spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းနှစ်ပါတီပုံမှန်အစည်းအဝေးသို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမလာရောက်

    နှစ်ပါတီပုံမှန်အစည်းအဝေးသို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမလာရောက်

    -

    ဂျူရီချိုင်း – မွန်ဒီမိုကရေစီပါတီMDPနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီAMDP တို့ နှစ်ပါတီပေါင်းစည်းရေး သဘောတူညီချက်အရ တစ်လတစ်ကြိမ်ပြုလုပ်လေ့ရှိသည့် ပုံမှန်အစည်းအဝေးသို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်များ ယမန်နေ့တွင် မလာရောက်ကြောင်း သိရသည်။

    အထင်ကရမွန်ဆရာတော်တစ်ပါးက AMDPနှင့် MDP ဥက္ကဌနှစ်ဦးအား ဆုံးမသြဝါဒမြွက်ကြားစဉ်(22/7/2012)
    ယခုလအတွက်နှစ်ပါတီညှိနှိုင်းရေးအစည်းအဝေးကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ စောင်းတန်းဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့သြဂုတ်လ ၁၂ ရက်နေ့တွင်ကျင်းပရန် မွန်သံဃာတော်များက ကြိုတင်ရက်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

    နှစ်ပါတီပေါင်းစည်းရေးကိုယ်စားလှယ် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဒုဥက္ကဌနိုင်လှအောင်နှင့် ဗဟိုရုံးတာဝန်ခံ နိုင်စံတင်တို့အား IMNA ကဖုန်းဆက်မေးမြန်းခဲ့သော်လည်း လုံးဝအဆက်အသွယ်မရခဲ့ပေ။

    မွန်ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်က “အစည်းအဝေးပြုလုပ်ဖို့ကို ညှိနှိုင်းရေးအဖွဲ့ သံဃာတော်တွေက အသေအချာဖိတ်ထားတယ်၊ ဒါပေမယ့် AMDP ဘက်က မရောက်လာကြဘူး၊ ဘာကြောင့်လဲတော့မသိဘူး၊ အဲတော့ကျနော်တို့ကအဆင်ပြေသလိုပဲ တက်ရောက်လာကြတဲ့ ဒေသခံတွေကို နှစ်ပါတီပေါင်းစည်းရေးအကြောင်းတွေ ရှင်းပြလိုက်တဲ့ သဘောမျိုးပဲဖြစ်သွားတယ်” ဟု ပြောသည်။

    မွန်ဒီမိုကရေစီပါတီမှ ညှိနှိုင်းရေးအဖွဲ့ဝင် ၈ ဦးလာရောက်ခဲ့ပြီး မွန်ရဟန်းပျိုများညှိနှိုင်းရေးအဖွဲ့မှ သံဃာတော် ၁၀ ပါးနှင့် လမိုင်းမြို့နယ်ခွဲရှိ စိတ်ပါဝင်စားသူဒေသခံများ ၄၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်ဟု တက်ရောက်လေ့လာခဲ့သူတစ်ဦးဖြစ်သူ နိုင်ချမ်းအိုင်းမွန်က ပြောသည်။

    ထို့အတူ လမိုင်းမြို့နယ်ခွဲမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်အချို့လည်း တက်ရောက်နားထောင်ခဲ့သည်ဟု သူကဆက်ပြောသည်။

    နှစ်ပါတီပေါင်းစည်းပြီးမှသာ မွန်ဒီမိုကရေစီပါတီဝင်အနေဖြင့် ကျေးရွာများတွင်ပါတီရုံး ဖွင့်လှစ်သွားရန်နှင့် ပါတီဝင်အင်အားစုဆောင်းခြင်းတို့ကို ပြုလုပ်စေလိုကြောင်း အစည်းအဝေးတက်ရောက်လာကြသည့် ဒေသခံများက MDP ပါတီကို ပန်ကြားခဲ့သည်။

    “နှစ်ပါတီကြားမှာ ရွာသားတွေအချင်းချင်းသွေးမကွဲကြဖို့ပါ၊ ရွာမှာ မွန်ဒီမိုရုံးဖွင့်တာ၊ ပါတီအင်အားစာရင်းဖြည့်တာတွေခဏ ဆိုင်းငံ့ထားပေးပါ၊ ပါတီဝင်မှတ်ပုံတင်အင်အားတစ်ထောင်ဖြည့်ဖို့ ရွာတစ်ရွာကို ပါတီဝင်အင်အား ၅ ယောက်စီကျနော်တို့ထည့်ပေးမယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ လမိုင်းမြို့နယ်ခွဲဒေသခံတစ်ဦးက ပြောသည်။

    မွန်ဒီမိုကရေစီပါတီ(MDP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိ်ုကရေစီပါတီ(AMDP)တို့သည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးထား၍ နှစ်ပါတီပူးပေါင်းရန် အချက်(၄) ချက်ပါ သဘောတူညီချက်ကို ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ သာသနာ ၂၅၀ဝ ဘုန်းတော်ကြီးကျောင်း၌ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

    သဘောတူလက်မှတ်ရေးထိုးထားချက်အရ တစ်လတစ်ကြိမ် မွန်မြန်မာလကုန်ရက်နှင့်နီးကပ်သည့် တနင်္ဂနွေနေ့များတွင် မွန်ရဟန်းပျိုညှိနှိုင်းရေးအဖွဲ့ သတ်မှတ်ဖိတ်ကြားသည့်နေရာများ၌ နှစ်ပါတီညှိနှိုင်းအစည်းအဝေးပွဲများကို ပြုလုပ်သွားရန် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks