လွတ်လပ်သောမွန်သတင်းအေဂျင်စီ – စင်္ကာပူနိုင်ငံအခြေစိုက် Mon Friendship Association Singapore မွန်မိတ်သဟာယအသင်းက ကြီးမှူး၍ စင်္ကာပူနိုင်ငံတွင် ပထမဆုံးကျင်းပသည့် မွန်တိုင်းရင်းသားအကြောင်းဟောပြောပွဲအခမ်းအနားကို ယနေ့တွင် ကျင်းပပြီးစီးခဲ့သည်။
စင်္ကာပူ မွန်မိတ်သဟာယအသင်း နိုင်မယ့်မရော့က “ဆရာတို့ ဟောပြောသွားတဲ့ မွန်သမိုင်း၊ စာပေအပိုင်းတွေ မပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းရမလဲ၊ နောက်စီးပွားရေးအပိုင်းဆိုလည်း လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးအနေအထားရ ကျနော်တို့ မွန်ပြည်နယ်မှာ ဘယ်ဟာကိုလုပ်လို့ရနိုင်မလဲ စဉ်းသွားလို့ရတာပေါ့၊ ဒီလိုဟောပြောပွဲမျိုးကျင်းပနိုင်တာကို ကျနောတို့အနေနဲ့ သိပ်ကိုဝမ်းသာတယ်” ဟု ပြောသည်။
ယနေ့ကျင်းပသည့် မွန်တိုင်းရင်းသားအကြောင်းဟောပြောပွဲအခမ်းအနားသို့ စင်္ကာပူနိုင်ငံရောက် မွန်တိုင်းရင်းသား ၄၀ဝ ကျော်တက်ရောက်ခဲ့သည်ဟုလည်း နိုင်မယ့်မရော့က ဆက်ပြောသည်။
ထိုဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီမှ ၅ နာရီအထိ Ren Ci Community Hospital Hall, 71 Irrawaddy Rd, Singapore 329562 Near Novena MRT Station နေရာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုနောက် တက်ရောက်လေ့လာသူများ၏ မေးမြန်းချက်များကို နိုင်ဂျနူမွန်နှင့် နိုင်မောင်တိုးတို့ ဖြေကြားခဲ့သည်ကိုတွေ့ရှိရသည်။
မွန်ညီအစ်ကိုမောင်နှမများစုပေါင်းကာ လူဦးရေ ၅၀ဝ ခန့်ဖွဲ့စည်းထားသော စင်္ကာပူနိုင်ငံအခြေစိုက် (Mon Friendship Association Singapore) မွန်မိတ်သဟာယအသင်းကို၂၀ဝ၁ ခုနှစ်တွင်စတင်ဖွဲ့ စည်းခဲ့ပြီး ယခုအခါ ၁၁ နှစ်သက်တမ်းရရှိခဲ့ပြီဖြစ်သည်။
[vslider name=”sgmontalkingshow”]