spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမြန်မာလွှတ်တော်အမတ်များ ထိုင်းအုပ်ချုပ်ရေးစနစ် လေ့လာရေးခရီးပြီးဆုံး

    မြန်မာလွှတ်တော်အမတ်များ ထိုင်းအုပ်ချုပ်ရေးစနစ် လေ့လာရေးခရီးပြီးဆုံး

    -

    ခတ္တာနန်း – မြန်မာတိုင်းရင်းသားလွှတ်တော်အမတ်များပါဝင်သည့်အဖွဲ့သည် ဗဟိုအာဏာချုပ်ကိုင်မှု လျှော့ချရေးနှင့် အောက်ခြေဒေသန္တရအစိုးရနှင့်ပတ်သက်သောအချက်အလက်များကို ထိုင်းနိုင်ငံတွင် ၁၈ ရက်ကြာလေ့လာခဲ့ပြီး ယမန်နေ့မွန်းလွဲပိုင်း၌ ချင်းမိုင်မြို့မှတဆင့် မြန်မာပြည်သို့ပြန်သွားကြပြီ ဖြစ်သည်။

    သြဂုတ်လတွင် မြန်မာလွှတ်တော်အမတ်များ ထိုင်းအုပ်ချုပ်ရေးစနစ်လေ့လာခဲ့စဉ်(IMNA)
    အောက်တိုဘာ ၁၆ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိလေ့လာရေးခရီးစဉ်တွင် တိုင်းရင်းသားပါတီများနှင့် NDF ပါတီအပါအဝင် ၈ ပါတီမှ လွှတ်တော်အမတ် ၁၇ ဦးပါဝင်ကြောင်း သိရသည်။

    ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်သူငြိမ်းက“ ဒီသင်တန်းတွေမှာ တိုင်းရင်းသားတွေများပါတယ်၊ အထူးသဖြင့် တိုင်းရင်းသားကိစ္စတွေကိုပြောဖို့ရှိတယ်၊ အခုမြန်မာနိုင်ငံဆိုရင် ပြုပြင်ပြောင်းလဲမှု လုပ်တယ်လို့သာပြောတယ် အောက်ခြေမှာဘာမှ ပြောင်းလဲလာတာမရှိသေးဘူး၊ ဒါကြောင့် ဒေသန္တရ အစိုးရတွေ အားကောင်းလာရင် ဘယ်လိုအလုပ်ဖြစ်လာမလည်းဆိုတာကို သူတို့ လေ့လာပြီး ပိုပြီးသဘောပေါက် သိရှိလာပါတယ်” ဟုပြောသည်။

    ယခုခရီးစဉ်တွင် တိုင်းရင်းသားအုပ်စုများ ကွဲပြားကြသလို အသက်အရွယ်လည်းကွာခြားမှုရှိကြောင်း၊ နိုင်ငံရေးအကြောင်းထဲထဲဝင်ဝင် လေ့လာထားသူများပါရှိသော်လည်း အချို့မှာယခုမှ နိုင်ငံရေးလောကသို့ ပါလာသူများဖြစ်သဖြင့် အချို့ဆွေးနွေးမှုများတွင် တခါတရံ ပြဿနာအနည်းအကျဉ်းရှိခဲ့ကြောင်းလည်း ဦးအောင်သူငြိမ်းက ဆက်ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီအဖွဲ့ဝင် ကော့ကရိတ်မြို့နယ်၊ အမျိုးသားလွှတ်တော်အမတ် မင်းမျိုးတင့်လွင်က “ဒေသန္တရဖွံ့ဖြိုးရေးမှာ ထိုင်းနဲ့ မြန်မာနိုင်ငံမတူကြတာတွေ ကျနော်တို့တွေ့ရတယ်၊ အဓိကကတော့ အများစုပေါင်းပါဝင်မှုတွေပါပဲ၊ ကျနော်တို့ နိုင်ငံမှာကျတော့ လက်တွေ့မဖြစ်နိုင် သေးပါဘူး၊ ထိုင်းနိုင်ငံကိုပုံတူကူချလို့လည်း မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တဲ့ အပိုင်းတွေကတော့ ဥပမာ ကျေးရွာအုပ်ချုပ်ရေးမှူးအခန်းကဏ္ဍတွေကို မြှင့်တင်ပေးရပါမယ်” ဟုပြောသည်။

    လွန်ခဲ့သည့် သြဂုတ်လတွင်လည်း တိုင်းရင်းသားပါတီနှင့် ပြည်နယ်လွှတ်တော်အမတ် ၂၂ ဦး့တိုသည် ထိုင်းနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်အား အလားတူလာရောက်လေ့လာခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks