Homeသတင်းသုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲယနေ့စတင်ကျင်းပ

သုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲယနေ့စတင်ကျင်းပ

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မော်လမြိုင်တက္ကသိုလ်က ကြီးမှူး၍ ရွှေအဆင်းဝင်းသောသုဝဏ္ဏဘူမိ ပထမအကြိမ်စာတမ်းဖတ်ပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမဆောင်၌ ယနေ့နံနက် ၈ နာရီစတင် ကျင်းပခဲ့သည်။

အခမ်းအနားမစတင်မီတွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသားတို့၏ သံပြိုင်တေးသီချင်း၊ မွန်အဆိုတော်မိမြသန်းနှင့် မိခင်ဝမ်းတို့၏ မွန်တို့ဂုဏ်ရည် မွန်မြန်မာသီချင်း၊ သုဝဏ္ဏဘူမိ ဂုဏ်ပြုတေးသီချင်းများဖြင့် ဧည့်ခံသီဆိုခဲ့သည်ဟု သိရသည်။

ရွှေအဆင်းဝင်းတဲ့ သုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲ

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ မော်လမြိုင်တက္ကသိုလ် သမိုင်းဌာန၊ ပထဝီဌာန၊ အရှေ့တိုင်းဌာန၊ ဘူမိဗေဒဌာန၊ မြန်မာစာဌာနတို့မှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါ မောက္ခများ၊ မြို့မိမြို့ဖများနှင့် စိတ်ပါဝင်စားသူ ၃၀ဝ ကျော်တက်ရောက်ခဲ့ကြသည်။

“ပြည်နယ်ခန်းမမှာ လာနားတောင်တဲ့လူတွေကအပြည့်ပဲ၊ ဒီနှစ်ရက်အတောအတွင်းမှာ သုဝဏ္ဏဘူမိနဲ့သက်ဆိုင်တဲ့ စာတမ်း ၁၈ စောင်ဖတ်မယ်၊ အဲဒီအထဲမှာ မော်လမြိုင်တက္ကသိုလ်က စာတမ်း ၅ စောင်ပါတယ်လို့သိရတယ်” ဟု အခမ်းအနားဖွင့်ပွဲသို့ တက်ရောက်ခဲ့သူမိမိုးမိုးက ပြောသည်။

နံနက် ၉ နာရီတိတိ ကျင်းပခဲ့သောအခမ်းအနားဖွင့်ပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့် တက်ရောက်အမှာစကားပြောကြားပြီး မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်က စာတမ်းဖတ်ပွဲပါအဓိကအချက်အလက်များကို ရှင်းပြခဲ့သည်ဟု သိရသည်။

“ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ တွေမှာလည်း သုဝဏ္ဏဘူမိရှိတယ်ဆိုတဲ့ အယူအဆတွေအနက် မွန်ပြည်နယ်က သထုံခရိုင်ဒေသဟာ မွန်လူမျိုးတွေနေတိုင်ခဲ့တဲ့သုဝဏ္ဏဘူမိအစစ်လို့ အထောက်အထားအခိုင်အမာတွေသိရှိခဲ့တယ်”ဟု အခမ်းအနားတက်ရောက်သူ မွန်လူငယ်တစ်ဦးက ပြောသည်။

အလားတူ သုဝဏ္ဏဘူမိ သထုံဒေသသည် ပျူလူမျိုးတို့အစောဆုံး ဝင်ရောက်နေထိုင်ခဲ့ကြောင်း အထောက်အထားများနှင့်ပတ်သက်သော “ပျူလူမျိုးနှင့် ပျူနိုင်ငံတော်” စာတမ်းဖတ်ပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ၃ ရက်တိုင်တိုင်ကျင်းပမည့်အစီအစဉ်တွင် စာတမ်းဖတ်ကြားမည်ဟု ကြေညာချက်များအရ သိရသည်။

ယင်းပျူလူမျိုးနှင့်ပျူနိုင်ငံတော် သုတေသနစာတမ်းဖတ်ပွဲကို မွန်သုတေသနအသင်းက ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ပျူနိုင်ငံတော် သုတေသနစာတမ်းဖတ်ပွဲကျင်းပရေးကော်မတီဥက္ကဌ ဒေါက်တာချစ်စံဝင်းထံသို့ ကန့်ကွက်စာ ပေးပို့ခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

2 COMMENTS

  1. ဒီလိုဟာတွေကိုပွဲကြီးလုပ်စရာမလိုပါ ထင်မိပါတယ် အဓိက ပျူက ဗမာ မှန်းရင် ဗမာတွေက ပျူ စကားပျူစာတတ်ရမယ် မတတ်ရင်မဟုတ်ပါ ပျူက ပျူပဲ မရောနဲ့ အဓိက ဗမာတွေအားထုတ်နေတာက မိဘမဲ့တဲဘဝကလွတ်ကျွတ်စေချင်လိုပါ အစမရှိတော အစကိုရှားဖွေနေရတာပါ သူခမျာသနားစရာပါ

  2. သူတစ်ပါးအတွက်လည်းအကျိုးမရှိ..သူတစ်ပါးလည်းမနှစ်သက်လျင်..အကျိုးမရှိသောစကားသာဖြစ်ပေ သည်…….( ဗုဒ္ဓ )

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts