spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းအမှုမပေါ်သည့်ဆိုင်ကယ်ပျောက်မှု ရေးမြို့တွင် တစ်ရာဝန်းကျင် ရှိဟုဆို

    အမှုမပေါ်သည့်ဆိုင်ကယ်ပျောက်မှု ရေးမြို့တွင် တစ်ရာဝန်းကျင် ရှိဟုဆို

    -

    ရဲမွန် – မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၅ လအတွင်း မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုပေါင်း ၁၀ဝ ကျော်ခန့် ရှိပြီ ဖြစ်သော်လည်း အမှုပေါ်ခြင်း မရှိသေးကြောင်း ပျောက်ဆုံးမှုစာရင်း စုဆောင်းနေသည့် ရေးသူ ရေးသားများထံမှ သိရသည်။

    လက်ရှိတွင် ပျောက်ဆုံးခဲ့သည့် ဆိုင်ကယ်အမျိုးအစား၊ ဆိုင်ကယ်ပိုင်ရှင်နှင့် နေရပ် စသည်တို့ကို စုဆောင်းထားပြီး အစီးရေ ၂၀ ၏ အချက်အလက်များကို စုဆောင်းထားပြီဟု ဆိုသည်။

    “တချို့ကျတော့ နာမည်မသိဘူး၊ လွန်ခဲ့တဲ့လက ဟာတွေက ပိုများတယ်၊ ရွာတွေကလည်း ပါတယ်၊ ကျနော်တို့ လိုက်စုနေတုန်းပဲ” ဟု ပျောက်ဆုံးမှုစာရင်းကို စုဆောင်းနေသူတဦးက ပြောသည်။

    ယခုကဲ့သို့ လိုက်လံစုဆောင်းရခြင်းမှာ တကယ့်ဖြစ်ပျက်နေသည်များကို အများသိရှိစေရန်နှင့် အထောက်အထား အခိုင်အမာ ပြရန် ဖြစ်သည်ဟု ၎င်းက ပြောသည်။

    အခြား စာရင်း ပြုစုသူတဦးကလည်း “၂၈-၉-၂၀၁၂ ကနေ ၇-၁၀-၂၀၁၂ ထိ ဆယ်ရက်အတွင်း မှာပဲကို ၆ စီး ပျောက်တယ်” ဟု ပြောသည်။

    ရေးမြို့ရဲစခန်းကမူ မော်တော်ဆိုင်ကယ်များ ပျောက်ဆုံးနေသည်မှာ မှန်ကန်သော်လည်း အရေအတွက် ဆယ်ဂဏန်းမျှသာ ရှိကြောင်း၊ ရဲစခန်းသို့ လာရောက် တိုင်ကြားသူ ၉ ဦးသာ ရှိပြီး၊ တရားခံနှင့်တကွ မော်တော်ဆိုင်ကယ် ၆ စီးကို ဖမ်းဆီးမိပြီ ဖြစ်ကြောင်း၊ တရားခံများမှာလည်း ရေးသားများသာ ဖြစ်ကြောင်း တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။

    “နေ့ရော ညရော ကျနော်တို့လည်း လိုက်ပြီး ရှာနေတာပဲ ခင်ဗျ” ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

    ထိုကဲ့သို့ အမှုမပေါ်ဘဲ ပျောက်ဆုံးနေရခြင်းမှာ ဥပဒေ စိုးမိုးမှု မရှိခြင်းနှင့် ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမည့် ရဲများ၏ တာဝန်မဲ့မှုကြောင့်သာ ဖြစ်သည်ဟု မြို့သူ မြို့သားများက ပြောသည်။

    “မတိုင်ရင် မဖမ်းဘူးလား၊ တိုင်မှဖမ်းတာလား၊ ရာဇဝတ်မှုခင်း ကျဆင်းဖို့က ရဲအလုပ်ပဲ၊ မကျဆင်းဘဲ တိုးလာတယ် ဆိုရင် ရဲ အလုပ်မလုပ်လို့ဘဲ” ဟု မြို့မိမြို့ဖတဦးက ပြောသည်။

    လွန်ခဲ့သည့်နှစ်များတွင် ရေးမြို့နယ်အတွင်း တက္ကစီ သမားများကို သတ်ဖြတ်ကာ ဆိုင်ကယ်များကို လုယူမှုများ ဖြစ်ပွားခဲ့သော်လည်း ထိရောက်သော ကိုင်တွယ်ဖြေရှင်းမှု မရှိခဲ့ကြောင်း၊ ယခုတွင်မူ ထိုကဲ့သို့ သတ်ဖြတ်မှု မရှိသော်လည်း အတင့်ရဲစွာ ခိုးယူမှုများ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks