိုင်သောကြောင့် ထိုလုပ်ဆောင်ချက်များကို တားဆီးသင့်မသင့်ခေါင်းစဉ်ဖြင့် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးက

    ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မေးခွန်းတစ်ရပ် မေးမြန်းတင်ပြခဲ့သည်။

    ရွှေအဆင်းဝင်းသောသုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲကိုကျင်းပခဲ့စဉ်
    ထွန်းဖေါင်ဒေရှင်း၏ကူညီပံ့ပိုးမှုဖြင့် ဒေါက်တာချစ်စံဝင်းနှင့် အပေါင်းအပါတစ်စုက ရန်ကုန်မြို့တွင် နိုဝင်ဘာ ၃၀ ရက်နေ့မှစ၍ ၃ ရက်တိတိကျင်းပမည့် “ပျူလူမျိုးနှင့် ပျူနိုင်ငံတော်” သုတေသန စာတမ်းဖတ်ပွဲကို ရည်ညွှန်းသည်ဟု သိရသည်။

    “ပျူလူမျိုးနှင့် ပျူနိုင်ငံတော်” သုတေသန စာတမ်းဖတ်ပွဲတွင် သုဝဏ္ဏဘူမိသည် ပျူနိုင်ငံတော်ဖြစ်ခဲ့ကြောင်း အထောက်အထားအမျိုးမျိုးဖန်တီး၍ သဘောတူညီမှုတစ်ရပ်ရရှိရန် ဖန်တီးသည်ဟု မွန်သမိုင်းပညာရှင်တို့က ထောက်ပြပြောဆိုခဲ့သည်။

    မွန်ပြည်နယ်၊ အမှတ် (၇) မဲဆန္ဒနယ် ရေးမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက “ပျူနှင့်ဗမာလူမျိုးတစ်မျိုးထဲဖြစ်ခဲ့ရင် ပုံဂံခေတ်မှာ ဗမာဘုရင်တွေက ဘာကြောင့်ပျူစာကို နန်သုံးစာအဖြစ်မသုံးဘဲနဲ့ မွန်စာအက္ခရာကို သုံးစွဲခဲ့ပါသလဲ၊ မွန်နဲ့အခြားတိုင်းရင်းသားများတွေရဲ့ သမိုင်းသုတေသနပြည့်စုံလုံလောက်စွာ လေ့လာမှုရှိပြီလို့ယူဆပါသလားလို့ လွှတ်တော်ကတဆင့် မေးမြန်းခဲ့တယ်” ဟု ပြောသည်။

    သူကဆက်လက်ပြီး မပြည်စုံသောသမိုင်းသုတေသနဖြင့် နိုင်ငံရေး၊ လူမျိုးရေးအမြင်အရ လိုရာဆွဲကောက်ချက်ချ ပြောဆိုရေးသားခြင်းကြောင့် ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၅ နှင့် ညိစွန်းခြင်း၊ ယုံကြည်ကိုးကွယ်မှုကို ထိပါးခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ထိပါးခြင်းတို့မှ မည်သို့တားဆီးကာကွယ်ရမည်နည်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ ကို ဆန့်ကျင်လျှင် မည်သို့ပြစ်ဒဏ်ပေးနိုင်သည်ကို သိလိုသည်ဟု မေးမြန်းခဲ့သည်ဟု ဆိုသည်။

    ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ အရ “နိုင်ငံရေးအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ၊ ထို့အပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်ရန်အကြောင်းရှိသောအပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်၊ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည်” ဟု ဖေါ်ပြပါရှိသည်။

    ဒေါက်တာဗညားအောင်မိုးက “ကျနော်မေးခွန်းတင်ပြပြီးတာနဲ့ ယဉ်ကျေးမှုဌာနဒုဝန်ကြီး၊ ပြည်ထဲရေးဌာန ဒုဝန်ကြီး၊ ဒု-တရားသူကြီးချုပ်တို့က ပြန်လည်ဖြေကြားခဲ့ပါတယ်၊ ယဉ်ကျေးမှုဒုဝန်ကြီးကတော့ သုတေသနလုပ်ငန်းတွေ ဆက်လုပ်ပါမယ်၊ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဒီကိစ္စအရေးယူနိုင်ဖို့အတွက် ဥပဒေပြုရပါဦးမယ်တဲ့” ဟု ပြောသည်။

    “ပျူလူမျိုးနှင့် ပျူနိုင်ငံတော်” သုတေသန စာတမ်းဖတ်ပွဲကို မွန်သုတေသနအဖွဲ့က နိုင်ငံတော်သမ္မတ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့၊ စာတမ်းဖတ်ပွဲဦးဆောင်ကျင်းပသူ ချစ်စံဝင်းထံသို့ ကန့်ကွက်စာများ ရေးသားပေးပို့ခဲ့ပြီး ဖြစ်သည်။

    “ဒီစာတမ်းကိုဖတ်ပွဲကို ဆန္ဒပြဖို့ သက်ဆိုင်ရာကို ခွင့်တောင်းထားတယ်၊ သူတို့ကျင်းပမယ့်ရက်တွေမှာ ရန်ကုန်နဲ့ မော်လမြိုင်မှာ ဆန္ဒပြကြမယ်” ဟု မွန်အမျိုးသားအရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

    ယခုလပထမပတ်တွင် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ခန်းမ၌ မော်လမြိုင်တက္ကသိုလ်က ရွှေအဆင်းဝင်းသောသုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲကိုကျင်းပခဲ့ရာ ယဉ်ကျေးမှုလက်ရာများကို လေ့လာခြင်းအားဖြင့် သုဝဏ္ဏဘူမိသည် လက်ရှိမွန်ပြည်နယ်၊ သထုံဒေသဖြစ်သည်ဟု သမိုင်းပညာရှင်များက စာတမ်းတင်ပြခဲ့ကြပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks