spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းရာဘာစေး အထွက်နည်းခြင်းကြောင့် မွန်ရာဘာခြံပိုင်ရှင်များ ငြီးငြူ

    ရာဘာစေး အထွက်နည်းခြင်းကြောင့် မွန်ရာဘာခြံပိုင်ရှင်များ ငြီးငြူ

    -

    မင်းတော်လဝီ – မွန်ပြည်နယ်တွင် ရာဘာခြံပိုင်ရှုင်များမှ ရာဘာအစေးခြစ်လုပ်ငန်းကို အောက်တိုဘာလမှ စတင်ပြီး တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာသော်လည်း ရာသီဥတု ပူနွေးလာမှုကြောင့် ယခင်နှစ်ကထက် ရာဘာစေး အထွက်နည်းခြင်းကြောင့် ရာဘာခြံရှင်များက ငြီးငြူနေကြသည်။

    ရေးမြို့နယ်အတွင်းရှိ ရာဘာခြံတစ်ခြံ
    “ရာဘာ အပင်ကြီး (၄၀ဝ) တယောက်ခြစ်စာကို မနှစ်က ဒီအချိန်မှာဆို နေ့စဉ် မျှမ်းမျှခြင်း ပေါင် (၃၀) လောက် ထွက်တယ်၊ ဒီနှစ် အစေးခြစ်လာတာ နှစ်လရှိပြီ ဒါပေမဲ့ နေ့စဉ် မျှမ်းမျှခြင်း (၂၂) ပေါင်ပဲ ထွက်တယ် ” ဟု သံဖြူဇရပ်မြို့ ဝယ်သွန်းချောင်းရွာမှ ခြံပိုင်ရှင် နိုင်အောင်က ပြောသည်။

    ရာဘာခြံပိုင်ရှင်အများစု ရာဘာအစေး အထွက်ကောင်းရန် ရာဘာပင်များကို ဓါတ်မြေသြဇာ ကျွေးပြီး ပုံမှန်အတိုင်း ပြုစုခဲ့သော်လည်း ကိုင်းဆက်စိုက် ရာဘာမျိုးနှင့် သမာရိုးကျ အမျိုးစေ့စိုက် ရာဘာပင်အမျိုးအစားအားလုံးမှာ တပြေးညီပင် ရာဘာအစေးထွက်နည်းသည်ဟု သူက ပြောသည်။

    မွန်ပြည်နယ်တွင် မုဒုံမြို့နယ်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ရာဘာစိုက်ပျိုးဧက ထောင်ပေါ်င်းများစွာ ရှိင်္ပြိး ရာဘာအစေး အထွက်နည်းကြောင်းကို ဒေသခံ ရာဘာခြံပိုင်ရှင်များထံမှ သိရသည်။

    “ဒီနှစ်မှာ ရာဘာစေး ထူးထူးကဲကဲ အထွက်လျှော့နည်းရတာက လေပြင်းတိုက်ခိုက်ဒဏ် အကြိမ်ကြိမ် ထိခဲ့တာရယ်၊ နောက်ပြီး ဆောင်းတွင်းကားလမှာ အပူချိန်မြင့်နေတော့ ရာဘာစေး အထွက်နည်းရတယ်’’ ဟု မုဒုံမြို့နယ် ကျုံဖိုက် ရာဘာ သုတေသနခြံမှ ရာဘာကျွမ်းကျင်သည့် ဝန်ထမ်းတဦးက ပြောသည်။

    ထိုရာဘာစိုက်ပျိုးရေးဝန်ထမ်း၏ ပြောဆိုချက်အရ ဆောင်းတွင်းကာလ ညပိုင်းချိန်အတွင်း ပုံမှန်အပူချိန် (၁၈) မှ (၂၀) ဒီဂရီ စင်တီဂရိတ်ခန့် ရှိပါက ရာဘာအစေးထွက် ကောင်းနိုင်သော်လည်း ယခု ညပိုင်းအပူချိန်မှာ ၂၅ ဒီဂရီ စင်တီဂရိတ်အထက် ရှိနေခြင်းကြောင့် ရာဘာအစေး အထွက်နည်းခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

    “ရာဘာအပင်ကြီး (၄၀ဝ) လောက်ကို ခါတိုင်းနှစ် ရာဘာအစေး ပေါင်ချိန် (၃၅) ပေါင်လောက်ကို နေ့တိုင်း ခြစ်လို့ ရတယ်၊ ဒီနေ့ ပေါင် (၂၀) လောက်ပဲရတယ်၊ ရာသီဥတုကြောင့်ပဲ ထင်တယ်”ဟု မုဒုံမြို့နယ် ကျုံဖိုက်ရွာ ရာဘာခြံရှင်တဦးက ပြောသည်။

    ထို့အပြင် ရာဘာအစေးအထွက် လျှော့ကျသော်လည်း ရာဘာဈေးနှုန်းမှာ ယခင်နှစ် ဈေးနှုန်းအတိုင်း ရှိသည်ဟု ထိုသူက ပြောသည်။

    မြန်မာနိုင်ငံတွင် ရာဘာစိုက်ပျိုးမှု အများဆုံးဒေသမှာ မွန်ပြည်နယ်ဖြစ်ပြီး စိုက်ဧက (၅၀ဝ၀ဝ၀) ကျော်ရှိသည်။ မွန်ပြည်နယ် (၁၀) မြို့နယ်တွင် သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်တွင် ရာဘာ စိုက်ပျိုးမှုနှင့် ရာဘာအထွက် အများဆုံးမြို့နယ်များ ဖြစ်သည်။

    မုဒုံမြို့နယ်သည် ရာဘာစိုက်ဧက (၅၀ဝ၀ဝ) ခန့် စိုက်ပျိုးထားရှိပြီး ၄င်းအပင်များမှ အစေးလှီးဧက (၃၃၀ဝ၀) ကျော် ရှိသည် ဟု မုဒုံမြို့နယ် ကျံဖိုက်ရာဘာ သုတေသနခြံ ဝန်ထမ်းထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts