spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းမွန်တော်လှန်ရေးနေ့အကြို ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ ...

    မွန်တော်လှန်ရေးနေ့အကြို ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အကြို ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာ၌ ယမန်နေ့နံနက် ၁၁ နာရီတွင် အခမ်းအနား စတင်ကျင်းပခဲ့သည်။

    ဗိုလ်မှူး ဟံသာဇွဲ အဖွင့်မိန့်ခွန်းပြောကြားစဉ်(IMNA)

    အခမ်းအနားသို့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA၊ အမှတ်(၅) တပ်ရင်းရုံးထိုင်မှူး ဗိုလ်မှူး ဟံသာဇွဲ၊ မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူအုပ်ချုပ်ရေးဒေသ ဥက္ကဌ နိုင်ထောရော့နှင့် ဘုရားသုံးဆူဒေသ မြို့နယ်တပ်မှူး ဗိုလ်ကြီးမွန်မရော့တို့ဦးဆောင်သောမွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ၊ ဘောလုံးအသင်း ၁၀ သင်းမှ ဘောလုံးကန်အားကစားဝါသနာရှင်များနှင့် မွန်ပြည်သစ်ပါတီ၊ ဗဟိုကျန်းမာရေးဌာနမှ ဆေးသင်တန်းသားအပါဝင် အင်အား ၂၅၀ ခန့်တက်ရောက်ခဲ့ကြသည်။

    ဗိုလ်မှူးဟံသာဇွဲက “အခုလိုလူမျိုးစုံပါဝင်တဲ့ဘောလုံးအသင်းတွေ မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်တဲ့အတွက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မွန်ပြည်သစ်ပါတီရဲ့ ကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားလိုပါတယ်၊ အားကစားပြိုင်ပွဲဟာ အရှုံးအနိုင်က အဓိကမဟုတ်၊ ယှဉ်ပြိုင်ချင်းသာအဓိကဖြစ်တာမို့ တစ်သင်းနဲ့တစ်သင်း၊ တစ်ဦးနဲ့တစ်ဦး ရင်းနှီး ချစ်ကြည်မှုတွေ တိုးပွားစေပြီး ယိုင်ပင်းကူညီကြတဲ့စေတနာစိတ်ဓါတ်တွေ ပိုမိုရှင်သန်လာကြမယ် လို့ယုံကြည်ပါတယ်” ဟု ပြောသည်။

    ဘုရားသုံးဆူမြို့နယ်တဝိုက်နှင့် နယ်စပ်တဖက်ရှိ စံခလပူရီမြို့နယ်မှ ဘာလုံးအသင်း ၁၀ သင်းတွင် မွန်၊ မြန်မာ၊ ကရင်တိုင်းရင်းသားများနှင့် ထိုင်းလူမျိုးများ ပါဝင်ကြသည်။

    မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူ အုပ်ချုပ်ရေးဒေသဥက္ကဌ နိုင်ထောရော့က “အနာဂတ်ရဲ့ခေါင်း ဆောင် တွေဖြစ်ကြတဲ့လူငယ်တွေဟာ စီမံခန့်ခွဲမှု၊ ရှေ့ဆောင်လမ်းပြမှု၊ လျှင်မြန်ဖြတ်လပ်မှု၊ စုပေါင်းခေါင်း ဆောင်မှုစတဲ့ အချက်တွေပိုင်ဆိုင်နိုင်ရန် တစ်ကမ္ဘာလုံးကအသိ အမှတ်ပြုတဲ့ ဘောလုံးပြိုင်ပွဲကို ရွေးချယ်ကျင်းပရတာဖြစ်တယ်” ဟု ပြောသည်။

    ပါဝင်ယှဉ်ပြိုင်သော ဘောလုံးအသင်များ(IMNA)
    ထို့အပြင် နယ်စပ်ရှိလူငယ်များမူယစ်ဆေးဝါးသုံးစွဲမှု လျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ အားကစားဘက်သို့အာရုံထား စိတ်ဝင်စားမှုရှိလာစေရန် ဂျပန်ရေတွင်းရွာ၌ နှစ်စဉ်ဘောလုံးပွဲ ကျင်းပလေ့ရှိခဲ့သည်။

    ၆၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို ၂၀ဝ၉ ခုနှစ်တွင် ဂျပန်ရေတွင်းကျေးရွာ၌ နောက်ဆုံးကျင်းပခဲ့ပြီး ၂၀၁၀-၁၁ ခုနှစ် မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲမှု ပျက်ပြယ်ခဲ့ချိန်တွင် အသွားအလာခက်ခဲ့သည့် ဗလဲ့ဒွန်ဖိုက်ရွာသို့ ပြောင်းရွေ့ကျင်းပခဲ့သည်။

    သို့ရာတွင် ယခုအခါအပစ်ရပ်စဲသည့်ကာလပြန်လည်တည်ဆောက်နိုင်သဖြင့် မွန်လူထုများရှိရာ ဂျပန်ရေတွင်းရွာတွင် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

    မွန်မြန်မာပြက္ခဒိန်အရ နှစ်စဉ်ဝါခေါင်လပြည့်သည် မွန်တော်လှန်ရေးနေ့ဖြစ်ပြီး ယခုနှစ်တွင် စက်တင် ဘာလ(၁) ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts