spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဂက်စ်ပိုက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့်အလုပ်သမားများ အလုပ်ပြန်ဆင်းကြပြီ

    ဂက်စ်ပိုက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့်အလုပ်သမားများ အလုပ်ပြန်ဆင်းကြပြီ

    -

    ဂျူရီချိုင်း – ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ဂက်စ်ပိုက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် မြန်မာအလုပ် သမား ၂၇ ဦးကို ယမန်နေ့က လုပ်ငန်းခွင်သို့ ပြန်ဝင်နေကြပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဖန်ငဒေသ အခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်ရေးအဖွဲ့ ကိုမိုးဝေက ပြောသည်။

    အလုပ်သမားများတောင်းဆိုထားသည့် ကုန်ကျသည့်ဆေးဝါးကုသစရိတ်များနှင့် အလုပ်မှ အနား ယူရသည့် အလုပ်နားရက်ကြေးကို အလုပ်ရှင်က လိုက်လျောပေး၍ လုပ်ငန်းခွင်သို့ ပြန်ဝင်နေကြ သည်ဟု ကိုမိုးဝေက ပြောသည်။

    ၎င်းက “ထိခိုက်ခံရတဲ့ အလုပ်သမားတွေအတွက် ဆေးဝါးကုသစရိတ်နဲ့ အလုပ်နားရက်ကြေးတွေ လုပ်ရှင်က အားလုံးပေးမယ်လို့ ပြောတော့ အလုပ်သမားတွေ အလုပ် စဆင်းနေကြပြီ” ဟု ပြော သည်။

    ယင်းအလုပ်သမားများသည် ယခုလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ပင်လယ်စာ ထုတ် လုပ်သည့် Andaman Seafood စက်ရုံမှ အအေးခန်း ဂက်စ်ပိုက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ကြသူများဖြစ်သည်။

    ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အလုပ်သမား (၂၇) ဦးအနက် ခြေ၊ လက်နှင့် ကျောပြင်များ၌ မီးလောင် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။

    စက်ရုံမှ အလုပ်လုပ်နေသည့် ထားဝယ်လူမျိုးအလုပ်သမားတစ်ဦးက ”အခု ကျနော်တို့ အလုပ်ပြန် ဆင်းနေကြပြီး ဆေးရုံမှာ အရေးပေါ် ကုသနေတဲ့သူတွေလည်း ဆင်းလာကုန်ပြီ ” ဟု ပြောသည်။

    ထိုစက်ရုံတွင် မြန်မာအလုပ်သမား (၃၀ဝ၀) ကျော်ရှိပြီး တရက်လျှင် (၂၀ဝ) ဘတ်နှင့် အချိန်ပိုကြေး တနာရီလျှင် (၃၀) ဘတ်ရရှိကြသည်။

    Andaman Seafood စက်ရုံတွင် ပင်လယ်စာများဖြစ်သည့် ငါးနှင့် ပုဇွန်များကို ထုပ်ပိုးပြီး နိုင်ငံခြား သို့ တင်ပို့ရောင်းချကြသည်။

    ဆက်စပ်သတင်း

    1 COMMENT

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks