spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူနယ်စပ် ဈေးရောင်းပွဲတော် စတင်ဖွင့်လှစ်

    ဘုရားသုံးဆူနယ်စပ် ဈေးရောင်းပွဲတော် စတင်ဖွင့်လှစ်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ယနေ့ မနက်ပိုင်း ထိုင်းနိုင်ငံစံတော်ချိန် (၉) နာရီခွဲခန့် တွင် ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင်ဝန် ‘မစ္စတာ ချိုင်းဝပ် လာန်ဝမ်မဖက်’ မှ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကျ ဖြစ်သည့် နယ်စပ်ဈေးရောင်းပွဲတော်ကို ဖွင့်လှစ်ကာ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ ကုန်စည်များကို သြဂုတ်လ (၂၂) ရက်နေ့ မှ (၂၄) ရက်နေ့ အထိ ဆိုင်ခန်း (၈၀) ခန့် ဖြင့် ရောင်းချသွားမည် ဖြစ်ပေသည်။

    ထိုင်းအာဏာပိုင်နှင့် မြန်မာအာဏာပိုင်တွင် အခမ်းအနားတွင် အတူတကွ ဓာတ်ပုံရိုက်နေပုံ။
    အခမ်အနားသို့ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် ဆန်ခလပူရီမြို့ နယ်မှ အာဏာပိုင်များ၊ မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့ မှ အာဏာပိုင်များ၊ မြန်မာနိုင်ငံမှ ထိုင်းဘက်ကမ်း စက်ရုံများတွင် အလုပ်လုပ်နေသည့် အလုပ်သမားများ၊ ထိုင်းနိုင်ငံမှ ဈေးရောင်းပွဲတော်သည် နှစ်နိုင်ငံအကြား နယ်စပ်ဒေသ ရောင်းဝယ်မှုအားကို မြှင့်တင်ပေးပြီး အခြားတဖက်တွင် နယ်စပ်ဒေသ၌ ရင်းနှီးမြှပ်နှံမှု ပြုလုပ်ရေး၊ အလုပ်အကိုင်များကိုလည်း ဖန်တီးပေးနိုင်မည်ဟု အခမ်းအနားအား ကျင်းပပေးသည့် ‘ကန်ချနပူရီခရိုင် ကုန်သည်ကြီးများအသင်း’ မှ အခမ်းအနားမှုးမှ ဈေးရောင်းပွဲတော်၏ ရည်ရွယ်ချက်ကို ပြောပြပါသည်။

    ကန်ချနပူရီခရိုင်ဝန် ‘မစ္စတာ ချိုင်းဝပ် လာန်ဝမ်မဖက်’ မှ အခမ်းအနား ဖွင့်လှစ်သည့်အခါ "ကျနော် ကန်ချနပူရီခရိုင်ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ခြင်း ကီလိုမီတာ (၃၀ဝ) လောက် ထိစပ်နေပါတယ်၊ အဓိ်ကနယ်စပ်ဖြတ်ကျော်တဲ့ နယ်ခြားလမ်းကြောင်း (၆) နေရာလောက် ရှိသော်လည်း ဖူးနန်းရောင်း နဲ့ ဘုရားသုံးဆူ နယ်ခြားလမ်းကတော့ အရေးပါဆုံးဖြစ်တယ်" ဟု ၄င်း၏ မိန့် ခွန်းတွင် ပြောကြားကာ ဘုရားဆုံးဆူနယ်ခြားလမ်းကြောင်း တရားဝင် ကုန်စည်ရောင်းဝယ်သည့် နယ်ခြားဖြစ်လာရန် မိမိအနေဖြင့် ကြိုးစားသွားမည်ဟု ပြောကြားသွားပေသည်။

    မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား အဓိကတရားဝင် နယ်ခြားဖြတ်ကျော်ဂိတ်များကို ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်-မြဝတီ၊ မဲဆိုင်-တာချီလိတ်နယ်စပ်ဂိတ်၊ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်များကို ဖွင့်လှစ်ထားသော်လည်း ဘုရားသုံးဆူ နယ်စပ်ဂိတ်ကား တရားဝင် မဖြစ်သေးပေ။

    သို့ ရာတွင် ဘုရားသုံးဆူနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းတွင် စက်ရုံ အလုပ်ရုံများ ထားရှိပြီး မြန်မာနိုင်ငံမှ အလုပ်သမား (၄၀ဝ၀) နီးပါး နေ့ စဉ် လာရောက် လုပ်ကိုင်နေပေသည်။

    ဈေးရောင်းပွဲတော်သို့ ဝင်ရောက်သွားသည့် မြန်မာနိုင်ငံသားများ
    နယ်စပ်ရှိ ထိုင်းကုန်သည်တဦးက ပြောကြားရာတွင် "အကယ်လို့ ဒီနယ်စပ်ဒေသဟာ တရားဝင်နယ်စပ် ဖြစ်မယ်ဆိုယင် ကုန်စည်ရောင်းဝယ်မှုတွေ ကောင်းလာမယ်၊ ထုတ်ကုန်/ သွင်းကုန်တွေ များလာမယ်၊ အလုပ်အကိုင်တွေလည်း ပေါလာမှာပေါ့ " ပြောကြားခဲ့သည်။
    လွန်ခဲ့သည့် ဇွန်လ တတိယအပတ်တွင် သမတဦးသိန်းစိန်မှ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရန်နှင့် ကန်ချနပူရီခရိုင် ဖူးနန်းရောင်း နယ်စပ်မှ ထားဝယ်မြို့ အထိ လမ်းဖောက်ရန် ထိုနယ်စပ်လမ်းကို ယာယီတရားဝင် ဖွင့်လှစ်ရန် သဘောတူညီခဲ့ပေသည်။

    ဘုရားသုံးဆူနယ်စပ်ဒေသတွင် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလတွင် အခြေအနေ တည်ငြိမ်မှု မရှိသော်လည်း လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းကာလတွင် သမတဦးသိန်းစိန်အစိုးရမှ မွန်၊ ကရင် တိုင်းရင်းသားတော်လှန်းရေးအဖွဲ့ အစည်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးသည့်နောက်ပိုင်း အခြေအနေတည်ငြိမ် အေးချမ်းလာပေသည်။

    ဘုရားသုံးဆူမြို့ ကရင်အမျိုးသားအစည်းအရုံး ကေအင်ယူ ရုံးဖွင့်သည့် အခမ်းအနားတွင် ဘုရားသုံးဆူမှ သံဖြူဇရပ်မြို့ အထိ ကားလမ်း ရထားလမ်း ဖွင့်လှစ်ရန် စီမံကိန်းချ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks