spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသုဝဏ္ဏဘူမိသည် သထုံဒေသဖြစ်ကြောင်း စာတမ်းဖတ်ပွဲကျင်းပပြီးစီး

    သုဝဏ္ဏဘူမိသည် သထုံဒေသဖြစ်ကြောင်း စာတမ်းဖတ်ပွဲကျင်းပပြီးစီး

    -

    မင်းသုတ – ယဉ်ကျေးမှုလက်ရာများကို လေ့လာခြင်းအားဖြင့် သုဝဏ္ဏဘူမိသည် လက်ရှိမွန်ပြည်နယ်၊ သထုံဒေသဖြစ်ကြောင်း စာတမ်းဖတ်ပွဲကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီး ဖြစ်သည်။

    ဦးစံဝင်း စာတမ်းဖတ်ကြားစဉ်(internet)
    မော်လမြိုင်တက္ကသိုလ်က ကြီးမှူး၍ ရွှေအဆင်းဝင်းသောသုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမဆောင်၌ နှစ်ရက်တာကျင်းပခဲ့ရာ သမိုင်းသု တေသီပညာရှင်အသီးသီးက သုဝဏ္ဏဘူမိနှင့်သက်ဆိုင်သော စာတမ်း ၁၈ စောင်ဖတ်ကြား ခဲ့သည်ဟု သိရသည်။

    သမိုင်းသုတေသနဦးစီးဌာန၊ ယဉ်ကျေးမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(အငြိမ်းစား) ဦးစံဝင်းက “ဒီအခန်းအနားမှာ ကျနော်က အောက်မြန်မာနိုင်ငံရှိသုဝဏ္ဏဘူမိ ကွင်းဆင်းသုတေသနစာတမ်းပါ၊ ကျနော်ပြောလိုတာက လက်ရှိအောက်မြန်မာပြည်မှာ သူဝဏ္ဏဘူမိကို အခြေခံပြီးတော့ မြို့ဟောင်းဘယ်နှစ်နေရာရှိခဲ့သလဲ၊ အဲဒီမြို့ဟောင်းတွေကို ကွင်းဆင်းသုတေသနလုပ်ပြီး တွေ့ရှိခဲ့ရတဲ့အထောက်အထားတွေကို တင်ပြခဲ့တာ ဖြစ်တယ်” ဟု ပြောသည်။

    ဦးစံဝင်းသည် သမိုင်းသုတေသနဦးစီးဌာနတွင် အနှစ် ၃၀ ကျော်ကြာခန့် သမိုင်းသုတေသနအထောက်အထားများအား ကွင်းဆင်းလေ့လာခဲ့သည့်အတွေ့အကြုံ များကို စာတမ်းပြုစုရေးသားခဲ့ခြင်း ဖြစ်သည်။

    “ရှေးဟောင်းအထောက်အထားတွေကလည်း ခိုင်မာတဲ့သက်သေပြနေတဲ့ အတွက် သုဝဏ္ဏဘူမိဆိုတာ မွန်ပြည်နယ်က သထုံနဲ့ ဘီးလင်း၊ ကျိုက်ထိုဒေသက မြို့ဟောင်းနေရာ တွေသာဖြစ်တယ်၊ ထိုင်းနိုင်ငံမှာလည်းမဟုတ်ဘူး၊ စုမားတြား-ဂျာဗားမှာလည်းမဟုတ်ဘူး၊ အင်ဒိုနီးရှားလည်းမဟုတ်ဘူး” ဟု ဦးစံဝင်းက စာတမ်းတွင် ဖတ်ကြားတင်ပြခဲ့သည်။

    ယင်းစာတမ်းဖတ်ပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဦးကျင်ဖေ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သမိုင်းသုတေသီ၊ ပါမောက္ခများ၊ မြို့နယ်အသီးသီးမှ မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသူကျောင်းသားများနှင့် မြို့နယ်အသီးသီးမှ စိတ်ပါဝင်စားသူ ၅၀ဝ နီးပါးခန့်တက်ရောက်ခဲ့ကြောင်း တက်ရောက်သူများထံမှ သိရသည်။

    ယခု မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့သောသုဝဏ္ဏဘူမိစာတမ်းဖတ်ပွဲသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

    သုဝဏ္ဏဘူမိစာတမ်းဖတ်ပွဲကျင်းပနေစဉ်(Internet)
    တဖက်တွင်လည်း “ပျူလူမျိုးနှင့်ပျူနိုင်ငံတော်” စာတမ်းဖတ်ပွဲကို လာမည့်နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ရန်ကုန်မြို့တွင် ၃ ရက်ကြာ ကျင်းပမည်ဖြစ်ရာ သုဝဏ္ဏဘူမိ(သထုံ) မွန်ဒေသအား ပျူမြို့ပြနိုင်ငံများတွင် ထည့်သွင်းဖတ်ကြားမည်ဟု အစိုးရထုတ်ကြေးမုံသတင်းစာ၌ ဖေါ်ပြခဲ့သည်။

    သုဝဏ္ဏဘူမိ(သထုံ) နှင့် မွန်ဒေသအား ပျူမြို့ပြနိုင်ငံများဟု သတင်း၊စာစောင်များ၏ ထည့်သွင်းဖေါ်ပြရေးသားချက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပျူစာတမ်းဖတ်ပွဲကျင်းပရေးကော်မတီဥက္ကဌများထံ မွန်သမိုင်းသုတေသနအဖွဲ့ အတွင်းရေးမှူး မင်းခင်မောင်လေး ယခုလ ၁ ရက်နေ့စွဲဖြင့် ကန့်ကွက်စာများလက်မှတ်ရေးထိုးပေးပို့ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks