spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဂက်စ်ပေါက်မှုကြောင့် ဒဏ်ရာရရှိသည့်မြန်မာအလုပ်သမားများကို အလုပ်ရှင်ကတာဝန်ယူပေးမည်

    ဂက်စ်ပေါက်မှုကြောင့် ဒဏ်ရာရရှိသည့်မြန်မာအလုပ်သမားများကို အလုပ်ရှင်ကတာဝန်ယူပေးမည်

    -

    ဂျူရီချိုင်း – ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ဂက်စ်ပိုက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် မြန်မာအလုပ် သမား ၂၇ ဦကို ထိုင်းအလုပ်ရှင်က တာဝန်ယူပေးမည်ဟု အလုပ်အမားအရေး ဆောင်ရွက်ရေး အဖွဲ့က ပြောသည်။

    ယင်းအလုပ်သမားများသည် ယခုလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ပင်လယ်စာ ထုတ်လုပ်သည့် Andaman Seafood စက်ရုံမှ အအေးခန်း ဂက်စ်ပိုက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြသူများဖြစ်သည်။

    ယင်း အလုပ်သမားများအား ကုန်ကျသည့်ဆေးဝါးကုသစရိတ်များကို အလုပ်ရှင်က တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ထိုင်းနိုင်ငံ ဖန်ငဒေသအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက် ရေးအဖွဲ့မှ ကိုမိုးဝေက ပြောသည်။

    ၎င်းက “အလုပ်သမားတွေရဲ့ ကုသစရိတ်တွေ အလုပ်ရှင်က တာဝန်ပေးမယ်လို့ပြောတယ်၊ နောက် ဂက်စ်ပေါက်ပြီးတော့ (အလုပ်)နားရက်ရဲ့ နေ့ကြေးတွေ အလုပ်သမားတွေ လိုချင်နေကြတယ်။ နေ့ကြေးအတွက်တော့ အလုပ်ရှင်ကဘာမှမပြောသေးဘူး” ဟု ပြောသည်။

    ထိခိုက်ဒဏ်ရာရမှုကြောင့် အလုပ်မှ အနားယူရသည့် အလုပ်နားရက်ကြေးကို အလုပ်ရှင်က မပေးပါက အလုပ်သမားများနှင့် မြန်မာအလုပ်သမားအရေးကူညီပေးသည့်အဖွဲ့များပူးပေါင်းပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ တင်ပြမည်ဟု ကိုမိုးဝေကပြောသည်။

    ဒဏ်ရာရရှိခဲ့သော အလုပ်သမား(၂၇) ဦးအနက် ခြေ၊ လက်နှင့် ကျောပြင်များ၌ မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည် လူနာများထဲမှ နှစ်ဦးမှာ ရနောင်းမြို့ဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက်ခံယူနေဆဲဖြစ်သည်။

    ပင်လယ်စာများဖြစ်သည့် ငါးနှင့် ပုဇွန်များကို ထုပ်ပိုးပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချသည့် Andaman Seafood စက်ရုံတွင် မြန်မာအလုပ်သမား (၃,ဝ၀ဝ) ကျော်ရှိပြီး တရက်လျှင် ထိုင်းငွေ (၂၀ဝ) ဘတ်နှင့် အချိန်ပိုကြေး တနာရီလျှင် (၃၀) ဘတ် ရရှိကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks