spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစစ်သင်တန်းကျောင်းရပ်ဆိုင်းရန် ကရင်နီအခြေပြု လူမှုအဖွဲ့အစည်းကွန်ယက်မှ ကြေညာချက်ထုတ်

    စစ်သင်တန်းကျောင်းရပ်ဆိုင်းရန် ကရင်နီအခြေပြု လူမှုအဖွဲ့အစည်းကွန်ယက်မှ ကြေညာချက်ထုတ်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ကရင်နီ(ကယား)ပြည်နယ် အနောက်မြောက်၊ ဖရှူဆိုမြို့နယ်အတွင်း တည်ဆောက်နေသည့် စစ်လေ့ကျင့်ရေးသင်တန်းကျောင်းသစ်ကို ရပ်ဆိုင်းပေးရန် ကရင်နီအခြေပြု လူမှုအဖွဲ့ အစည်းကွန်ယက်မှ နိုဝင်ဘာ ၁၄ ရက်က ကြေညာချက်ထုတ်ပြန်လိုက်သည်။

    ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်စပ်ရှိ ဆည်တစ်ခု(Internet)
    “စစ်သင်တန်းကျောင်းဆောက်လုပ်တဲ့နေရာမှာ ပြည်သူလူထုရဲ့မြေယာသိမ်းထားတာမနည်းဘူး၊ လူထုတွေအနေနဲ့ ဒီစစ်သင်တန်းကျောင်းအစား အများနှင့်ဆိုင်တဲ့ ဘာသင်တန်းကျောင်းပဲဖြစ်ဖြစ်ဆောက်ရင် သူတို့သဘောတူတယ်၊ အခု စစ်သင်တန်းကျောင်းကို ဆောက်နေတာ ၇၀ ရာခိုင်းနှုန်းလောက်ရှိနေပြီး အဲဒါကြာင့် ဒီဆောက်လုပ်ရေးကိုရပ်ပေးဖို့ ကန့်ကွက်တဲ့အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်လိုက်တာပါ” ဟု ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ လူထုအကျိုးပြုအရေး ပါဝင်ဆောင်ရွက်နေသူ ကိုသက်တင်က ပြောသည်။

    ယင်းအမှတ်(၁၄) စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ၂၀၁၁ ခုနှစ်မှ စတင်တည်ဆောက်ခဲ့စဉ် လယ်ယာမြေ ဧက ၃၅၂၅ သိမ်းဆည်းခံထားရပြီး အိမ်ခြေ ၅၀ဝ ခန့်အပါအဝင် လူဦးရေ ၃၀ဝ၀ ကျော် ပြောင်းရွေ့ခဲ့ကြရသည်ဟု ၎င်းက ပြောသည်။

    ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း လူထုအခြေပြုကိုယ်စားလှယ်(၄၀)ကျော် ပါဝင်သည့် နှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်တိုးချဲ့ချထားခြင်း၊ မြေယာ သိမ်းဆည်းခြင်းကြောင့် ဖြစ်ပေါ်လာသောလုပ်ကိုင်စားသောက်မှုပြဿနာများနှင့် ခရီးသွားလာရေးကန့်သက်ပိတ်ပင်ခြင်းများအပေါ် စိုးရိမ်ပူပန်မှုများကို ထိုနှီးနှောဖလှယ်ပွဲတွင် တင်ပြဆွေးခဲ့ကြသည်။

    ဒေသခံ လူထုများအနေဖြင့် ၎င်းအမှတ်(၁၄) စစ်လေ့ကျင့်ရေးသင်တန်းကျောင်းအတွက် သိမ်းဆည်းခဲ့သည့် မြေယာများကို အများပြည်အတွက် အကျိုးပြုမည့် အများပိုင်ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ရည်စူးအသုံးပြုသွားရန် လိုလားကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

    ကရင်နီပြည်နယ် တည်ဆောက်မည့် အကြီးစားရေကာတာစီမံကိန်းအားလုံးကိုရပ်စဲရန်နှင့် မည်သည့်စီမံကိန်းကိုမဆို ကောင်းစွာကြိုတင် အသိပေးထားသော ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လွတ်လပ် သော ဆန္ဒဖြင့်ထုတ်ဖော်ပြောကြားသည့်သဘောတူညီချက်လမ်းညွန် (Free, Prior Inform Consent – FPIC) ကျင့်ထုံးကို သေချာ အသုံးပြုသွားရန် အစိုးရအား တောင်းဆိုလိုက်ကြသည်။

    ၂၀၁၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် အစိုးရနှင့် ကေအဲန်ပီပီတို့၏ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲမှ သဘောတူညီချက်ဖြစ်သည့် “ကယားပြည်နယ်အတွင်း လေ့ကျင့်ရေးကျောင်းတည်ဆောက်နေခြင်းနှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ ဆန္ဒကို လေ့လာသုံး သပ်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် လေ့လာသုံးသပ်ရေးအဖွဲ့မှ ပြည်နယ်အဆင့် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးပြီး အစီရင်ခံစားကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော် သမ္မတထံ တင်ပြရန် သဘောတူခဲ့ကြသည်” ဆိုသည့်အပေါ် လက်တွေ့တွင် အစိုးရဖက်မှ ၎င်းလေ့လာသုံးသပ်လုပ်ငန်းကို ချုပ်ကိုင်လွှမ်းမိုးပြီး ဒေသခံလူထု၏အသံကို လျစ်လျူရှုထားကာ လေ့လာသုံးသပ်ချက်အစီရင်ခံစာတွင် ၎င်းစစ်လေ့ကျင့်ရေးကျောင်း ဆက်လက်တည်ဆောက်နိုင်ရန်ကိုသာ တင်ပြခဲ့ကြသည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks