spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းစင်္ကာပူနိုင်ငံတွင် မွန်တိုင်းရင်းသားအကြောင်း ဟောပြောပွဲကျင်းပပြီးစီး

    စင်္ကာပူနိုင်ငံတွင် မွန်တိုင်းရင်းသားအကြောင်း ဟောပြောပွဲကျင်းပပြီးစီး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – စင်္ကာပူနိုင်ငံအခြေစိုက် Mon Friendship Association Singapore မွန်မိတ်သဟာယအသင်းက ကြီးမှူး၍ စင်္ကာပူနိုင်ငံတွင် ပထမဆုံးကျင်းပသည့် မွန်တိုင်းရင်းသားအကြောင်းဟောပြောပွဲအခမ်းအနားကို ယနေ့တွင် ကျင်းပပြီးစီးခဲ့သည်။

    မေးမြန်းချက်များကို နိုင်မောင်တိုးမှပြန်လည်ဖြေကြားစဉ်(Mon Friendship Association Singapore)
    ယင်းဟောပြောပွဲတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူး မွန်သမိုင်းပညာရှင် နိုင်မောင်တိုးက ဘာကြောင့်မွန်သမိုင်းတွေပျောက်ကွယ်ခဲ့ရပုံ၊ မွန်စီးပွားရေးလုပ်ငန်းရှင် နိုင်ဗညားစန်းက လက်ရှိ မြန်မာနိုင်ငံဖြစ်ပေါ်နေသော စီးပွားရေးအနေအထား သုံးသပ်ချက်များနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) ဥက္ကဌနိုင်ငွေသိန်း(ခေါ်)နိုင်ဂျနူမွန်က မွန်စာပေ၊ သမိုင်းနှင့် လက်ရှိနိုင်ငံရေးအခြေအနေ တင်ပြချက်များကို မွန်မိတ်သဟာယအသင်း အင်တာနက်သတင်းစာမျက်နှာ http://sahaimon.net တွင် တိုက်ရိုက်ဖေါ်ပြခဲ့သည်။

    စင်္ကာပူ မွန်မိတ်သဟာယအသင်း နိုင်မယ့်မရော့က “ဆရာတို့ ဟောပြောသွားတဲ့ မွန်သမိုင်း၊ စာပေအပိုင်းတွေ မပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းရမလဲ၊ နောက်စီးပွားရေးအပိုင်းဆိုလည်း လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးအနေအထားရ ကျနော်တို့ မွန်ပြည်နယ်မှာ ဘယ်ဟာကိုလုပ်လို့ရနိုင်မလဲ စဉ်းသွားလို့ရတာပေါ့၊ ဒီလိုဟောပြောပွဲမျိုးကျင်းပနိုင်တာကို ကျနောတို့အနေနဲ့ သိပ်ကိုဝမ်းသာတယ်” ဟု ပြောသည်။

    ယနေ့ကျင်းပသည့် မွန်တိုင်းရင်းသားအကြောင်းဟောပြောပွဲအခမ်းအနားသို့ စင်္ကာပူနိုင်ငံရောက် မွန်တိုင်းရင်းသား ၄၀ဝ ကျော်တက်ရောက်ခဲ့သည်ဟုလည်း နိုင်မယ့်မရော့က ဆက်ပြောသည်။

    ထိုဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီမှ ၅ နာရီအထိ Ren Ci Community Hospital Hall, 71 Irrawaddy Rd, Singapore 329562 Near Novena MRT Station နေရာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

    အခမ်းအနားကို မြင်တွေ့နေရပုံ(Mon Friendship Association Singapore)
    “ဆရာဂျနူမွန်ရဲ့ အနှစ် ၄၀ မွန်ဗမာစစ်ပွဲက ရာဇာဓိရာဇ်အရေးတော်ပုံအကြောင်းအရာပါတင်ပြချက်၊ စစ်အစိုးရခေတ်တွေက မြန်မာ့ပညာရေးစနစ် အဖျက်စီးခံရတဲ့ကာလ သူ့လိုပညာရေးဝန်ထမ်း တစ်ယောက်ဘဝအကြောင်းတို့ကို ဟာသဉာဏ်နှောပြီးပြောပြတာ တချိန်လုံးလက်ခုတ်သံတွေစီညံနေတာပဲ၊ လက်ရှိမွန်စာပေသင်ကြားရေးကိုလည်း သူအကြံပြုတာ သိပ်ကိုကောင်းတာပဲ” ဟု တက်ရောက်နားထောင်သူတစ်ဦးက ပြောသည်။

    ထိုနောက် တက်ရောက်လေ့လာသူများ၏ မေးမြန်းချက်များကို နိုင်ဂျနူမွန်နှင့် နိုင်မောင်တိုးတို့ ဖြေကြားခဲ့သည်ကိုတွေ့ရှိရသည်။

    မွန်ညီအစ်ကိုမောင်နှမများစုပေါင်းကာ လူဦးရေ ၅၀ဝ ခန့်ဖွဲ့စည်းထားသော စင်္ကာပူနိုင်ငံအခြေစိုက် (Mon Friendship Association Singapore) မွန်မိတ်သဟာယအသင်းကို၂၀ဝ၁ ခုနှစ်တွင်စတင်ဖွဲ့ စည်းခဲ့ပြီး ယခုအခါ ၁၁ နှစ်သက်တမ်းရရှိခဲ့ပြီဖြစ်သည်။

    [vslider name=”sgmontalkingshow”]

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks