spot_img
Friday, February 14, 2025
More
    spot_img
    Homeသတင်းရေဖြူမြို့နယ်မြေဧကရှစ်သောင်းခန့်အား ရေတပ်ပိုင်မြေအဖြစ်သတ်မှတ်

    ရေဖြူမြို့နယ်မြေဧကရှစ်သောင်းခန့်အား ရေတပ်ပိုင်မြေအဖြစ်သတ်မှတ်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ လယ်ယာခြံမြေ ဧကရှစ်သောင်းခန့်ကို မြေစာရင်းဌာနနှင့် ညှိနှိုင်း၍ မောရဝတီရေတပ်ပိုင်မြေအဖြစ် သတ်မှတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

    တပ်မြေအဖြစ်သိမ်းဆည်းပြီး မှတ်တိုင်စိုက်ထားပုံ( Photo-Internet)
    ရေဖြူမြို့နယ်ရှိ မိကျောင်းအိုင်၊ ပြင်ကြီး၊ ဆင်ကူး၊ လယ်ကြီး၊ မှော်ကြီး၊ မင်းသား၊ ဆင်စွယ်၊ စိန်ဘုန်း အစရှိသည့်ရွာပေါင်း ၁၅ ရွာတို့၏ လယ်ယာခြံမြေဧကရှစ်သောင်းဝန်းကျင်ခန့်တွင် ဒေသခံတို့၏ ဘိုးဘွားလက်ထက်ဓါးမဦးချပြီး ရာဘာ၊ ကွမ်းသီး၊ သီဟီုခြံများနှင့် လယ်ယာမြေများတွင်စပါး စိုက်ပျိုးထားလျှက်ရှိသည်။

    ရေဖြူမြို့နယ်၊ ဆင်ကူးရွာသား ခြံပိုင်ရှင် တစ်ဦးက “မြို့နယ်က ကျနော်တို့ရွာကိုလာကောက်ခံ ထားတဲ့စာရင်းမှာ လယ်ယာခြံမြေပိုင်ရှင် ၂၀၃ ဦးရှိပြီး မြေဧကစုစုပေါင်း နှစ်ထောင်ဝန်းကျင်လောက် ရေတပ်ပိုင်မြေလို့သတ်မှတ်ထားတယ်ဆိုပဲ၊ ဒါပေမယ့် မြေသိမ်းတာတို့၊ တားဆီးတာတို့ မလုပ်သေးဘူး” ဟု ပြောသည်။

    ယခုလ ၁၅ ရက်နေ့တွင် ရေဖြူမြို့နယ် သစ်တော၊ နှစ်ရှည်၊ မြေစာရင်းဌာနမှအရာရှိများနှင့် မြို့နယ်အုပ် ချုပ်ရေးရုံးစာရေးတို့ ဆင်ကူးရွာသို့လာရောက်ပြီး စာရင်းမှတ်ခြင်း၊ မြေနေရာအချို့တိုင်းထွာခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    “ခြံတစ်ခြံကို ခြံရှင်နာမည်နဲ့ မှတ်ပုံတင်နံပါတ် မြေဧကဘယ်လောက်ရှိလဲ၊ ကွမ်းသီးခြံဆို ဧကဘယ် လောက်လဲ အဲဒီလို ဆင်ကူးရွာသားလယ်ယာခြံမြေပိုင်ရှင်စာရင်း ၂၀၃ ဦးကို မြို့နယ်ကစာရင်း ကောက်ယူခဲ့တယ်” ဟု ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

    အဆိုပါမြေယာများကို ၁၉၉၇ ခုနှစ်တွင် တပ်ပိုင်မြေအဖြစ် မြေစာရင်းဌာနသို့လျှောက်ထားခဲ့ကြောင်း မောရဝတီရေတပ်ဌာနချုပ်၊ Q-2 အဆင့်ရှိ ဗိုလ်မှူးနိုင်ဝင်းက သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူး များအား အသိပေးပြောကြားခဲ့သည်ဟုလည်း ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

    အလားတူ ရေဖြူမြို့နယ် ကျွဲသုံးညီမကျွန်းပေါ်ရှိ မြေဧကများ လျော်ကြေးပေးဆောင်ခြင်းမရှိပဲ သိမ်းဆည်းခဲ့ပြီး ၎င်းကျွန်းနှင့် အနီးတဝိုက်ရှိ အခြားသော ခြံမြေဧကပေါင်း ၃,ဝ၀ဝခန့်ကိုလည်း သိမ်းဆည်းရန်ရှိသည်ဟု ၂၀၁၁ ခုနှစ်ထုတ် HURFOM ၏ “ပြည်သူတို့၏ မြေယာများ အား အစိုးရရေတပ်မှ အဓမ္မသိမ်းဆည်းခြင်း” (Burma’s Navy Attacks Civilians’ Livelihood)အစီရင်ခံစာတွင် ဖော်ပြထားသည်။

    မွန်ဒီမိုကရေစီပါတီ၊ ဗဟိုအလုပ်အမှု ဆောင် နိုင်စိုးမြင့်က “ကုလားကုတ်ကျွန်းပေါ်က လယ်ယာခြံ မြေတွေကိုလည်း မောရဝတီရေတပ်မြေဆိုပြီး ၂၀ဝ၀ ခုနှစ်မတိုင်ခင်က မြေဂရမ်တွေလုပ်ထားတယ်၊ ဒေသခံတွေက ပြေးရမလား ဆက်နေရမလားဆိုပြီး စိုးရိမ်နေကြရတယ်လို့ ကျနော်တို့သတင်း ကြားမိတယ်” ဟု ပြောသည်။

    ရေနက်ဆိပ်ကမ်းပြုလုပ်ရန်ရည်ရွယ်ထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းအား ရေတပ်ပိုင်ပြုလုပ်ထားသည့်သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

    စစ်အစိုးရလက်ထက်က နိုင်ငံတော်အမည်တပ်၍ မြန်မာပြည်နေရာအနှံ့အပြား၌ မြေယာသိမ်းပိုက် မှုများဖြစ်ပေါ်ခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်းတွင် သတင်းမီဒီယာများက ပိုမိုရေးသားဖေါ်ပြလာကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,900SubscribersSubscribe
    spot_img

    Latest posts