Homeသတင်းမလေးယှားနိုင်ငံတွင် မွန်တိုင်းရင်းသားအကြောင်း ဟောပြောပွဲဆက်လက်ကျင်းပ

မလေးယှားနိုင်ငံတွင် မွန်တိုင်းရင်းသားအကြောင်း ဟောပြောပွဲဆက်လက်ကျင်းပ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မလေးယှားနိုင်ငံရောက် မွန်အမျိုးသားအဖွဲ့အစည်းကကြီးမှူး၍ မွန်တိုင်းရင်းသားအကြောင်း ဟောပြောပွဲအခမ်းအနားကို မလေးယှားနိုင်ငံ Perak state လှေဆိပ် ရာမညနိကာယ မွန်ဘုန်းတော်ကြီးကျောင်း၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ အငြိမ်းစားညွှန်ကြားရေးမှူး မွန်သမိုင်းပညာရှင် နိုင်မောင်တိုးက မွန်အမျိုးသားသမိုင်းဖြစ်စဉ်နှင့် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပုံ၊ ရှေးကျသောမွန်သမိုင်းအကြောင်းအရာများနှင့် မွန်ပြည်နယ်နှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာများကိုတင်ပြခဲ့သည်။

ထို့အပြင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ဥက္ကဌ နိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်က မွန်အမျိုးသားတို့၏ စာပေ၊ သမိုင်း၊ ယဉ်ကျေးမှု၊ သာသနာရေးရာနှင့် လက်ရှိ နိုင်ငံရေးအနေအထားများကို ရှင်းပြသွားခဲ့သည်။

မလေးယှားနိုင်ငံရောက် မွန်အမျိုးသားအဖွဲ့အစည်း ဒုဥက္ကဌ နိုင်စိုင်းဝဏ္ဏက “ဒီနေ့အခမ်းအနားမှာ မွန်စီးပွားရေး လုပ်ငန်းရှင် နိုင်ဗညားစန်းကအရေးကြီးကိစ္စပေါ်လာလို့ မလာဖြစ်ဘူး ဆရာနိုင်မောင်တိုးနဲ့ နိုင်ဂျနူမွန်တို့နှစ်ယောက်ပဲ ဟောပြောသွားတယ်” ဟု ပြောသည်။

ယနေ့ကျင်းပသည့် မွန်တိုင်းရင်းသားအကြောင်းဟောပြောပွဲအခမ်းအနားကို မလေးယှားနိုင်ငံ Perak state ဖိရာတ်ပြည်နယ်မှ မွန်တိုင်းရင်းသား ၁၅၀ ကျော်ခန့် တက်ရောက်ခဲ့သည်ဟုလည်း နိုင်စိုင်းဝဏ္ဏက ပြောသည်။

“ဆရာတို့ဟောပြော သွားတဲ့ အထဲမှာ အဓိက မွန်အမျိုးသားသမိုင်းကြောင်းနဲ့ စာပေအပိုင်းတွေကို ပရိသတ်တွေပိုစိတ်ဝင်စားတယ်၊ ဒီလိုဟောပြောပွဲမျိုးက ပထမဆုံးအကြိမ်လည်းဖြစ်တော့ မွန် အကြောင်းတွေ မသိသေးတဲ့ ဆယ်ကျော်သက်အရွယ်တွေအဖို့ ဗဟုသုတပိုရတာပေါ့ ” ဟု နိုင်စိုင်းဝဏ္ဏက ဆက်ပြောသည်။

အလားတူ နိုဝင်ဘာလ ၄ ရက်နေ့တွင် မလေးယှားနိုင်ငံရှိ မွန်ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသို့ သွားရောက်ဟောပြောခြင်းနှင့် မွန်တိုင်းရင်းသားတွေ့ဆုံပွဲများကို ကျင်းပသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် ဟောပြောပွဲခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့က မလေးယှားနိုင်ငံ ကွာလာလမ်ပူမြို့ Chinese Assembly Hall နေရာ၌ကျင်းပခဲ့ပြီး မွန်တိုင်းရင်းသားပေါင်း ၃၀ဝ ကျော်ခန့် တက်ရောက်ခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၂၆ ရက်နေ့က စင်္ကာပူနိုင်ငံခြေစိုက် Mon Friendship Association Singapore မွန်မိတ်သဟာယအသင်းက ကြီးမှူး၍ Ren Ci Community Hospital Hall, 71 Irrawaddy Rd, Singapore 329562 Near Novena MRT Station နေရာ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts