spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူတွင် ၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကျင်းပ

    ဘုရားသုံးဆူတွင် ၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကျင်းပ

    -

    ဂျူရီချိုင်း – ၁၉၈၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံး လူထုအုံကြွမှု ဒီမိုကရေစီအရေးတော်ပုံအား သတိရသည့် အနေဖြင့် ၂၄နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားတစ်ရပ်ကို ယနေ့နံနက်မှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

    ယင်းအခမ်းအနားကို ဘုရားသုံးဆူမြို့ အခြေစိုက် ၈၈ ကျောင်းသားဟောင်းများက ခေါင်းဆောင်၍ ကျဆုံးသွားသော ၈၈ အာဇာနည်ခေါင်းဆောင်များ၊ ရဟန်းသံဃာတော်များနှင့် ကျောင်းသားများ အား ရည်စူးပြီး တရားနာ ရေစက်ချ အမျှပေးဝေခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဘုရားသုံးဆူမြို့ အခြေချ NLD တာဝန်ခံအဖွဲ့ဝင် ၈၈ ကျောင်းသားဟောင်း ဦးသန်းလွင်က ပြောသည်။

    ၎င်းက “ကျဆုံးခဲ့တဲ့ အာဇာနည်ကျောင်းသားဟောင်းတွေကို ရည်းစူးပြီးတော့ ဆွမ်းကြွေးတဲ့အနေနဲ့ ကျနော်တို့ ဆွမ်းအုပ် တယောက်တစ်အုပ်စီ ယူလာခဲ့တယ် ဝတ္ထုငွေ တစ်ယောက် တစ်ရာကပ် တယ် တစ်ခါတည်း တရားနာကျတယ်” ဟု ပြောသည်။

    အခမ်းအနားကို နံနက် ၁၀ နာရီအချိန်တွင် ဘုရားသုံးဆူမြို့ ရပ်ကွက် ၃ ရှိ ဓမ္မဟေဝန် ဘုန်း တော်ကြီးကျောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

    အခမ်းအနားသို့ ဘုရားသုံးဆူမြို့မှ ၈၈ ကျောင်းသားဟောင်းများ၊ လက်ရှိမျိုးဆက်သစ် ကျောင်း သားများ၊ NLD ပါတီအဖွဲ့ဝင်တချို့နှင့် ရဲဝန်ထမ်းများ စုစုပေါင်း ၄၀ ကျော်ခန့် တက်ရောက် ခဲ့ကြသည်ဟု ဦးသန်းလွင်က ပြောသည်။

    ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနားကို ဘုရားသုံးဆူမြို့တွင် ပထမဆုံးအကြိမ် ကျင်းပ ခြင်းဖြစ်သည်။

    နှစ်ပေါင်း ၂၄ နှစ် ကြာခဲ့ပြီးနောက် ပြည်ထောင်စုအစိုးရမှ ခွင့်ပြုသည့် ပထမဆုံး ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို ရန်ကုန်၊ မန္တလေး၊ ထားဝယ်စသည့် မြို့နယ်အသီးသီးတို့တွင် ကျင်းပခဲ့ကြသည်ဟု ၈၈ မျိုးဆက်ကျောင်းသားဟောင်းများက ပြောသည်။

    ရှစ်လေးလုံးဒီမိုကရေစီအရေးအခင်းသည် ၁၉၆၂ ခုနှစ်မှ အုပ်ချူပ်ခဲ့သည့် တပါတီဆိုရှယ်လစ်အုပ်ချူပ်ရေးအား ရုတ်သိမ်းကာ ပါတီစုံဒီမိုကရေစီစနစ်ရရှိရေး အတွက် အဓိကထား တောင်းဆိုခဲ့သည်။ ထိုအရေးအခင်းအား မြန်မာနိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းသူ/သား များ အချိတ်အဆက်ညီညီဖြင့် ဆန္ဒပြပွဲအား ၁၉၈၈ ခုနှစ် ၈ လပိုင်း (သြဂုတ်လ) ၈ ရက်နေ့တွင် စတင်ခဲ့သောကြောင့် “၈၈၈၈” အရေးအခင်းဟု လူသိများ ထင်ရှား လာသည်။

    ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ အနှံ့ လူထု လူတန်းစား အသီးသီးက တပါတီအာဏာရှင် စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရှိသည့် မြန်မာနိုင်ငံပေါ် ပေါက်ရေး တောင်းဆိုဆန္ဒပြမှုသည် မြန်မာ့သမိုင်းတွင် အလွန်ပင် ထင်ရှားခဲ့သည်။

    ထိုစဉ်က စစ်တပ်က ရက်စက်စွာဖြိုခွင်း ပစ်ခတ်မှု၊ ဖမ်းဆီးမှုတို့ကြောင့် သေကြေ၊ ဒဏ်ရာရသူအများအပြား ကျောင်းသားပြည်သူ ၃၀ဝ၀ ကျော် သတ်ဖြတ်ခံရကြောင်း သတင်းဌာနများတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks