spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းရန်ကုန် သို့မဟုတ် ကယ်တင်မှုကို လိုအပ်နေတဲ့မြို့ ဓါတ်ပုံစာအုပ်ဖြန့်ချိမည်

    ရန်ကုန် သို့မဟုတ် ကယ်တင်မှုကို လိုအပ်နေတဲ့မြို့ ဓါတ်ပုံစာအုပ်ဖြန့်ချိမည်

    -

    မင်းသုခအောင် – “ရန်ကုန် သို့မဟုတ် ကယ်တင်မှုကို လိုအပ်နေတဲ့မြို့” အမည်ရှိ အနုပညာဖန်တီးမှုဓာတ်ပုံစာအုပ်ကို မော်ရိုကိုနိုင်ငံဖွား သြစတေးလျလူမျိုး ဓာတ်ပုံဆရာမောက်ဒီက မကြာမီထုတ်ဝေမည်ဖြစ်ပြီး လာမည့်မတ်လတွင် ရန်ကုန်မြို့တွင်ဖြန့်ချိမည်ဟု သိရသည်။

    ၂၀ဝ၅ ခုနှစ်တွင် အစိုးရဝန်ကြီးဌာနများ နေပြည်တော်သို့ ပြောင်းရွှေ့လိုက်ပြီးနောက်ပိုင်း လျင်မြန်လှသော မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ ဓားစာခံဖြစ်ခံရတော့မည့် ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် အထင်ကရ အဆောက်အအုံဓာတ်ပုံ ၄၀ ကျော်ပါဝင်သည်ဟု ဓာတ်ပုံဆရာမောက်ဒီက ပြောသည်။

    မောက်ဒီက “ဒီအဆောက်အအုံတွေအစား ကြည့်ရဆိုးတဲ့ တစ်ခြားအဆောက်အအုံတွေကို အစားထိုးတော့မှာပါ။ နောက်ပြီး ဝန်ကြီးများရုံးနဲ့ ပဲခူးကလပ်လို အဆောက်အဦးတွေကို ဆုံးရှုံးခံလိုက်ရပြီဆိုရင် ပြန်လည်အစားထိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ပါဘူး” ဟု ပြောသည်။

    ရန်ကုန်မြို့၏ ပုံရိပ်များဖြစ်ကြသည့် ရွှေတိဂုံစေတီ၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီး ၁၉၄၇ နောက်ပိုင်း ဝင်ခွင့်ပိတ်ခံထားခဲ့သည့် ဝန်ကြီးများရုံးဟောင်း၏အတွင်းပိုင်းပုံရိပ်များပါဝင်သည့် အရွယ်အစား အနည်းငယ်ကြီးမားသော အဖုံးမာစာအုပ် အမျိုးအစားထုတ်ဝေမည်ဟု သိရသည်။

    မောက်ဒီက “စာအုပ်ရဲ့ နိဒါန်းမှာ ပါတဲ့ ရောဘတ်တေလာ Robert Taylor ရေးသားထားတဲ့ စာပိုဒ်တစ်ခုကို ပြန်လည်မျှဝေလိုပါတယ်၊ ရန်ကုန်မြို့လယ်မှာရှိတဲ့ အဆောက်အအုံတိုင်းက သမိုင်းဇာတ်လမ်းတစ်ပုဒ်စီကို ပြောပြနေပါတယ်။ ဒါကြောင့် ဒီသမိုင်းဇာတ်လမ်းတွေကို အခြေအနေမပျက်အောင် ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အဆောက်အဦးတွေကိုလည်း ကောင်းကောင်း ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အဆောက်အဦးတွေမရှိတော့ရင် သမိုင်းဇာတ်လမ်းတွေလည်း ပျောက်ကွယ်သွားမှာ ဖြစ်ပြီး ရန်ကုန်မြို့ဟာ နောက်ထပ် ဈေးဝယ်စရာ နေရာတစ်ခုပဲ ဖြစ်လာတော့မှာပါ”ဟု ပြောသည်။

    “ကျွန်တော်ကို တန်ဂျီယာဆိုတဲ့ သမိုင်းအစဉ်အလာ ကြီးမားပြီး ဗိသုကာလက်ရာတွေ စုံလင်တဲ့ အာဖရိကမြောက်ဖျား မြို့တစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် အခုဇာတိမြို့ကို အလည်ပြန်သွားတဲ့အခါမှာတော့ ကျွန်တော် ကလေးဘဝက နေခဲ့တဲ့မြို့ကို မမှတ်မိတော့ဘူး၊ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတယ်ဆိုတဲ့သူတွေက သမိုင်းဝင် အဆောက်အအုံတွေကို ရုပ်ဆိုးအကျည်းတန်တဲ့ တိုက်တာကွန်ကရစ် အဆောက်အအုံတွေနဲ့ အစားထိုး လိုက်တဲ့အတွက် ရာဇဝင်သမိုင်းတွေဟာ ပျောက်ကွယ်သွားခဲ့ပြီး မြို့လေးဟာ သူ့ရဲ့ ဝိညာဉ်ပုံရိပ်တွေကို ဆုံးရှုံးခံခဲ့ရပါတယ်” ဟု မောက်ဒီက ပြောသည်။

    ရန်ကုန်မြို့ အမွေအနှစ်များကို ယုံကြည်ခြင်း – the Yangon Heritage Trust အဖွဲ့၏ ပူးတွဲတည်ထောင်သူ ဦးဆွန်နီသိန်းနှင့် ဓာတ်ပုံဆရာများဖြစ်ကြသည့် မော်ရိုကိုနိုင်ငံဖွား သြစတေးလျလူမျိုး ဂျက်ကွီ မောက်ဒီနဲ့ အီတလီလူမျိုး ဂျင်မီ ကက်ဆက်ဆီယာတို့က ရန်ကုန် သို့မဟုတ် ကယ်တင်မှုကို လိုအပ်နေတဲ့မြို့ဓါတ်ပုံစာအုပ်ဖြန့်ချိရန် စီစဉ်ခဲ့ကြသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts