spot_img
Saturday, February 7, 2026
More
    spot_img
    Homeသတင်းမိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ထိုင်းရာဘာခြံလုပ်ငန်းမှရပ်နား

    မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ထိုင်းရာဘာခြံလုပ်ငန်းမှရပ်နား

    -

    အဇာတာ – မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော ရာဘာခြံအလုပ်သမားများ တစ်လကျော်ကြာ လုပ်ငန်းခွင်သို့ ရပ်ဆိုင်းထားခဲ့ရကြောင်း အလုပ်သမားများက ပြောသည်။

    ထိုင်းနိုင်ငံ နတ်ဆုမွန်ခရိုင် ရာဘာခြစ်သမား မွန်လူငယ်တစ်ဦးပုံ။( ပုံ- malariacontainment )

    ဇူလိုင်လမှစ၍ ယနေ့အထိရက်ပေါင်း ၄၀ ကျော်နီးပါး မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် လုပ်ငန်း ခွင်သို့ ယခုအချိန်ထိ မဆင်းနိုင်သေးသည်ဟု ထိုင်းနိုင်ငံ ဖန်ငခရိုင်မှ ရာဘာလုပ်ငန်းလုပ်ကိုင်နေသူ ကိုဗညားက ပြောသည်။

    ၎င်းက “ဒီမှာတော့ မိုးတအားရွာနေတယ် ရာဘာခြစ်လို့မရဘူး၊ နားရက်တွေလဲတော် တော်ကြာ နေပြီ” ဟု ပြောသည်။

    မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရာဘာပင်များပေါ်တွင် မိုးရေများ ရာဘာခြစ်ရာလမ်းကြောင်းသို့ စီးဝင်လာပြီး ရာဘာအစီးများ မိုးရေရောသွားသဖြင့် ရာဘာစေးများပျက်စီး ခဲ့ရသည်ဟု ဆိုသည်။

    လက်ရှိရာဘာဈေးသည် ယခင်နှစ် ဈေးနှုန်းထက် ထက်ဝက်ကျော် ကျဆင်းနေကြောင်း သိရသည်။

    ထိုင်းနိုင်ငံ ဟတ်ယိုင်ဒေသမှာ ရာဘာလုပ်ငန်းလုပ်ကိုင်နေသူ မိချမ်းက “မနှစ်က ဒီလတွေဆိုရင် ရာဘာခြစ် ရနေသေးတယ် ဒီနှစ်ရာဘာခြစ်တာ သိပ်အဆင်မပြေဘူး ရာဘာဈေးလည်း ကျနေတယ် အခု ပေါက်ဈေးက ၁ ကီလိုကို ၇၃ ဘတ် ပဲရှိတယ် ” ဟု ပြောသည်။

    ထိုင်းနိုင်ငံ နတ်ဆုမွန်ခရိုင် ရာဘာခြစ်သမား နေအိမ်ပုံ။( ပုံ- malariacontainment )

    ရာဘာခြံအလုပ်သမားများသည်ရောင်းရငွေ ၆၀ % ကို ခြံသူဌေးကရရှိပြီး ကျန် ၄၀ % ကို ရာဘာအလုပ်သမားများကရရှိကြကာ လုပ်ငန်းခွင်သို့ မဆင်းနိုင်သေးသည့်အတွက် အလုပ်သမားမိသားစုများ ဝင်ငွေမရှိသလောက်ဖြစ်နေကြောင်း သူမကဆက်ပြောသည်။

    ထို့အတူ မြန်မာနိုင်ငံသို့ မိသားစုများထံသို့လည်း ယခုမိုးတွင်ကာလတွင် ငွေမလွှဲပို့နိုင်ဖြစ်နေကြ ကြောင်း ရာဘာခြံအလုပ်သမားများက ပြောသည်။

    မြန်မာနိုင်ငံ၌ လုပ်သားအင်အား ၃၀ ဒသမ ၉၆ သန်းခန့်ရှိပြီး မြန်မာအလုပ်သမားဦးရေ သုံး သန်းခန့် မှာ ပြည်ပတွင် သွားရောက်လုပ်ကိုင်လျက်ရှိကြရာ ထိုင်းနိုင်ငံတွင်မြန်မာနိုင်ငံသားနှစ်သန်းကျော် အလုပ်လုပ်ကိုင်နေကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks